Wednesday, August 14, 2013

အဆက်မပြတ် ဗုံးကွဲမှုများကြောင့် အီရတ်ပြည်သူများကအစိုးရကို စိတ်ပျက်နေ






အစ်ပွဲတော် အားလပ်ရက်အတွင်း လူ ၇၄ ဦးသေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစိုးရက ကာကွယ်တားဆီး မပေးနိုင်သောကြောင့် အီရတ်ပြည်သူများက အီရတ်အာဏာပိုင်များကို ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့ကြကြောင်း သြဂုတ် ၁၃ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။ 

နှစ်ပေါင်းများစွာအတွင်း အီရတ်နိုင်ငံ၏ အသေအပျောက်အများဆုံး ရာမာဒန်ဥပုသ်လအဖြစ်လည်း စာ ရင်းဝင်သွားခဲ့သည်။

လူ ၇၄ ဦးသေဆုံးခဲ့ရသည့်အပြင် အခြားလူ ၃၂၀ ကျော်ဒဏ်ရာရရှိခဲ့ရသည့် ထိုအကြမ်းဖက်မှုများနှင့်ပတ် သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သော်လည်း၊ အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ်မယ်လီကီ (Nurial-zMaliki) အပါအ၀င် အီရတ်ထိပ်တန်းအရာရှိ အားလုံးနီးပါးက ထိုတိုက်ခိုက်မှု များနှင့်ပတ်သက်၍ ပြောဆိုဝေဖန်ခြင်းမရှိခဲ့ကြပေ။

အီရတ်နိုင်ငံတွင် သွေးထွက်သံယိုမှုများလနှင့်ချီ၍ ဖြစ်ပွားလျက်ရှိနေရာ၊ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များ က အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော ပြင်းထန်လှသည့် ဂိုဏ်းဂဏစစ်ပွဲအသွင် ရောက်ရှိသွားမည်ကို လည်း စိုးရိမ်နေကြသည်။ ထိုစဉ်က ဂိုဏ်းဂဏဆိုင်ရာ တိုက်ခိုက်မှုများကြောင့် လူသောင်းနှင့်ချီ၍သေဆုံး ခဲ့ကြရသည်။

အယ်လ်ကိုင်ဒါး (Al-Qaeda) များက ဘဂ္ဂဒက်မြို့အနီးရှိ အကျဉ်းထောင်များကို သဲကြီးမဲကြီးတိုက်ခိုက်ကာ စစ်သွေးကြွခေါင်းဆောင်များအပါအ၀င် ရာနှင့်ချီသည့် အကျဉ်းသားများအား လွတ်မြောက်စေခဲ့ပြီး နောက်၊ ရက်သတ္တပတ် အနည်းငယ်အကြာတွင် တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ စစ်သွေး ကြွများ အကျဉ်းထောင်များမှ လွတ်မြောက်သွားသဖြင့် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာမည်ကိုသတိ ပေးထားကြသည်။

No comments:

Post a Comment

My Blog List