Friday, August 16, 2013

ဝီကီလိခ်စ် သတင်း ပေါက်ကြားစေခဲ့သည့် တပ်သား မန်းနင်း အမေရိကန်ပြည်ထောင်စုကို တောင်းပန်

Friday, August 16, 2013
လျှို့ဝှက်သတင်းအချက်အလက်များကိုဝီကီလိခ်စ်ဝက်ဘ်ဆိုက်သို့ပေးပို့ခဲ့မိသည့်အတွက်အမေရိကန်ပြည်ထောင် စုအကျိုးစီးပွားများထိခိုက်ခဲ့ရပြီး ယင်းအတွက်တောင်းပန်သည်ဟု အမေရိကန်တပ်သား ဘရတ်ဒလေ မန်းနင်းက ပထမဆုံးအကြိမ် ဝန်ခံ ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
“ကျွန်တော့် လုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ပြည်သူတွေ ထိခိုက်ခဲ့ရပါတယ်” ဟု စစ်တပ် တရားသူကြီး ဗိုလ်မှူးကြီး ဒီမီစီလင်းကို မန်းနင်းက ဝန်ခံ ပြောကြားလိုက်သည်။
သို့သော်လည်းအမေရိကန်စစ်ဘက်တရားရေးစနစ်၏ပြင်းထန်သော ဖိအားများကြောင့် မန်းနင်း တောင်းပန် ခဲ့ရခြင်း ဖြစ်ကြောင်း ဝီကီလိခ်စ် ဝက်ဘ်ဆိုက်က သတင်း ထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စု၏လျှို့ဝှက်တိုက်ပွဲသတင်းများနှင့်သံတမန်ရေးရာအချက်အလတ်များကို ပေါက်ကြားစေ ခဲ့မှုဖြင့် ပြီးခဲ့သည့် လအတွင်း မန်းနင်းကို အပြစ်ရှိကြောင်း အမိန့် ချမှတ်ခဲ့သည်။

Photo: ဝီကီလိခ်စ် သတင်း ပေါက်ကြားစေခဲ့သည့် တပ်သား မန်းနင်း အမေရိကန်ပြည်ထောင်စုကို တောင်းပန်
Friday, August 16, 2013 

လျှို့ဝှက် သတင်း အချက်အလက်များကို ဝီကီလိခ်စ် ဝက်ဘ်ဆိုက်သို့ ပေးပို့ ခဲ့မိသည့်အတွက် အမေရိကန်ပြည်ထောင်စု အကျိုးစီးပွားများ ထိခိုက်ခဲ့ရပြီး ယင်းအတွက် တောင်းပန်သည်ဟု အမေရိကန်တပ်သား ဘရတ်ဒလေ မန်းနင်းက ပထမဆုံးအကြိမ် ဝန်ခံ ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

“ကျွန်တော့် လုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ပြည်သူတွေ ထိခိုက်ခဲ့ရပါတယ်” ဟု စစ်တပ် တရားသူကြီး ဗိုလ်မှူးကြီး ဒီမီစီလင်းကို မန်းနင်းက ဝန်ခံ ပြောကြားလိုက်သည်။

သို့သော်လည်း အမေရိကန် စစ်ဘက် တရားရေးစနစ်၏ ပြင်းထန်သော ဖိအားများကြောင့် မန်းနင်း တောင်းပန်ခဲ့ရခြင်း ဖြစ်ကြောင်း ဝီကီလိခ်စ် ဝက်ဘ်ဆိုက်က သတင်း ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စု၏ လျှို့ဝှက် တိုက်ပွဲ သတင်းများနှင့် သံတမန်ရေးရာ အချက်အလတ်များကို ပေါက်ကြားစေခဲ့မှုဖြင့် ပြီးခဲ့သည့် လအတွင်း မန်းနင်းကို အပြစ်ရှိကြောင်း အမိန့် ချမှတ်ခဲ့သည်။

အဆိုပါ ပြစ်မှုများကြောင့် ထောင်ဒဏ် နှစ် ၉၀ ထိ ချမှတ်ခံရနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး ၎င်း၏ လုပ်ဆောင်ချက်များအတွက် အပြစ်ပေးမှုများကို ရင်ဆိုင်ရန် အသင့် ရှိသည်ဟု မန်းနင်းက ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး မူဝါဒ၏ မျက်နှာဖုံးများကို မန်းနင်းက ခွာချပေး လိုက်ခြင်း ဖြစ်ပြီး ပြည်သူများကြား မူဝါဒရေးရာ ငြင်းခုံမှုများ ပေါ်ပေါက် လာအောင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းကို ထောက်ခံသူများက ခုခံ ပြောကြားခဲ့သော်လည်း လျှို့ဝှက်ချက်များ ပေါက်ကြားမှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင်များနှင့် တိုင်းပြည်အတွက် ဘေးအန္တရာယ် များ ပေါ်ပေါက်စေခဲ့သည်ဟု အစိုးရက ပြောကြားသည်။

သို့သော်လည်း အပြောင်းအလဲများ ပြုလုပ်ရန် မိမိအနေနှင့် စနစ်အတွင်း မှ နေ၍ ကြိုးပမ်းသင့်သည်ဟု လက်ခံ သဘောပေါက်လာကြောင်း မန်းနင်းက ဗုဒ္ဓဟူးနေ့က သတင်း ထုတ်ပြန်ရာတွင် ထည့်သွင်း ပြောကြား လိုက်သည်။

မန်နင်း၏ ခံစားချက်ပိုင်းတွင် ပုံမှန် မဟုတ်သည်များ ဖြစ်ပေါ်နေပြီး လိင်ပိုင်းဆိုင်ရာ ခံယူချက်နှင့် ပတ်သက်ပြီး အခက်အခဲ များ ပေါ်ပေါက်နေကြောင်း စစ်ဘက် စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူများ က ပြောကြားသည်။

“အဲဒီ အချိန်တုန်းက တပ်မတော်က ဂေး အသိုင်းအဝိုင်းအပေါ် နွေးထွေးမှု မရှိဘူး” ဟု စစ်တပ် စိတ်ပညာရှင် ဗိုလ်ကြီး ဝေါလေးက ပြောကြားသည်။

မန်းနင်း၌ လိင်ပိုင်းဆိုင်ရာ မူမမှန် ရောဂါများ ရရှိနေပြီး ပွင့်ပွင့်လင်းလင်းနှင့် ယောက်ျား အများစု ကြီးစိုးထားသည့် စစ်တပ် အသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေမရှိ ဖြစ်ခဲ့သည်ဟု ဗိုလ်ကြီးဝေါလေးက မှတ်ချက်ပြုသည်။

ထို့ကြောင့် မန်းနင်း အနေနှင့် မိမိကိုယ်ကို အလွန်အကျွံ ဝေဖန် သုံးသပ်နေ ခဲ့ပြီး အလုပ်များကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခြင်း မရှိဟု အမြဲ ယူဆခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် မန်းနင်း၌ ယုံကြည်ရသည့် တိုင်ပင်ဖော် တိုင်ပင်ဖက် မိတ်ဆွေ မရှိသလို ငယ်စဉ်ကတည်းက အရက်သမား မိသားစုတွင် မွေးဖွား ကြီးပြင်း လာရပြီး လူမှုရေး အသိုင်းအဝိုင်း ကျဉ်းမြောင်းကြောင်း စစ်တပ် ရာဇဝတ်မှုနှင့် စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူ ဒေးဗစ်က ပြောကြားသည်။

ထို့ကြောင့် ဘဝ၌ ကြီးမြတ်သော အရာတစ်ခုခု ပြုလုပ်ပေးရန် မန်းနင်းက အမြဲ လိုလား တောင့်တနေပြီး လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်းဖြင့် ကမ္ဘာကြီးအတွက် အပြောင်းအလဲများ ပေါ်ထွန်းလာနိုင်မည်ဟု ထင်မြင် ယူဆခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

အဆိုပါ ပြစ်မှုများကြောင့် ထောင်ဒဏ် နှစ် ၉၀ ထိ ချမှတ်ခံရနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး ၎င်း၏လုပ်ဆောင်ချက်များအတွက်အပြစ်ပေးမှုများကိုရင်ဆိုင်ရန်အသင့်ရှိသည်ဟုမန်းနင်းက ပြောကြားသည်။
အမေရိကန် နိုင်ငံခြားရေး မူဝါဒ၏ မျက်နှာဖုံးများကို မန်းနင်းက ခွာချပေးလိုက်ခြင်း ဖြစ်ပြီး ပြည်သူများကြား မူဝါဒရေးရာ ငြင်းခုံမှုများ ပေါ်ပေါက် လာအောင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းကို ထောက်ခံသူများက ခုခံ ပြောကြားခဲ့သော်လည်း လျှို့ဝှက်ချက်များ ပေါက်ကြားမှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင်များနှင့် တိုင်းပြည်အတွက် ဘေးအန္တရာယ် များ ပေါ်ပေါက်စေခဲ့သည်ဟု အစိုးရက ပြောကြားသည်။
သို့သော်လည်း အပြောင်းအလဲများ ပြုလုပ်ရန် မိမိအနေနှင့် စနစ်အတွင်း မှ နေ၍ ကြိုးပမ်းသင့်သည်ဟု လက်ခံသဘောပေါက်လာကြောင်း မန်းနင်းက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ရာတွင်ထည့်သွင်း ပြောကြား လိုက်သည်။
မန်နင်း၏ ခံစားချက်ပိုင်းတွင် ပုံမှန် မဟုတ်သည်များ ဖြစ်ပေါ်နေပြီး လိင်ပိုင်းဆိုင်ရာ ခံယူချက်နှင့် ပတ်သက်ပြီး အခက်အခဲ များ ပေါ်ပေါက်နေကြောင်း စစ်ဘက် စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူများ က ပြောကြားသည်။
“အဲဒီ အချိန်တုန်းက တပ်မတော်က ဂေး အသိုင်းအဝိုင်းအပေါ် နွေးထွေးမှု မရှိဘူး” ဟု စစ်တပ်စိတ်ပညာ ရှင် ဗိုလ်ကြီး ဝေါလေးက ပြောကြားသည်။
မန်းနင်း၌ လိင်ပိုင်းဆိုင်ရာ မူမမှန် ရောဂါများ ရရှိနေပြီး ပွင့်ပွင့်လင်းလင်းနှင့် ယောက်ျား အများစု ကြီးစိုး ထားသည့် စစ်တပ်အသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေမရှိဖြစ်ခဲ့သည်ဟု ဗိုလ်ကြီးဝေါလေးက မှတ်ချက်ပြု သည်။ထို့ကြောင့် မန်းနင်း အနေနှင့် မိမိကိုယ်ကို အလွန်အကျွံ ဝေဖန် သုံးသပ်နေ ခဲ့ပြီး အလုပ်များ ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခြင်း မရှိဟု အမြဲ ယူဆခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ထို့အပြင် မန်းနင်း၌ ယုံကြည်ရသည့် တိုင်ပင်ဖော် တိုင်ပင်ဖက် မိတ်ဆွေ မရှိသလို ငယ်စဉ်ကတည်းက အရက်သမား မိသားစုတွင် မွေးဖွား ကြီးပြင်း လာရပြီး လူမှုရေး အသိုင်းအဝိုင်း ကျဉ်းမြောင်းကြောင်း စစ်တပ် ရာဇဝတ်မှုနှင့် စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူ ဒေးဗစ်က ပြောကြားသည်။
ထို့ကြောင့် ဘဝ၌ ကြီးမြတ်သော အရာတစ်ခုခု ပြုလုပ်ပေးရန် မန်းနင်းက အမြဲ လိုလား တောင့်တနေပြီး လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်းဖြင့် ကမ္ဘာကြီးအတွက် အပြောင်းအလဲများ ပေါ်ထွန်းလာနိုင်မည် ဟု ထင်မြင် ယူဆခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly

No comments:

Post a Comment

My Blog List