Thursday, August 15, 2013

တိုက်နံရံမှ တွယ်ကပ် သစ်ပင် ရှင်းလင်းခ နေအိမ်အချို့ မပေးဟုဆို

Thursday, August 15, 2013
တိုက်နံရံများ၌ ပေါက်ရောက် သော တွယ်ကပ်သစ်ပင်များ ရှင်းလင်း ခြင်းအတွက် ဝန်ဆောင်ခမပေး သည့် နေအိမ်အချို့ရှိနေကြောင်း ရန်ကုန် စည်ပင် အဆောက်အအုံဌာနမှ အကြီး တန်းအရာရှိတစ်ဦး က ပြောသည်။”ဝန်ဆောင်ခက ဘယ်လောက်မှ မကျပါဘူး။ တစ်ခန်းကို ၅ဝဝ၊ ၁ဝဝဝ ပဲ ကျတာပါ။ ဒါပေမဲ့ မပေးတာတွေ လည်းရှိတယ်။ မပေးတာကို မြို့နယ်တာ ဝန်ခံကစိုက်ပြီးရှင်းပေးရတာပေါ့။ အခု ဝန်ကြီးချုပ် ကတော့ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကတစ်ဆင့်ရအောင် တောင်းခိုင်းထားတယ်”ဟု အထက်ပါ အရာရှိ က ပြောသည်။ ယင်းအပြင်တိုက်ခန်းများ၌ နေထိုင်သူများတွင် အုပ်ထိန်းသူမရှိ၍ လုံခြုံရေးအရတံခါးဖွင့် လှစ်မပေးခြင်းနှင့်ပူးပေါင်းပါဝင်မှုမရှိခြင်းတို့ကြောင့်ရှင်းလင်းရေးတွင်အခက်အခဲရှိနေသည်ဟု၎င်းကပြောသည်။ ”အထပ်မြင့်တွေကို တက်ရတာရှိ တယ်။ ပြည်သူတွေသာပါဝင်မယ် ဆိုရင် ပြတင်းတံခါးဖွင့်ပေးတာမျိုးဆို တက်ရ ပြုရလွယ်တယ်။ ကြိုးတစ်ချောင်းနဲ့ ရှင်း ရတာ ရှင်း လင်းရတဲ့သူတွေ အတွက် အန္တရာယ် များပါတယ်”ဟု ၄င်းက ပြော သည်။
ဝန်ကြီးချုပ် ညွှန်ကြားမှုအရ ရပ် ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ် ရေးမှူးများနှင့် ရန်ကုန်စည်ပင်မှ ခရိုင်မှူးအပါအဝင်တွယ်ကပ်သစ်ပင်ရှင်းလင်းရေးအဖွဲ့သားများပူးပေါင်း၍ရှင်းလင်းမှုကို ဆောင်ရွက်နေကြောင်း သိရသည်။
တွယ်ကပ်သစ်ပင်ရှင်းလင်းမှုကို မိုးတွင်းကာလတွင် ပိုမိုပြုလုပ်ရကြောင်း စနေနှင့် တနင်္ဂနွေရက်များ၌ အဓိက ထားရှင်းလင်းပြီး တိုက်နံရံများ ၌ ပေါက် ရောက်သော တွယ်ကပ်သစ်ပင်များတွင် ညောင်ပင်များ များပြားကြောင်း သိရ သည်။
တွယ်ကပ်သစ်ပင် ရှင်းလင်းရန် အတွက် ပြည်သူများဘက်မှ တောင်းခံ မှသာ ပြုလုပ်သည်မဟုတ်ဘဲ လမ်းအ လိုက်စိစစ်၍ ဆောင်ရွက်နေကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
ယခုနှစ်မိုးတွင်းတွင် ရှင်းလင်းရန် ရှိသော တွယ်ကပ်သစ်ပင်ရှိသည့် အ ဆောက်အအုံများမှာ တောင်ပိုင်း ခရိုင် တွင် ၅၃၅ လုံး၊ မြောက်ပိုင်း ခရိုင်တွင် ၄၁ လုံး၊ အနောက်ပိုင်းခရိုင်တွင် ၁၂၈၇ လုံးရှိပြီး အရှေ့ပိုင်း ခရိုင်တွင် ၁ဝ လုံးရှိ ကြောင်း သိရသည်။
Popular Myanmar News Journal

No comments:

Post a Comment

My Blog List