Wednesday, August 14, 2013

နော်အုန်းလှအပါအ၀င် လက်ပန်တောင်း ဒေသခံ ၉ ဦးအားဖမ်း ဆီး



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ အကြမ်းဖက်နှိမ်နှင်းတဲ့ ရဲတရားခံတွေ ဖော်ထုတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ စီမံကိန်း ဖော်ဆောင်ရေး ကော်မီတီကနေပြည်ထောင်စုဝန်ကြီး ဦးလှထွန်း နှုတ်ထွက်ပေးရေး စတဲ့အချက် ၄ ချက်နဲ့ မုံရွာမြို့မှာ ချီတက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်နော်အုန်းလှ ကို ပုဒ်မ ၁၈ နဲ့ ဖမ်းဆီး 

တရားစွဲဆိုထားပါတယ်။ အင်္ဂနေ့ နေ့ခင်းပိုင်းက ဆန္ဒပြခဲ့လို့ နော်အုန်းလှအပါအ၀င် လက်ပန်တောင်း ဒေသခံ ၉ ဦးဖမ်း ဆီးခံခဲ့ရပါတယ်။ သူတို့ကို ပြန်လွတ်ပေးဖို့ ဒေသခံ ၅၀ လောက်က ဆက်လက်ဆန္ဒထုတ် ဖော်ကြရာမှာ အင်္ဂါနေ့ည ၉ နာရီလောက်မှာ ဒေသခံ ၉ ဦးကို ရဲက လွတ်ပေးခဲ့ ပေမယ့် နော်အုန်းလှကို ဆက်လက်ဖမ်းဆီးထားပါတယ်။ လက်ရှိမှာတော့ သူ့ကို မုံရွာ ထောင်ချုပ် ချုပ်နောင်ထားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ နော်အုန်းလှနဲ့ လက်ပံတောင်းဒေသခံတွေဟိာု ခွင့်ပြုချက်မရပဲ ဆန္ဒပြလို့ ဖမ်းဆီးခံရတာလို့ မြို့ခံတွေက ပြောပါတယ်။

No comments:

Post a Comment

My Blog List