Thursday, August 15, 2013

မွန်ပြည်နယ် ရှိ ရေဘေးသင့် ပြည်သူ များအား ကူညီ ထောက်ပံ့

Thursday, August 15, 2013
မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးတွင် အသုံးပြုရန်အတွက် အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီမှ ကူညီထောက်ပံ့သည့် အခမ်းအနားကို ပြည်နယ် ခန်းမ၌ ယမန်နေ့ နံနက် ၁ဝနာရီခွဲက ကျင်းပရာ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေးaက်ာမတီဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေနှင့် ကော်မတီ ဝင်များ၊ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
Photo: မွန်ပြည်နယ် ရှိ ရေဘေးသင့် ပြည်သူ များအား ကူညီ ထောက်ပံ့ 
Thursday, August 15, 2013 

မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးတွင် အသုံးပြုရန်အတွက် အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီမှ ကူညီထောက်ပံ့သည့် အခမ်းအနားကို ပြည်နယ်  ခန်းမ၌ ယမန်နေ့ နံနက် ၁ဝနာရီခွဲက ကျင်းပရာ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့် ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေနှင့် ကော်မတီ ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် စကား ပြောကြားပြီး အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌက အမှာ စကား ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၃ဝဝကို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက လည်းကောင်း၊ မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် မျိုးစပါးအိတ် ၁ဝဝဝနှင့် အဝတ်အထည်များ၊   ရေးမြို့နယ်ရှိ  ရေဘေးသင့် သူများအတွက် ငွေကျပ်သိန်း ၅ဝကို ဒေါက်တာ ခင်ရွှေကလည်းကောင်း ပေးအပ်သည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျိုက်မရော မြို့နယ် အုပ်ချုပ်ရေးရုံး၌ ရေဘေးသင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၁ဝဝနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ပေးခဲ့ပြီး ရေဘေးသင့် ပြည်သူများအား အဝတ် အထည်များ ဝေငှပေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရကျောင်း၌ ဆောက်လုပ်လျက်ရှိသည့် လျောင်းတော်မူ ရုပ်ပွားတော်အတွက် အလှူငွေ ကျပ်သိန်း ၁ဝဝနှင့် ဘိလပ်မြေအိတ် ၁၈ဝဝတို့ကို လှူဒါန်းခဲ့ပြီး သမိုင်းဝင် ကျိုက်သလ္လံ စေတီတော်နှင့် ဘုန်းတော်ကြီး ကျောင်းများသို့ အလှူငွေနှင့်  လှူဖွယ် ပစ္စည်းများ လှူဒါန်းကာ ဖူးမြော်ကြည်ညို ကြသည်။

အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီအနေဖြင့် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် အတွင်းရှိ သာသနိက အဆောက်အအုံ များနှင့် ရေဘေးသင့် ပြည်သူများအတွက် ကူညီ ထောက်ပံ့လှူ ဒါန်းသည့် ငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၆၂၇သိန်း ကို ဇေကမ္ဘာ ကုမ္ပဏီ လီမိတက်က လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

မြ၀တီ
ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် စကား ပြောကြားပြီး အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ က အမှာစကား ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၃ဝဝကို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက လည်းကောင်း၊ မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် မျိုးစပါးအိတ် ၁ဝဝဝနှင့် အဝတ်အထည်များ၊ ရေးမြို့နယ်ရှိ ရေဘေးသင့် သူများအတွက် ငွေကျပ်သိန်း ၅ဝကို ဒေါက်တာ ခင်ရွှေက လည်းကောင်း ပေးအပ်သည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျိုက်မရော မြို့နယ် အုပ်ချုပ်ရေးရုံး ၌ ရေဘေးသင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၁ဝဝနှင့် အဝတ်အထည်များကူညီထောက်ပံ့ပေးခဲ့ ပြီး ရေဘေး သင့် ပြည်သူများအား အဝတ် အထည်များ ဝေငှပေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရကျောင်း၌ ဆောက်လုပ်လျက်ရှိသည့် လျောင်းတော်မူ ရုပ်ပွားတော်အတွက် အလှူငွေ ကျပ်သိန်း ၁ဝဝနှင့် ဘိလပ်မြေအိတ် ၁၈ဝဝတို့ကို လှူဒါန်းခဲ့ပြီး သမိုင်းဝင် ကျိုက်သလ္လံ စေတီတော်နှင့် ဘုန်းတော်ကြီး ကျောင်းများသို့ အလှူငွေနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းကာ ဖူးမြော်ကြည်ညို ကြသည်။
အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီအနေဖြင့် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် အတွင်းရှိ သာသနိက အဆောက်အအုံ များနှင့် ရေဘေးသင့်ပြည်သူများ အတွက် ကူညီ ထောက်ပံ့လှူ ဒါန်းသည့် ငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၆၂၇သိန်း ကို ဇေကမ္ဘာ ကုမ္ပဏီ လီမိတက်က လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
မြ၀တီ

No comments:

Post a Comment

My Blog List