Thursday, March 07, 2013

ဂျက်ကီချန်း နိုင်ငံရေးထဲ ဝင်ရန် တရုတ် စာရင်းသွင်း

Photo: ဂျက်ကီချန်း နိုင်ငံရေးထဲ ဝင်ရန် တရုတ် စာရင်းသွင်း
Thursday, March 7, 2013

ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်း အပါအဝင် အခြား နာမည်ကျော်များ လူအများ လေးစားသည့် တရုတ် အစိုးရ အကြံပေး အဖွဲ့အစည်းအဝေး သို့ တနင်္ဂနွေနေ့က တက်ရောက်ခဲ့ရာ အာဏာရ ကွန်မြူနစ် ပါတီအနေဖြင့် ”အပျော့ဆွဲ အာဏာ ထိန်းသိမ်းရေး” မျိုးစေ့ ချနေပြီဟု အကဲခတ် များက ရှုမြင်ကြသည်။

တရုတ် ကွန်မြူနစ် ပါတီမှ ကြီးမှူး ကျင်းပသည့် အဆိုပါ တရုတ် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်သို့ နိုဘယ်စာပေ ဆုရှင် မိုရန် နှင့် ဘတ်စကက် ဘောသမား အကျော်အမော် ယောင်မင်း တို့လည်း တက်ရောက် ခဲ့ကြသည်။ တက်ရောက်သူ ၂ဝဝဝ ထဲတွင် ဂျက်ကီချန်း ပါဝင်မှုကြောင့် ဟောင်ကောင်မြို့ခံတို့ ဝေဖန် ကန့်ကွက်ကြရာ ပြီးခဲ့သည့် နိုဝင်ဘာလက ဟောင်ကောင် တွင် လူထု ဆန္ဒပြပွဲများ တားမြစ်သင့်ကြောင်း ၄င်းမှဆိုခဲ့ အပြီး မြို့ လူထုမှ အမျက်ထွက်မှုကို ရောင်ပြန် ဟပ်စေခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် ဂျက်ကီမှ ”ကျွန်တော်တို့ တရုတ် လူမျိုးတွေကို ထိန်းဖို့ လိုနေပြီ” ဟု ပြောခဲ့ရာမှ ၄င်းအပေါ် မကျေနပ်ကြခြင်း ဖြစ်သည်။ ၅၈ နှစ်အရွယ် ၄င်းမှ လူထု၏ မကျေနပ်မှုကို မည်သို့မျှ တုံ့ပြန်မပြော လိုကြောင်း ပြောသည်။ ”ဒီအချိန်မှာ ဘာမှ မပြော လိုပါဘူး။ အသေးစိတ် ရှင်းနေဖို့ လည်း ကျွန်တော့်မှာ အချိန် မရှိပါဘူး” ဟု ပြောသည်။
အဆိုပါ အတိုက်အခံ အဖွဲ့မှာ နိုင်ငံရေး အရ လုပ်ပိုင်ခွင့် များစွာ မရှိသော်လည်း အာဏာရ ကွန်မြူနစ် ပါတီ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းစဉ်၏ ပြယုဂ် ဖြစ်ရာ ချန်းကို ရွေး ချယ်ခြင်းကြောင့် ဟောင်ကောင်ဒေသခံတို့နှင့် ရင်း နှီးချစ်ကြည်မှု ပိုမို ရရှိသည်ဟု ယုံ ကြည်ကြောင်း မဟာ တရုတ်လေ့ လာရေးစင်တာ ဒုညွှန်ကြားရေးမှူး ဘန်နီဟို ကဆိုသည်။ စည်းဝေး ပွဲသို့ တိဗက် ကိုယ်စားလှယ် ဖက်ဒါမာချို လင်းလည်းတက်ရောက်ခဲ့ရာ ၄င်းမှ တိဗက် အနေဖြင့် ကွယ်လွန်သူ မော်စီတုံးကို ထာဝရ ကျေးဇူးတင် လျက် ရှိကြောင်း ပြောသည်။

စည်းဝေးပွဲတွင် လယ်သမား များ ဝင်ငွေ တိုးရန်နှင့် သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေး ကိစ္စများ အပါအဝင် နိုင်ငံတွင်း အဂတိ လိုက်စားမှု လျှော့ချရေး၊ အုပ်ချုပ်ရေးပိုင်း ပြုပြင် ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ အ ကျယ် တဝင့် ဆွေးနွေးကြသည်။

S.T
Popular Myanmar News Journalကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်း အပါအဝင် အခြား နာမည်ကျော်များ လူအများ လေးစားသည့် တရုတ် အစိုးရ အကြံပေး အဖွဲ့အစည်းအဝေး သို့ တနင်္ဂနွေနေ့က တက်ရောက်ခဲ့ရာ အာဏာရ ကွန်မြူနစ် ပါတီအနေဖြင့် ”အပျော့ဆွဲ အာဏာ ထိန်းသိမ်းရေး” မျိုးစေ့ ချနေပြီဟု အကဲခတ် များက ရှုမြင်ကြသည်။
တရုတ်ကွန်မြူနစ်ပါတီမှကြီးမှူးကျင်းပသည့်အဆိုပါတရုတ် ပြည်သူ့နိုင် ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်သို့ နိုဘယ်စာပေ ဆုရှင် မိုရန် နှင့် ဘတ်စ ကက် ဘောသမား အကျော်အမော် ယောင်မင်း တို့လည်း တက်ရောက် ခဲ့ကြသည်။ တက်ရောက်သူ ၂ဝဝဝ ထဲတွင် ဂျက်ကီချန်း ပါဝင်မှုကြောင့် ဟောင်ကောင်မြို့ခံတို့ ဝေဖန် ကန့်ကွက်ကြရာ ပြီးခဲ့သည့် နိုဝင်ဘာလက ဟောင်ကောင် တွင် လူထု ဆန္ဒပြပွဲများ တားမြစ်သင့်ကြောင်း ၄င်းမှဆိုခဲ့ အပြီး မြို့ လူထုမှ အမျက်ထွက်မှုကို ရောင်ပြန် ဟပ်စေခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် ဂျက်ကီမှ ”ကျွန်တော်တို့ တရုတ် လူမျိုးတွေကို ထိန်းဖို့ လိုနေပြီ” ဟု ပြောခဲ့ရာမှ ၄င်း အပေါ် မကျေနပ်ကြခြင်း ဖြစ်သည်။ ၅၈ နှစ်အရွယ် ၄င်းမှ လူထု၏ မကျေနပ်မှုကို မည်သို့မျှ တုံ့ပြန်မပြော လိုကြောင်း ပြောသည်။ ”ဒီအချိန်မှာ ဘာမှ မပြော လိုပါဘူး။ အသေးစိတ် ရှင်းနေဖို့ လည်း ကျွန်တော့်မှာ အချိန် မရှိပါဘူး” ဟု ပြောသည်။
အဆိုပါ အတိုက်အခံ အဖွဲ့မှာ နိုင်ငံရေး အရ လုပ်ပိုင်ခွင့် များစွာ မရှိသော်လည်း အာဏာရ ကွန်မြူနစ် ပါတီ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းစဉ်၏ ပြယုဂ် ဖြစ်ရာ ချန်းကို ရွေး ချယ်ခြင်းေ ကြာင့် ဟော င်ကောင်ဒေသခံတို့နှင့် ရင်း နှီးချစ်ကြည်မှု ပိုမို ရရှိသည်ဟု ယုံ ကြည်ကြောင်း မဟာ တရုတ်လေ့ လာရေးစင်တာ ဒုညွှန်ကြားရေးမှူး ဘန်နီဟို ကဆိုသည်။ စည်းဝေး ပွဲသို့ တိဗက် ကိုယ်စားလှယ် ဖက်ဒါမာချို လင်းလည်းတက်ရောက်ခဲ့ရာ ၄င်းမှ တိဗက် အနေဖြင့် ကွယ်လွန်သူ မော်စီတုံးကို ထာဝရ ကျေးဇူးတင် လျက် ရှိကြောင်း ပြောသည်။

စည်းဝေးပွဲတွင် လယ်သမား များ ဝင်ငွေ တိုးရန်နှင့် သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေး ကိစ္စများ အပါအဝင် နိုင်ငံတွင်း အဂတိ လိုက်စားမှု လျှော့ချရေး၊ အုပ်ချုပ်ရေးပိုင်း ပြုပြင် ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ အ ကျယ် တဝင့် ဆွေးနွေးကြသည်။

S.T
Popular Myanmar News Journal

No comments:

Post a Comment

My Blog List