Monday, August 12, 2013

စီးပွားရေး အထောက်အကူပြု သင်တန်းပေးရန် ဂျပန်-မြန်မာစင်တာဖွင့်

Monday, August 12, 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် ဆွဲဆောင်နိုင်မည့် စီးပွားရေး အထောက်အကူပြု သင်တန်းများ ပို့ချနိုင်ရန် ဂျပန်-မြန်မာစင်တာကို သြဂုတ်လ ၉ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဖွင့်လှစ်ခဲ့ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ သိရသည်။

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လျက် ရှိရာတွင် ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြင့်ရရှိစေရန် ဆွဲဆောင်နိုင်မည့် အထောက်အကူပြု သင်တန်းများ ပို့ချရန် လိုအပ်ခြင်းကြောင့် အဆိုပါစင်တာကို UMFCCI နှင့် JICA တို့ ပူးပေါင်း၍ တည်ထောင်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း JICA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဂျပန်-မြန်မာစင်တာသည် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာ အထောက်အပံ့ပေး ရန်ဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဓိက ရည်ရွယ်ကြောင်း ဂျပန်-မြန်မာစင်တာ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပြီးပါက ဂျပန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပမာဏ တတိယအများဆုံး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List