Wednesday, August 14, 2013

မင်းအုပ်စိုးမှ “လူရွှင်တော် အိပ်မက်” ရုပ်ရှင်ကို ထပ်မံတင်ဆက်မည်




မြန်မာ့ဇာတ်သဘင်ကို သရုပ်ဖော်တင်ပြသည့် “အငိုမျက်လုံး အပြုံးမျက်နှာ ” ရုပ်ရှင်ကားကြီးအား သရ၀ဏ် ထုတ်လုပ်ရေးမှ ဒါရိုက်တာမင်းအုပ်စိုး ရိုက်ကူးတင်ဆက်ခဲ့ပြီးနောက် ယခုနှစ်အတွင်းတွင်လည်း လူရွှင်တော်တို့၏ ဘ၀ကို သရုပ်ဖော်ထားသည့် “လူရွှင်တော် အိပ်မက်” ရုပ်ရှင်အား တင်ဆက်ရန်စီစဉ်ပြီးဖြစ်ကြောင်း သရ၀ဏ် ထုတ်လုပ်ရေးမှ မအေးအေးသင်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းဇာတ်ကားအား မင်းအုပ်စိုးကိုယ်တိုင်ရေးသား၊ ရိုက်ကူးထားပြီး ယခုအခါတွင် ရုံတင်ပြသရန်အတွက် စောင့်ဆိုင်းနေရခြင်းသာဖြစ်ကြောင်း ၎င်းကပြောပြခဲ့သည်။

“ဒီဇာတ်ကားမှာ ကိုမင်းအုပ်စိုးက ဒါရိုက်တာ၊ သရုပ်ဆောင်တင်မကဘဲ ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုပါ ကိုယ်တိုင်ဖန်တီး ရေးသားခဲ့တာပါ။ ၂၀၁၀ စက်တင်ဘာလမှာ ရန်ကုန်မြို့က တောင်ဥက္ကလာပလိုနေရာတွေ၊ မှော်ဘီကိုးလုံးကွင်းလို နေရာတွေမှာ သွားရောက်ပြီး ရိုက်ကူးခဲ့ပါတယ်။ အခုတည်းဖြတ်ပြီးသွားပါ ပြီ။ ပြဖို့ အဆင့်သင့်ဖြစ်နေပါပြီ”ဟု မအေးအေးသင်းက ဆိုသည်။

အဆိုပါဇာတ်ကားသည် မျက်မမြင်အမေအိုကြီးနှင့်အတူ ဘ၀ကို ရုန်းကန်နေရသည့် လူရွှင်တော် တစ်ယောက်ဖြစ်ချင်သည့် လူငယ်တစ်ဦး၏ဘ၀၊ လူရွှင်တော်ပညာသင်ယူရန် မြို့သို့ရောက်ရှိလာပြီး ကြုံဆုံခဲ့ရသည့်အခက်အခဲများကို တင်ဆက်ထားခြင်းဖြစ်သည်။ ၎င်း “လူရွှင်တော်အိပ်မက်” ဇာတ်ကားတွင် မင်းအုပ်စိုး၊ ကျော်ဝင်းထွဋ်၊ ခင်ဇာခြည်ကျော်၊ ပန်ဆုပြည့်ကျော်၊ ပေါ်လေး၊ တိမ်ညွန့်၊ ဦးမော်နဲ့ အဖွဲ့များမှ ပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်ဒါရိုက်တာများအဖြစ် နန္ဒကျော်နှင့် စိုးမိုးမင်းတို့က ပါဝင်လုပ်ကိုင်ထား ကြသည်။

No comments:

Post a Comment

My Blog List