Thursday, August 15, 2013

ဖိလစ်ပိုင်နှင့်ထိုင်ဝမ်က ငါးဖမ်းလုပ်ငန်း လုပ်တော့မည်ဖြစ်၍ ဖိလစ်ပိုင်က အမေရိကန် စစ်တပ် တိုး၍ ထားရှိ မည်

Thursday, August 15, 2013
မေလကထိုင်ဝမ်ငါးဖမ်းသမားများကို သေသည်အထိပစ်ခတ်ခဲ့ခြင်းကြောင့် ဖိလစ်ပိုင်ကို ဆန်ရှင်(Sanction) လုပ်ပိတ်ပင်ထားလိုက်ပြီး နောက်ပြန်လည်ဖွင့်လှစ် ပေးလိုက်သဖြင့် ထိုင်ဝမ်သည် ဖိလစ်ပိုင် နှင့် ငါးလုပ်ငန်း စာချုပ် ချုပ်ဆိုရေးအတွက် နောက်တစ်ကြိမ် ဆွေးနွေးရန် တွန်းအားပေးလျက်ရှိသည်။
ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ်ဝိုင်-အိုင်လင်းက ''ဇွန် ၁၄ ရက်က ကျင်းပခဲ့သည့် ငါးဖမ်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကြိုတင်ပြင်ဆင်သည့်အစည်းအဝေးသည်ခိုင်မာသောရလဒ်များရရှိပြီး နှစ်ဖက်  စလုံးက ငါးလုပ်ငန်းဆိုင်ရာကိစ္စရပ်များဆွေးနွေးရန်ရှေ့ဆက်သွားမည်ဟု သဘော တူညီချက်များ ရရှိကြောင်း'' ပြောကြားခဲ့သည်။လင်းက ပြောရာတွင် ''ထိုင်ဝမ် အနေဖြင့် အဖြစ်နိုင်ဆုံးနှင့် အစောဆုံး အချိန်တွင် နောက်တစ်ကြိမ် ငါးလုပ်ငန်း ဆိုင်ရာ ဆွေးနွေးမှု များကို ပြုလုပ်ရန် ဖိလစ်ပိုင်ကို ယခု တောင်းဆိုကြောင်း၊ အကြမ်းဖက်မှု ပါသော ရေကြောင်း ဆိုင်ရာ ဥပဒေ အသက်ဝင် အာဏာတည်မှုကို တိုးမြှင့်သော လုပ်ငန်း ယန္တရားကို အဆင့်မြှင့်တင် သွားရန် ရှေ့ဆက်ရေး အတွက်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ကို ပြုပြင် မွမ်းမံသွားရန် ဖြစ်ပြီး ခိုင်မာသော လုပ်ငန်း ဆောင်ရွက်ချက်များ ကိုလည်း ပြုလုပ်သွားရန်၊ အထူးသဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ်များ၌ အခါအားလျော် စွာ လက်မှတ် ရေးထိုးရန်နှင့် သဘောထား အမြင်ဖြင့် အရေးယူ လုပ်ဆောင်သွားရန် တောင်းဆိုကြောင်း'' သိရသည်။တစ်ချိန်တည်းမှာပင် လင်းက လွန်ခဲ့သော သုံးလက ဘာလင်တန်း ရေလက် ကြားတွင် ထိုင်ဝမ် လူမျိုး ငါးဖမ်း သမားများကို အသေ ပစ်သတ်ခဲ့သော ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့မှ တာဝန်ရှိသူ တပ်ဖွဲ့ဝင်များကို တရားဥပဒေအရ အမြန် အရေးယူရမည် ဖြစ်ကြောင်းကို ထည့်သွင်း ပြော ကြား သွားခဲ့ သည်။ ကြာသပ တေးနေ့က ထိုင်ဝမ်က ကြေညာရာတွင် ထိုင်ဝမ် ငါးဖမ်းသင်္ဘော ဂွမ်ဒါဇင်း အမှတ်(၂၈) အပါအဝင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကြေညာ သွားသည်။
ဆန်ရှင် (Sanction) တွင်ပါဝင်သည့်အချက်များမှာဖိလစ်ပိုင်လူမျိုးများအလုပ်အကိုင် လျှောက်ထား ခြင်းကို ရပ်ဆိုင်းခြင်း၊ ထိုင်ဝမ်လူမျိုးများ ဖိလစ်ပိုင်သို့ ကမ္ဘာလှည့် ခရီးသွားခြင်းနှင့် စီးပွားရေး သွားရောက် လုပ်ကိုင်ခြင်း များကို အားမပေးကြောင်း ခရီးသွား တပ်လှန့်ခြင်း၊ နှစ်နိုင်ငံ အပြန်အလှန် ဖလှယ်သည့် ကိစ္စရပ်များဆိုင်းငံ့ခြင်းနှင့် ဗီဇာ ကင်းလွတ်ခွင့် မပြုတော့ခြင်းတို့ ဖြစ်ရာယခုထိုပိတ်ပင်ချက်များ ကို ပြန်လည် ပယ်ဖျက် လိုက်ပြီ ဖြစ်သည်။
တိုင်ပေတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် လင်းက နှစ်နိုင်ငံ
အကြား ပူးပေါင်းဆောင်ရွက်မှု များနှင့် မိတ်ဆွေရင်းချာ ချစ်ကြည်စွာ ဆက်ဆံရေးများကို မူလအတိုင်း ပြန်လည် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ သည်။ အဆိုပါ ဆန်ရှင် (Sanction) လုပ်ထားခြင်းကို ပြန်လည် ပယ်ဖျက်လိုက်ကြောင်း ကြေညာချက်သည် မနီလာ စီးပွားရေးနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌရုံး (MECO) ၏ ဥက္ကဋ္ဌ အာမာဒီယိုပဲရေဇ် ဂျူနီယာနှင့် ထိုင်ဝမ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် ကိုယ်စားလှယ် အန်တိုနိယိုနှင့် လင်းတို့ တွေ့ဆုံကာ ဖိလစ်ပိုင် အစိုးရ၏ ထိုင်ဝမ် ငါးဖမ်းသမားများ ကိစ္စနှင့် ပတ်သက်၍ စာဖြင့်ရေးသား အကြောင်းပြန်ကြားချက်ကို ပေးအပ်ပြီး ရှင်းလင်း တင်ပြခဲ့သည့် နောက်မှ ဆန်ရှင် (Sanction) ပယ်ဖျက်ခဲ့ကြောင်း ကြေညာချက်က ဝင်လာခြင်း ဖြစ်သည်။

အမျိုးသား စုံစမ်းစစ်ဆေးရေး ဗျူရို (Sanction) ကလည်း ကမ်းခြေစောင့် တပ်သား ရှစ်ယောက်တို့ကို လူသတ်မှုနှင့် တရားစွဲ၍ လေးယောက် ကို တရားဥပဒေ အရ ဝတ္တရား နှောင့်ယှက်မှုဖြင့် အရေးယူရန် ထောက်ခံ တင်ပြခဲ့သည်ဟု ဆို၏။

လင်းက ပြောသည်မှာ (Sanction) ၏ ထောက်ခံ တင်ပြချက်သည် ထိုင်ဝမ် စုံစမ်း စစ်ဆေးရေး၏ သဘောထားများ နှင့်လည်း အကြီးအ ကျယ် ကိုက်ညီမှု ရှိနေ၍ ဖိလစ်ပိုင် တရားရေးဌာနက တရားရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်ဆုံး ဆက်လက် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ကတိ ပြုခဲ့သည်။

အခြေအနေ တည်ငြိမ်သွားပြီ ဖြစ်သည့်အလျောက် MECO က ပြောသည်မှာ အစိုးရ အနေဖြင့် ထိုင်ဝမ်လူမျိုး ကမ္ဘာလှည့် ခရီးသည်များ ဖိလစ်ပိုင်သို့ လာရောက် လည်ပတ်ရေးကိုလည်း မျှော်လင့်လျက် ရှိကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

လွန်ခဲ့သော သုံးလက ထိုင်ဝမ် ငါးဖမ်းသမားကို ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်သားများက အသေ ပစ်သတ် ခြင်း ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု အကြီးအကျယ် လျော့ကျသွားခဲ့၍ မူလကလို ပုံမှန် ပြန်လာရေးကို အချိန်ယူပြီး လုပ်ရန် လိုမည်ဟု ဘာစီလိုက ပြောသည်။

ဤကာလအတွင်း ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်သည် ၎င်းတို့၏ တာဝန်ကို ငါးဖမ်းလုပ်ငန်းနှင့် ရေသယံ ဇာတဗျုရို BFAR သို့ လွှဲပြောင်းထားသည်။ ပြီးခဲ့သည့် မေ ၉ ရက်က ဘာလင်တန်း ရေလက်ကြားတွင် ငါး ခိုးဖမ်းသည်ဟု စွပ်စွဲခံရသော ထိုင်ဝမ် ငါးဖမ်းသမားများကို တရားစွဲဆိုမည် ဆိုပါက ဆုံးဖြတ်ရန် အတွက် လည်း BFAR သို့ လွှဲပြောင်ထားသည်။

လုပ်ငန်းတစ်ခုလုံး အစအဆုံး BFAR ၏ အလုပ်ဖြစ်ပြီး ကမ်းခြေစောင့် တပ်၏ အလုပ် မဟုတ်တော့ပေ။ BFAR က ငါးဖမ်းသဘောင်္များကို ပိုင်သည်။ သင်္ဘောံများကို ဘယ်သွားဘယ်လာ စသည်ဖြင့် ညွှန်ကြားချက် ပေးရန်လည်း BFAR ၏ တာဝန် ဖြစ်သည်။

ထွက်ပြေးသည့် ထိုင်ဝမ် ငါးခိုးစက်လှေကို သတိပေး ပစ်ခတ်မှု ပြုလုပ်သူ တပ်သား ရှစ်ယောက်နှင့် နောက်ပိုင်း ငါးဖမ်းသမား အင်ဂျင်စက်ခန်းအတွင်း ဝင်ရောက် ပုန်းအောင်း နေသည်ကို မသိ၍ ထွက်မပြေး နိုင်အောင် အင်ဂျင်စက်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဟောင်ကို ထိမှန်သွားကြောင်း
သေနတ်ဒဏ်ရာက လည်ကုပ်မှာ ထိမှန်သွားခြင်း ဖြစ်၍ သေဆုံး
ရကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုက ဖိလစ်ပိုင် တက္ကသိုလ်မှ အနည်းဆုံး ရှေ့နေ ငါးယောက်နှင့် ဆန်တိုတောမတ်စ် တက္ကသိုလ်မှ ရှေ့နေ လေးယောက်တို့သည် ကမ်းခြေစောင့် တပ်သားများ၏ အမှုကို တရားခံဘက်မှ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက် ပေးလိုကြောင်း ကမ်းလှမ်း ထားကြသည်ဟု ဆို၏။

ဖိလစ်ပိုင် နိုင်ငံတွင် အမေရိကန် ပြည်ထောင်စုက အင်အား ပို၍ ကောင်းသော စစ်တပ်များ ထားရှိစေလို၍ စေ့စပ် ညှိနှိုင်းမှု စတင်ပြုလုပ်ရန် စီစဉ်နေသည်။ နိုင်ငံခြားရေး ဌာနကလည်း ဖြစ်ျွှိုင်ခြေ အလားအလာ ရှိသော မူဘောင် သဘောတူညီချက်ဖြင့် တပ်အင်အားကိုတိုး၍ အလှည့်ကျ စနစ်ဖြင့် ချထားရန် ဆွေးနွေးမည့် ရက်ကို တနင်္လာနေ့တွင် ကြေညာမည်ဟု ဆိုသည်။

အငြင်းပွား ဒေသတွင် တရုတ်တို့၏ အနိုင်ကျင့်ခြင်းမှ ကာကွယ်ရန် ဖိလစ်ပိုင်၏ အဓိက မဟာမိတ်မှာ အမေရိ ကန်ပြည်ထောင် စုပင် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက ပင်လယ်ပြင် အငြင်းပွားမှုကို နိုင်ငံတကာ ခုံရုံးသို့ တင်ပြရန် ဖိလစ်ပိုင်ကို ကြေညာချက် ထုတ်ပြန် ထောက်ခံခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ အကြမ်းဖက် တိုက်ခိုက်မှု ဆိုင်ရာ မဟာမိတ် နိုင်ငံများ အနက်မှ တစ်ခု ဖြစ်သည်။ လွန်ခဲ့သော တစ်ပတ်ကျော် အမေရိကန် ပြည်ထောင်စုက အယ်လ်ကိုင်ဒါ တိုက်ခိုက်ရေး သမားများကို ဆန့်ကျင် တိုက်ခိုက်ရန် တစ်ကမ္ဘာလုံးသို့ လုံခြုံရေး တပ်လှန့် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် အပတ်က ဗုံးကွဲမှုများ ဖြစ်ခဲ့သော်လည်း အယ်လ်ကိုင်ဒါက သူတို့ လက်ချက်ပါဟု မပြောခဲ့ပါ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ၂ဝဝ၂ ခုနှစ်မှ စ၍ အမေရိကန် အထူးတပ်ဖွဲ့မှ တပ်သား ရာဂဏန်းလောက် ကိုကာလတို တပ်ဖြန့် ချထားမှု ပြုလုပ်ထားသည်။ အစ္စလာမ် စစ်သွေးကြွတို့ကို တိုက်ခိုက်ရန် အတွက် သင်တန်း ပေးခြင်း ပြုလုပ်သည်။

အကယ်၍ သဘောတူညီချက် ရပြီဆိုလျွှင် လက်နက် ပစ္စည်းကိရိယာများ အမေရိကန် ပြည်ထောင်စုမှ ရောက်ရှိလာမည်ဟု ဂက်စ်မင်က ဇွန် ၂၇ ရက်က ပြောကြားခဲ့သည်။

သို့ဖြစ်၍ ဖိလစ်ပိုင်သည် ပင်လယ်ပြင်တွင် အငြင်းပွားလျက် ရှိသော ငါးဖမ်းလုပ်ကွက်နှင့် အငြင်းပွား ကျွန်းများအတွက် လုံခြုံရေးကို အပူတပြင်း စိတ်ချရရေး အတွက်နှင့် အင်အားကြီး နိုင်ငံ၏ အနိုင်ကျင့် မခံရရေး အတွက် မည်သို့ စီမံ လုပ်ဆောင်လျက် ရှိသည် ကို စောင့်ကြည့် ကြရဦးမည် ဖြစ်ပါ
သည်။

No comments:

Post a Comment

My Blog List