Thursday, August 15, 2013

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် ၂ဝ၁၆ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်

Thursday, August 15, 2013
အသစ်ထပ်မံဆောက်လုပ်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် ၂ဝ၁၆ ခုနှစ်၌ အပြီးသတ်တည်ဆောက်နိုင် မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ လေဆိပ်တည်ဆောက်မှုသည်မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားများ ဝင်ရောက်မှု နှစ်စဉ် တိုးတက်လာ ရာ ၂ဝ၃ဝ ပြည့်နှစ် အထိ ဝင်ရောက်လာမည့် ခရီးသွား ဝင်ရောက်နှုန်းကို ခန့်မှန်း၍တွက်ချက်တည်ဆောက်ခြင်းဖြစ်ကြောင်း၊ထို့အတူ ပြည်ပလေကြောင်းလိုင်းများမှ လေယာဉ်ကြီးများ ပိုမိုဆိုက်ကပ်လာနိုင်စေရန် ဖြစ်ကြောင်း သိရသည်။
 ''အခြား လေဆိပ်တွေကိုလည်း အဆင့်မြှင့်တင်ဖို့ လုပ်နေပါတယ်။ခရီးသွားတွေအများအပြားဝင်ရောက်နိုင်ဖို့အတွက်အဘက်ဘက်ကအဆင့်မြှင့်တင်မှုတွေထဲ မှာ လေဆိပ်တွေလည်း ပါဝင်ပါတယ်။ ဟံသာဝတီ လေဆိပ်ကို ၂ဝ၁၆ ခုနှစ် အပြီးသတ် တည်ဆောက်မှာ ပါ'' ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ အဆိုပါ လေဆိပ် စီမံကိန်းသည် ရန်ကုန်မြို့မှ မိုင် ၅ဝ ကျော် အကွာ အတွင်းရှိ မြေဧက ၉ဝဝဝ ကျော်တွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရ သည်။
ယင်းလေဆိပ် တည်ဆောက်ရန် အတွက် စင်ကာပူ ကုမ္ပဏီ တစ်ခုဖြစ်သည့် Yongnam-(APE-JGC) သည် အရန်အဖြစ်တင်ဒါရွေးချယ်ခံထားရပြီး ရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံနိုင်သော တောင်ကိုရီးယား ကုမ္ပဏီငါးခုဖြင့် ဖွဲ့စည်းထားသည့် Incheon Airport အဖွဲ့က တင်ဒါ အောင်မြင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List