Wednesday, December 30, 2015

တဦးချင်စီ ၀န်ကြီးဖြစ်ရေးထက် NLD အစိုးရအဖွဲ့ကို လက်တွဲပူးပေါင်း ဆောင်ရွက်ရန် လိုလားဟု ဦးအေးသာအောင် ပြော


တဦးချင်စီ ၀န်ကြီးဖြစ်ရေးထက် NLD အစိုးရအဖွဲ့ကို လက်တွဲပူးပေါင်းဆောင် ရွက်ရန် လိုလားကြောင်း ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ရုံးတွင် ဒီဇင်ဘာ ၂၉ရက်နေ့က ပြုလုပ်သော UNA ထိပ်သီးခေါင်းဆောင်များဆွေး နွေးပွဲ (၂၀၁၅) အခမ်းအနားမှ သိရသည်။
“တဦးချင်းတယောက်ချင်း ၀န်ကြီးဖြစ်ရေးထက် UNAမူရှိတယ်။ ပြည်ထောင် စုအရေး တိုင်းရေးသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဒါတွေကို အဓိက ထားပြီးတော့ လက်တွဲပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒက ပိုများတယ်”ဟု UNA အဖွဲ့ နာယက ဦးအေးသာအောင် က ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ဆက်သွယ်ဆက်ဆံရေး ကိစ္စကို အဓိကထားကာ ဆွေးနွေး အတည်ပြုခဲ့ပြီး NLDအစိုးရအဖွဲ့တွင် တိုင်းရင်းသားများအား ပူးပေါင်းဆောင် ရွက်ရန် ကမ်းလှမ်းလာပါက တဦးချင်းဖြစ်စေ ခေါ်ယူတွေ့ဆုံပါက UNA အဖွဲ့က ခွင့်ပြုကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ယင်းကဲ့သို့တွေ့ဆုံရာတွင် မိခင်ပါတီခွင့်ပြုချက်ဖြင့် သွားရောက်ရန် အဓိကဖြစ်ပြီး UNA အဖွဲ့အား အကြောင်းကြားရန်သာ လိုအပ်ကြောင်း ဦးအေးသာအောင်ကပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၊ရခိုင်အမျိုးသားပါတီ ANP၊ ဇိုမီးဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ကယန်းအမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ကချင် အမျိုးသားများဒီမိုကရေစီကွန်ဂရက်နှင့်ကရင်အမျိုးသားပါတီ စသည့် တိုင်းရင်းသားပါတီ (၇) ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List