Monday, December 28, 2015

တပ်ချုပ်ဝတ်စုံကို ထဘီနှင့် နှိုင်းယှဉ်ရေးသားသူ မချောစန္ဒီထွန်းကို ထောင်ဒဏ်ခြောက်လချမှတ်


ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ အရ တရားစွဲဆိုခံထားရသည့် မချောစန္ဒီထွန်း ခေါ်ချစ်သမီးကို ဒီဇင်ဘာ ၂၈ ရက်က အပြီးသတ်အမိန့်ချ မှတ်ရာ ထောင်ဒဏ် ခြောက်လကျခံစေခဲ့ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံ စားခွင့်ပြုခဲ့ကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် The Ladies သို့ပြောသည်။
“မချောစန္ဒီထွန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ အရ ထောင်ဒဏ် ခြောက်လချမှတ်ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုတယ်။ ကျန်တဲ့ ရက်ကသုံးလကျော်ကျော် ပဲကျန်တော့ အယူခံဝင်မယ်ဆို ခရိုင်တက်ရ တာတွေဘာတွေနဲ့ ဆိုတော့သူ့မိသားစုဝင်တွေဘယ်လိုဆက်လုပ်ချင်လဲ ဆိုတာမေးရပါဦးမယ်”ဟုဦးရောဘတ်စန်းအောင်က The Ladies သို့ပြော သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၀တ်ဆင် ထားသော ယူနီဖောင်းသည်ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ထားသည့် ထဘီအရောင်နှင့် ဆင်တူသည်ဟုလူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင်းမချောစန္ဒီထွန်းကို တပ်မတော် ကိုယ်စား ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီးအရာရှိ ဒုတိယ ဗိုလ်မှူးကြီးကျော်ထင်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မအူပင်နည်းပညာတက္ကသိုလ်မှ B.Tech(EC)ဖြင့် ဘွဲ့ရထားသူမချောစန္ဒီ ထွန်းသည်မအူပင်ခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီးဖေဖော်ဝါရီလအတွင်းကပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်စစ်ကြောင်း တွင်လိုက်ပါ၍ အမျိုးသားပညာရေးဥပဒေကိုဆန့်ကျင်ကန့်ကွက်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင်ကျောင်းသားသမဂ္ဂမှ နုတ်ထွက်၍ မအူပင်မြို့နယ် NLD ပါတီသို့ဝင်ရောက်ကာပါတီအောင်နိုင် ရေးလုပ်ငန်းများ ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့သူဖြစ်ကြောင်းသိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
Photo- Free Miss Chaw sandi htun

No comments:

Post a Comment

My Blog List