Friday, August 16, 2013

ရွှေဘိုမင်းကုန်း ဆရာတော်ကြီး၏ ရုပ်ကလာပ် ပျံလွန်တော်မူပြီး ရှစ်လကြာထိ မပုပ်မသိုးရှိနေ

Friday, August 16, 2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်တွင် သီတင်းသုံး လျက်ရှိနေသော ဦးနန္ဒိယဆရာတော်ကြီသည် သက်တော်ရ၅နှစ်၊ ဝါတော် ၅၄ဝါအရတွင် ၂၀၁၂ခု နှစ် ဒီဇင်ဘာ ၁၄ရက်က ပျံလွန် တော်မူခဲ့သော ဆရာတော်ကြီး ၏ ရုပ်ကလာပ်သည် ယခု၂၀၁၃ ခု၊ ဩဂုတ် ၁၄ရက်တိုင်အောင် ထူးဆန်းစွာ မပုပ်မသိုးဘဲရှိနေကြောင်း သိရသည်။
''ဆရာတော်ကြီးက အစက တော့ ဒီကျောင်းမှာ သင်္ကန်း ဝတ်တာ မဟုတ်ဘူး။ စပြီးတော့ သာသနာ့ဘောင် ထဲဝင်ခဲ့တာကတော့ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အင်ကြင်းပင်ကျောင်း တိုက်မှာ ဝင်ခဲ့တာဖြစ် တယ်။ ဆရာတော်ကြီးရဲ့ ဆရာအရင်းကတော့ဂွေးပင်ကျောင်းတိုက် ဦးဝိသုဒ္ဓ၏ တပည့်ဖြစ်တယ်။ မင်းကုန်းကျောင်း ကိုရောက်ခဲ့တာကတော့ နှစ်ပေါင်း ၃ဝကျော်လောက်တော့ရှိပြီလို့ ဆိုပါတယ်။ ဆရာတော်ကြီးက ပရိယတ္တိကိုတော့ သိပ်ပြီးတော့ အားမပေးပါဘူး။ ဆရာတော်ကြီးအားပေးတာကတော့ ဝိပဿနာပါ။ ပျံလွန်တော်မူပြီးတဲ့နောက်ပိုင်းမှာ ဦးဇင်းတို့က ဆရာတော်ကြီးကိုမြင်တဲ့အတိုင်းပဲ မှန်ခေါင်း ထဲမှာထည့်ထားတယ်။ ထည့်ထားပြီးတဲ့ ခုနစ်လရှစ်လလောက်မှာ ဆရာတော်ကြီးရဲ့ခြေသည်း၊ လက် သည်းတွေဟာလည်း နည်းနည်းရှည်လာတယ်။ ဆံပင်တွေလဲရှည်ထွက်လာတယ်။ နောက်မုတ်ဆိတ်လဲ အနည်းငယ်ရှည်လာပါတယ်။ဦးဇင်းတို့သင်္ကန်းလဲတဲ့အခါမှာလည်းဆရာတော်ကြီးထံမှာကျင်ကြီးနှစ်ကြိမ်တွေ့ တယ်။ ဒါကတော့အတော်လေးထူးဆန်းတာဖြစ်ပါတယ်။ နောင်လာနောက်သားတွေ ဖူးမျှော်နိုင်အောင် မှန် ခေါင်းထဲထည့်ပြီးထားတာ ဖြစ်ပါတယ်''ဟု မင်းကုန်းကျေးရွာ သီရိမင်္ဂလာ ကျောင်းတိုက်ရှိ ဦးဥတ္တမ က ပြောပြခဲ့သည်။ အဆိုပါ ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာတွင်ရှိသော သီရိမင်္ဂလာကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော်ကြီးဦးနန္ဒိယသည် သက်တော် ၇၅နှစ်၊ ဝါ တော် ၅၄ဝါအရတွင် ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။
Yangon Media Group

No comments:

Post a Comment

My Blog List