ကျောက်ဖြူအထူးစီပွားရေးဇုန်သတ်မှတ်ပေးဖို့ အစိုးရရဲ့တင်ပြထားချက်ကို ပြည်ထောင်စု လွှတ်တော်က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အတည်ပြုပေးလိုက် ပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်လို့ ဒေသခံ လွှတ်တော်အမတ် တွေက ကန့်ကွက်ခဲ့ကြပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲများတဲ့အတွက် စီမံကိန်းဟာ အတည်ဖြစ်သွားတာပါ။
အခုလို အတည်ဖြစ်သွားတဲ့အပေါ် မြေပုံမြို့နယ် ပည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဖေသန်း “လွတ်တော်က အတည်ပြုတယ်ဆိုတာက အမှန်က ဒီနေ့ ကျနော်တို့ဆွေးနွေးနေတာက အောက်ခြေမှာ သူတို့တောင်းနဲ့ မြေနဲ့ပတ် သက်ပြီးတော့ ခွင့်ပြုတာ။ မြေနယ်နိမိတ်ကို အတည်ပြုပေးဖို့ သူတို့အမှန်က ခွင့်ပြုချက်တောင်းတာ။ ဒါကို ကျနော်တို့ ဆွေးနွေးတဲ့အခါမှာ မြေနယ်နိမိတ် ကို အလျင်စလို အတည်မပြုပေးဖို့ ဆွေးနွေးတာ။ လွှတ်တော်ဥက္ကဋ္ဌက အဲဒါတွေကို ပြန်ပြီးချုံငုံသုံးသပ်ပြီးတော့ ပြောတဲ့အခါမှာ ဒီစီမံကိန်းကို လုပ်သင့်မလုပ်သင့် ကျနော်တို့က လုပ်သင့်တယ်လို့ ပြောတယ်။ ဒါပေမယ့် အချိန်နည်းနည်းဆွဲပြီး အလျင်စလိုမလုပ်ဖို့၊ အောက်ခြေမှာ ပြဿနာတွေရှိ တယ်။
လူထုမကျေနပ်တဲ့ အသံတွေရှိတယ်။ အဲဒါမျိုးကို ရှင်းပြီးမှလုပ်ပါလို့ပြောတာ။ ဒါပေမယ့် လွှတ်တော်ဥက္ကဋ္ဌက မဲခွဲတဲ့အခါမှာ ဒီအထူးစီးပွားရေးဇုန် စီမံကိန်းကို လုပ်သင့်မလုပ်သင့်ဆိုပြီး တော့ မဲခွဲသွားတယ်ဗျာ။ အဲဒီအပေါ် မှာတော့ နည်းနည်း မကျေနပ်ဘူး။ ခံစားရတယ်” လို့ ပြောပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မီတီဥက္ကဋ္ဌ ဦးမြင့်သိန်းက မြေနယ်နိမိတ်သတ်မှတ်ထားတာကို အတည်ပြုပေးဖို့ လွှတ်တော်မှာ လာရောက်တောင်းဆိုခဲ့တဲ့အပေါ်မှာ ဒီကနေ့ ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါ တယ်။
ကျောက်ဖြုအထူးစီပွားရေးဇုန် စီမံကိန်းဟာ မြေဧက ၄ ထောင်ကျော် ကျယ်ဝန်းပြီး ရေနက်ဆိပ်ကမ်း နှစ်ခုနဲ့ စက်မှု ဇုန်စီမံကိန်းနဲ့ အဆင့်မြင့် အိမ်ရာစီမံကိန်းတွေ ပါဝင်ပြီး အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် အကုန်ကျခံမယ်လို့ သိရပါတယ်။
DVB
No comments:
Post a Comment