Thursday, August 15, 2013

လျှော့တွက်၍မရသည့် ပရီးမီးယားလိဂ် ဒိုင်လူကြီးတို့၏ စွမ်းဆောင်ရည်များ

Thursday, August 15, 2013
ဒိုင်လူကြီးများ၏ကြံ့ခိုင်မှုသည် ပရီးမီးယားလိဂ် နာမည်ကျော် ဘောလုံးသမားများနှင့် ယှဉ်နိုင်ပြီး ဒိုင်လူကြီး အများစုသည်၎င်းတို့တာဝန်ယူရသည့်ပွဲစဉ်များတွင်ကစားသမားအများစုထက်ပိုမို၍ ပြေးလွှားနေခဲ့ကြောင်း လည်း ယင်းစစ်တမ်း ရလဒ်များကဆိုသည်ပြီးခဲ့သည့် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဒိုင်များ၏ ပျမ်းမျှစွမ်းဆောင်ရည်များကို တွက်ချက်လေ့လာကြည့်ရာ အထင်ကြီးလောက်စရာ အခြေအနေမျိုး ရှိနေ ခဲ့ကြောင်း သိရှိရသည်။ ဒိုင်လူကြီးများ၏ ကြံ့ခိုင်မှုသည် ပရီးမီးယားလိဂ် နာမည်ကျော် ဘောလုံးသမား များနှင့်ယှဉ်နိုင်ပြီး ဒိုင်လူကြီး အများစုသည် ၎င်းတို့ တာဝန်ယူရသည့် ပွဲစဉ်များတွင် ကစားသမား အများ စုထက် ပိုမို၍ ပြေးလွှားနေခဲ့ကြောင်းလည်းယင်းစစ်တမ်း ရလဒ်များက ဆိုသည်။ ပရိသတ်များက မိမိတို့ သဘောမကျသည့် ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ ပွဲကြည့်စင်မှနေ၍ ခင်ဗျားဒိုင်လူကြီး လုပ်မနေပါ နဲ့တော့ဟု အော်ဟစ် ဝေဖန်ကြသော်လည်း ပျမ်းမျှအားဖြင့် ဒိုင်များ၏ ဆုံးဖြတ်ချက်များသည် ရာနှုန်းပြည့် နီးပါး မှန်ကန်မှုရှိတတ်ကြောင်းလည်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။ (၂၀၁၂-၁၃) ဘောလုံးရာသီ တစ်ခုလုံး ပရီးမီးယားလိဂ်တွင် ဒိုင်လူကြီးများ၏ လူကျွံဘော သတ်မှတ်ချက် များသည် (၉၉)ရာခိုင်နှုန်း မှန်ကန်ခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ် ရာသီသိမ်း အနှစ်ချုပ် အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ဒိုင်လူကြီးများသည် ပွဲတစ်ပွဲတွင် အားစိုက်ပြေးမှုပျမ်းမျှ (၁၇၆)ကြိမ်မျှ ပြုလုပ်လေ့ ရှိကြောင်း တွေ့ရသည်။ ယင်းမှာ တစ်နာရီလျှင် (၂၀)ကီလိုမီတာအထက် နှုန်းမျိုးဖြင့် ပြေးခြင်းကို တိုင်းတာ ထားခြင်း ဖြစ်သည်။ ကစားသမားများ၏ ပွဲတစ်ပွဲတွင် ပျမ်းမျှအားစိုက် ပြေးလွှားမှုသည် (၁၇၅)ကြိမ်သာ ရှိသည်။
ပရီးမီးယားလိဂ် နာမည်ကျော် ဒိုင်တစ်ဦးဖြစ်သည့် အသက်(၅၀)အရွယ် ဖီးဒေါက်သည် ခန္ဓာကိုယ် ဝဖြိုး မှုကြောင့် ဝေဖန်မှုများ ကြုံခဲ့ရဖူးသော်လည်း ယခုအခါ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်သည့် အား ထုတ်မှုများကြောင့် ကိုယ်ရည်စစ်ကာ တောင့်တင်းကြံ့ခိုင်နေသည်။ ဒိုင်လူကြီးများသည် ပင်နယ်တီ ဧရိယာ အတွင်း ဆုံးဖြတ်ရသည့် အခြေအနေများတွင်လည်း (၉၈.၆)ရာခိုင်နှုန်း မှန်ကန်စွာ ကိုင်တွယ် ဖြေ ရှင်းနိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါ အချက်တွင် ပြစ်ဒဏ်ဖြစ်သင့်လျှက်နှင့် လွဲချော် သွားသည်များမပါဝင်ချေ။ ပြီးခဲ့သည့်ရာသီက ဒိုင်လူကြီးများ၏ အဝါကတ်အသုံးပြုမှုတွင် (၃၃) ရာခိုင်နှုန်း
နှင့် အ နီကတ် အသုံးပြုမှုတွင် (၂၁)ရာခိုင်နှုန်း ကျဆင်းသွားကြောင်းလည်း စစ်တမ်းကဖော်ပြထားသည်။

Planet.com.mm

No comments:

Post a Comment

My Blog List