Wednesday, August 14, 2013

ရွှေပြည်သာတွင် ဗလီသစ်ဆောက်သည့် ကောလာဟလကြောင့် ရဲများစုံစမ်းပြီး မမှန်ကန်ကြောင်းထုတ်ပြန်






ရွှေပြည်သာမြို့နယ်တွင် ဗလီအသစ်တစ်လုံး ဆောက်လုပ်နေကြောင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ကောလဟာလများ ပျံ့နှံ့ခဲ့သဖြင့် ထိုကိစ္စကို ရဲများကစုံစမ်းခဲ့ရာ မဟုတ်မှန်ကြောင်း ရန် ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထိုကိစ္စကို အတည်ပြုစုံစမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က သြဂုတ် ၁၂ ရက်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဒေသရှိ ရဲစခန်းမှရဲများက သွားရောက်စုံစမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ရွှေပြည်သာ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကလည်း “ဗလီဆောက်လုပ်တယ်ဆိုတာ မဟုတ်ပါဘူး။ ပိုင်ရှင်က ဟိန္ဒူဆိုတော့ မနာလိုတဲ့သူက တိုင်လိုက်တာပါ၊ ကျွန်တော်တို့ သွားရောက်စစ်ဆေး အတည်ပြုတော့လည်း ဗလီမဟုတ်တာကို အတည်ပြုပြီးပါပြီ” ဟု မဇ္ဈိမကို ပြောသည်။

ကောလာဟလများ ထွက်ပေါ်နေသည့် ရွှေပြည်သာမြို့နယ်၊ သစ္စာပန်းခြံ- ၂ လမ်း၊ အမှတ် ၁၇၀ ရှိ မြေ ကွက်ပေါ်တွင် ဆောက်လုပ်နေသော အဆောက်အဦကို မြို့နယ်ရဲစခန်းမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါမြေကွက်တွင်ဆောက်လုပ်နေသည်မှာ သုံးထပ်တိုက် အဆောက်အအုံဖြစ်ပြီး မိုတယ်အဖြစ် အသုံးပြုမည်ဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်မှ စတင်ဆောက်လုပ်ခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်း တွင်တွေ့ရသည်။

ပိုင်ရှင် ဦးအောင်ဆွေပိုင်ဆိုင်သည့် ယင်းအဆောက်အအုံကို မြို့တော်စည်ပင်၏ခွင့် ပြုချက်များလည်း ရယူပြီးမှ ဆောက်လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

မြို့နယ်ရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် အဆောက်အအုံကို စစ်ဆေးရုံသာမက ပိုင်ရှင်ဦးအောင်ဆွေကိုလည်း လူကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး မွတ်ဆလင်ဟုတ်မဟုတ် အတည်ပြုခဲ့ကြောင်းလည်း တိုင်း ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပိုင်ရှင်သည် ယခင်ကလည်း စမ်းချောင်းမြို့နယ်တွင် ဟိုတယ်တစ်လုံး ဆောက်လုပ်ခဲ့ဖူးသည်ဟု ရဲများက စုံစမ်းသိရှိ ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးအောင်လင်း၏ မှတ်ပုံတင်ကို စစ်ဆေးရာတွင်လည်း မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည်မှာ မှန်ကန်ကြောင်း ရဲများက အတည်ပြုထားသည်။

No comments:

Post a Comment

My Blog List