Wednesday, August 14, 2013

မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်လေးများကို သရဖူပေးအပ်ချီးမြှင့်


ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများဖြစ်သော Miss Supranational 2013 နှင့် Miss Grand International 2013 ပြုင်ပွဲကြီးများသို့ သွားရောက်ယှဉ်ပြိုင်မည့်မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်လေးများကို သရဖူပေးအပ်ချီးမြှင့်ခြင်းနှင့်စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့၊ မနက် ၁၀ နာရီတွင် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် ရွေးချယ်ထားသော Miss Supranational ပြိုင်ပွဲကြီးတွင် Belarus နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမည့် မခင်ဝင့်ဝါ နှင့် Miss
Grand International ပြိုင်ပွဲကြီးတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ သွားရောက်ယှဉ်ပြိုင်ရမည့် မထားထားထက်တို့အား မနန်းခင်ဇေယျာမှ သရဖူဆောင်းပေးခဲ့ပြီး ကိုဝေယံအောင်နှင့်ကိုဟန်ဇော်လတ်တို့က ဂုဏ်ပြုစလွယ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထူးထူး ၊ဓာတ်ပုံ - မင်းမင်းထွန်း
Popular Journal

No comments:

Post a Comment

My Blog List