Sunday, August 18, 2013

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် ဒေ သခံများ လိုအပ်သည့် လုပ်ငန်းများကို ပိုက်လိုင်းကုမ္ပဏီမှ ထောက် ပံ့ကူညီမည်

Saturday, August 18, 2013
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် ရှိ ဒေသခံများ အရေးတကြီး လိုအပ် သည့် လျှပ်စစ်ဓာတ် အား၊ ကျေး ရွာချင်းဆက် လမ်းဖောက်ပေးမှု စသည့်လုပ်ငန်းများကို ပိုက်လိုင်းကုမ္ပဏီ မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ SEAGP နှင့် အရှေ့တောင်အာ ရှ ရေနံကုမ္ပဏီ (SEAOP) မှ သိရသည်။
ပိုက်လိုင်းကုမ္ပဏီ အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း ဒေသခံများအ တွက် ဒေါ် လာနှစ်သန်း ပေးအပ်လှူဒါန်း သည့် အစီအစဉ်အရ ဒေသခံများအတွက် အရေးတကြီး လိုအပ်သည့် ပညာရေး၊ ဆေးဝါးကုသမှု၊ လျှပ်စစ် ဓာတ်အား၊သောက်သုံးရေ၊ ကလေးများ သက်ကြီးရွယ်အိုများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရွာချင်း ဆက်လမ်း ဖောက်ပေးမှုများ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ SEAGP အနေဖြင့် ပံ့ပိုးရေးလုပ်ငန်း ၁၈ ရပ်ကို တာဝန်ယူ၍ရှမ်းပြည်နယ်အတွက်စာသင်ကျောင်းကိုးကျောင်း၊မိဘမဲ့ကလေး စောင့်ရှောက်ရေးကျောင်းနှစ်ကျောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွက်စာသင်ကျောင်း နှစ်ကျောင်းမိဘမဲ့ကလေး စောင့်ရှောက်ရေးကျောင်း နှစ်ကျောင်း၊ ရွာရေတွင်း နှစ်တွင်းနှင့် ရွာချင်းဆက် လျှပ်စစ်ကွန်ရက် လုပ်ငန်းနှစ်ရပ်တို့ကို ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း သိရသည်။
အရှေ့တောင်အာရှ ရေနံကုမ္ပဏီ SEAOP အနေဖြင့် ပံ့ပိုးရေးလုပ်ငန်း ၁၅ ရပ်အရ ရခိုင်ပြည်နယ်အတွက် စာသင်ကျောင်း ခုနစ်ကျောင်း၊ စာသင်ကျောင်း လမ်းတစ်လမ်း၊ ရွာချင်းဆက်လမ်း လုပ်ငန်းတစ်ခု၊ ရွာဆေးခန်းတစ်ခန်း ကူညီပံ့ပိုး၍ မကွေးတိုင်း ဒေသကြီးအတွက် စာသင်ကျောင်းသုံးကျောင်း၊ ရွာဆေးခန်း တစ်ခန်း၊ သားဖွားရိပ် သာတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ SEAGP နှင့် အရှေ့တောင်အာရှ ရေနံကုမ္ပဏီ SEAOP အနေဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်း တစ်လျှောက်အတွက် Socio-Eco ထောက်ပံ့ကူညီမှု ၃၁ ရပ်သော လုပ်ငန်းများဆိုင်ရာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို သြဂုတ် ၁၆ ရက်က မန္တလေးမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List