Tuesday, December 29, 2015

ဦးခွန်ဂျာလီအမှုကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲချက်တင်


လှိုင်မြို့နယ်တရားရုံး တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံကိုခြေဖြင့်နင်းကာ လူမှုကွန်ရက် စာမျက်နှာ၌ ဖြန့် ဝေခဲ့သူဟု စွပ်စွဲခံရသူဦးခွန်ဂျာလီ ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲချက်တင်ခဲ့ကြောင်း လှိုင်မြို့နယ်တရားရုံး တာဝန်ရှိသူ တစ်ဦးကပြောသည်။
ဒီဇင်ဘာ ၂၈ရက် နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ ဦး ခွန်ဂျာလီကို စစ်ဆေးခဲ့ပြီး ကျန်း မာရေးအာမခံလျှောက်ထားမှုအ တွက် လှိုင်မြို့နယ်ဒေသန္တရဆေး ခန်းမှ လက်ထောက်ဆရာဝန်က တရားရုံးတွင်လာရောက်ထွက်ဆို ပေးခဲ့သည်ဟု ဇနီးဖြစ်သူဒေါ်မေ စံပယ်ဖြူကပြောသည်။

‘‘သူ့မှာ ပန်းနာရင်ကျပ်ရော ဂါရှိလို့ တရားရုံးမှာ အာမခံ တောင်းထားတာ မရသေးဘူး။ နောက်ပြီး ဆီးချို၊ သွေးတိုးလည်း ရှိတယ်။ ထောင်ကျနေတဲ့အခါကျ တော့ ဆေးဝါးကုသမှုမရရှိရင်ကျန်းမာရေးအရ ဒုက္ခရောက်သွားနိုင်တယ်။ နောက်ပြီး သူကလေတစ်ခါဖြတ်ထားဖူးပါတယ်’’ဟု ဒေါ်မေစံပယ်ဖြူကပြောသည်။

စွပ်စွဲခံထားရသူဦးခွန်ဂျာလီ ၏ ကျန်းမာရေးအခြေအနေအရ အာမခံအကြိမ်ကြိမ်လျှောက်ထား ခဲ့သော်လည်း မြို့နယ်တရားသူ ကြီးက ပယ်ချခဲ့ပြီး လာမည့်ဇန်န ၀ါရီ ၁ရက်တွင် အာမခံပေးသင့်၊ မပေးသင့်ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းဦးခွန်ဂျာလီ၏ အမှုကို လိုက်ပါဆောင်ရွက်နေသူရှေ့နေက ပြောသည်။

‘‘ဒီနေ့စစ်တာကတော့ ဦးခွန် ဂျာလီတစ်ယောက်တည်းကို စစ် တာ။ အမှုမှာ သူလက်မှတ်ထိုး ပေးလိုက်တဲ့စာရွက်နဲ့ တရားရုံး ရောက်နေတဲ့ စာရွက်တွေမှာ ကွဲ လွဲနေတာတွေရှိပါတယ်။ သူက တော့ ဒီကိစ္စသူမလုပ်ဘူးလို့ထွက် ဆိုပြီးသားပါ။ အာမခံအတွက်က ဇန်န၀ါရီ ၁ရက် ရုံးချိန်းမှသိရပါ မယ်’’ဟု ၎င်းက ပြောသည်။

လှိုင်မြို့နယ် (၁၀)ရပ်ကွက် တွင် နေထိုင်သူဦးခွန်ဂျာလီကို ကာချုပ်ဓာတ်ပုံအား ခြေဖြင့်နင်း ထားသည့်ပုံကို လူမှုကွန်ရက်စာ မျက်နှာပေါ် ဖြန့်ဝေခဲ့သည်ဟုဆို ကာ အောက်တိုဘာ ၁၄ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှအရာ ရှိတစ်ဦးက တရားလိုပြုလုပ်တိုင် ကြားခဲ့သဖြင့် လှိုင်မြို့နယ်တရား ရုံးတွင် တရားရင်ဆိုင်နေရသည်။

7Day News Journal

No comments:

Post a Comment

My Blog List