Thursday, August 15, 2013

SEA Games မွေထိုင်းပြိုင်ပွဲ ဦးဆောင်အဖွဲ့ ညှိနှိုင်းရခက်

Thursday, August 15, 2013
SEA Games ပြိုင်ပွဲ ကျင်းပရန် ၁၁၈ ရက်သာ ကျန်ရှိချိန်ထိ မွေထိုင်း အားကစားနည်းကို ဦးဆောင် ကျင်းပ မည့်အဖွဲ့ကိုဆီဒိုးနားဟိုတယ်တွင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်းအတည်မပြုနိုင်သေးကြောင်း မြန်မာနိုင်ငံ မွေ ထိုင်း အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ ထည့်သွင်း ကျင်းပမည့် မွေထိုင်း အားကစားနည်း ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၊ နိုင်ငံတကာ မွေထိုင်း အဖွဲ့ချုပ်၊ အာရှ မွေထိုင်း အဖွဲ့ချုပ်နှင့် ပြိုင်ပွဲဝင် ရှစ်နိုင်ငံက မွေထိုင်း အသင်း အဖွဲ့ချုပ်တို့ ဆီဒိုးနား ဟိုတယ်တွင် တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ဦးဆောင် ကျင်းပမည့် အဖွဲ့ကို အတည်ပြုနိုင်ခြင်း မရှိခဲ့ဟု ၎င်းက ဆိုသည်။ မွေထိုင်း အားကစား ထိပ်သီး ထိုင်းနိုင်ငံက မြန်မာ SEA Games ပြိုင်ပွဲ၌ အာရှ မွေထိုင်း အဖွဲ့ချုပ် အဖွဲ့က သာ ဦးဆောင်မည် ဆိုပါက မွေထိုင်း ပြိုင်ပွဲမှ နုတ်ထွက်မည် ဖြစ်ကြောင်း တရားဝင် ပြောကြား ထားသောကြောင့်မြန်မာနိုင်ငံအိုလံပစ်ကော်မတီကနိုင်ငံတကာမွေထိုင်းအဖွဲ့ချုပ်နှင့်အာရှမွေထိုင်းအဖွဲ့ချုပ် 
 နှစ်ခု ဦးဆောင် ကျင်းပရန် တောင်းဆို ထားကြောင်း ၎င်းက ရှင်းပြသည်။
ယင်းသို့ ထိုင်းနိုင်ငံက ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သော်လည်း မြန်မာနိုင်ငံ SEA Games ပြိုင်ပွဲ ကျင်းပရေး ကော်မတီသို့ ဇူလိုင် နောက်ဆုံးပတ်က ပေးပို့ခဲ့သည့် ပြိုင်ပွဲဝင် အားကစား နည်းများ စာရင်းတွင် မွေထိုင်း အားကစားနည်း ပါဝင်ခဲ့သည်။
အာရှမွေထိုင်းအဖွဲ့ချုပ်က ဦးဆောင် ကျင်းပသည့်၂၀၀၇ ထိုင်း SEA Games ပြိုင်ပွဲ၌ မြန်မာ မွေထိုင်း အားကစားသမားသုံးဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အကြို ဗိုလ်လုပွဲ အဆင့်၌ ဒိုင်များ၏ ဆုံးဖြတ်ချက် ကြောင့် သုံးဦးစလုံးတတိယဆုဖြင့်ကျေနပ်ခဲ့ရသည်။ နိုင်ငံတကာမွေထိုင်းအဖွဲ့ချုပ်ကဦးဆောင်ကျင်းပသည့်၂၀၀၉ မွေ ထိုင်း ပြိုင်ပွဲ၌လည်း မြန်မာ မွေထိုင်း အဖွဲ့မှာ ရွှေတံဆိပ်ဆုနှင့် လွဲခဲ့ရသည့် သာဓကများ ရှိခဲ့သည်။
The Voice Weekly

No comments:

Post a Comment

My Blog List