Thursday, August 15, 2013

လူ့အခွင့်အရေး လှုပ်ရှားသူများကို ထပ်မဖမ်းရန် အစိုးရကို တိုက်တွန်းမည်ဟု ကင်တားနားပြော

Thursday, August 15, 2013
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကိုဆက်လက်ဖမ်းဆီးမှုမပြုလုပ်ရန်အစိုးရကိုတိုက်တွန်းသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်သောမက် အိုဟေး ကင်တားနားက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်ခံရမူများနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ငြိမ်ချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်းရုံးတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးထွန်းမြင့်အောင်တို့နှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ် သည်။ မစ္စတာကင်တားနားမှာ သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ မြန်မာနိုင် ငံ ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်း၏ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရန် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေသော မြန်မာအစိုးရသည် လူ့အခွင့် အရေး လှုပ်ရှားမှုများအပေါ် ထိန်းချုပ်ဆောင် ရွက်နေမှုကို များစွာစိတ်ပျက်မိကြောင်း၊ လူ့အခွင့်အရေး ထိခိုက်နစ်နာမူများ ရှိနေကြောင်း သောမက်အိုဟေးကင်တားနား၏ ပြောကြားချက်ကို ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ဦးပြုံးချိုက ပြောဆိုသည်။
ကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီက မုံရွာမြို့တွင် လက်ပံတောင်းတောင်အရေးဆန္ဒထုတ်ဖော်မှုကိုသက်ဆိုင်ရာသို့ခွင့်ပြုချက်မယူခဲ့သောကြောင့် ဒေသခံ   ဒေါ်နော်အုန်းလှ ကို မုံရွာမြို့နယ်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအခြေအနေကိုလေ့လာရန်ရောက်ရှိလာသောကင်တားနားကို၁၉၈၂ နိုင်ငံ သားဖြစ်ခွင့် ဥပဒေကို ပြင်ဆင်ရန် တိုက်တွန်း ပြောဆိုမှုများကြောင့် သြဂုတ်လ ၁၂ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိစဉ် မြို့ခံ ၅၀ ကျော်က ကန့်ကွက်ဆန္ဒပြမှု များ ဖြစ်ပွား ခဲ့သော်လည်း ၎င်းက ယင်း သို့ ဆန္ဒပြမှုများကို ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။
အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်း သာခွင့် ပြုခဲ့သော်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုကြောင့် တရားစွဲခံရသူ ၁၀၀ ကျော် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက်နိုင် ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘိုကြည်က ပြောကြား ထားသည်။
The Voice Weekly

No comments:

Post a Comment

My Blog List