Friday, March 08, 2013

အီးယူ- မြန်မာ အဓွန့်ရှည်ကြာမည့်မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်

၂၀၁၃ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် ဥရောပကောင်စီဥက္ကဋ္ဌ မစ္စတာဟာမင်ဗန်ရွန်ပိုင်၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟိုဆေးမန်နျုရယ် ဘာရိုဆိုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့သည် မြန်မာနိုင်ငံ၏ သမိုင်းဝင် အပြောင်းအလဲများအတွက် အောက်ပါအတိုင်း အတူတစ်ကွ ပူးပေါင်း ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း သဘောတူခဲ့ကြပါသည် -
-
မြန်မာနိုင်ငံအားခေတ်မီသော ဒီမိုကရေစီနိုင်ငံဖြစ်လာစေရေးအတွက် ဆောင်ရွက်ရန်။ အမြင့်‌မားဆုံး နိုင်ငံတကာစံများ ပြည့်‌ဝစေရန် အတွက် အီးယူသည် မြန်မာနိုင်ငံ၏ ခက်မသုံးဖြာနှင့်‌ လည်းကောင်း၊ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့်‌ လည်းကောင်း နီးကပ်စွာ ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်သည်။ အီးယူဥက္ကဋ္ဌ (၂) ဦးနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့သည် ဥရောပ ပါလီမန်နှင့် မြန်မာနိုင်ငံ ပြည်သူ့ လွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုသည့် ဆန္ဒကိုလည်း ကြိုဆိုကြ ပါသည်။

-
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန်။   ပြည်တွင်းငြိမ်းချမ်းရေး မရရှိပါက၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ကြွယ်ဝချမ်းသာမှု မရရှိနိုင်ပါ။ ရေရှည် တည်မြဲမည့်‌ နိုင်ငံရေးအရဖြေရှင်းမှုအတွက်  လူ တိုင်းပါဝင်ခွင့်‌ရှိသည့်‌ ဆွေးနွေးမှုများပြုလုပ်ရန် အစိုးရအနေဖြင့် သန္နိဌာန် ချထားပြီး ဖြစ်ပါ သည် ။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကာလကြာရှည် တည်ရှိနေသည့်‌ သဘော ထား ကွဲလွဲမှုများကို ပြေလည်စွာ ဖြေရှင်းနိုင်ရန်လိုပါသည်။ အီးယူသည်  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှုများနှင့်‌ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာနအား ဆက်လက် ထောက် ခံသွားမည်ဖြစ်ပါသည်။
-
မြန်မာနိုင်ငံသား အားလုံးအတွက် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးမြှင့်တင်ရန်။ မြန်မာအစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်တို့ကို ခွင့်ပြုထားပြီးဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့် လှစ်ခြင်း ဖြစ်ပါသည်။ အတိုက်အခံများနှင့် ယခင်နိုင်ငံရေးအကျဉ်းသားများ ပါဝင်သောအစိုးရမှ ဖွဲ့ စည်း ထားသည့် ပြန်လည်စိစစ်ရေး ယန္တရားသည် ကျန်ရှိသောကိစ္စရပ်များကိုလည်း ပွင့်လင်းမှုနှင့် ပြန်လည်သင့်‌မြတ်ရေး စိတ်ဓါတ်များ ဖြင့် ဖြေရှင်းပေးသွားနိုင်မည် ဖြစ်ပါသည်။ ဤကဏ္ဍတွင် အီးယူ နှင့် မြန်မာသည် တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် မြန်မာနိုင်ငံ၏ သန္နိဌာန်ပြုချက် များ ဖြည့်‌ဆည်းနိုင်ရေးအတွက် အကူအညီပေးသွားမည် ဖြစ်ပါသည်။ အထူးသဖြင့်  ဘက်လိုက်မှု ကင်းရှင်းသော၊ ထိရောက်မှုရှိသော တရားရေးဆိုင်ရာကဏ္ဍ တည်ဆောက်ရန် မြန်မာအစိုးရ၏ ကြိုး ပမ်းအားထုတ်မှုများကို အီးယူကထောက်ခံ သွားမည် ဖြစ်ပါသည်။
-
နိုင်ငံတကာ အသိုင်းအဝန်းတွင် တက်ကြွ၍ လေးစားဖွယ်ဖြစ်သော  မြန်မာနိုင်ငံအဖြစ်  ဖော်ဆောင်ရေးအတွက် လက်တွဲဆောင်ရွက် သွားရန်။ ဤကိစ္စနှင့်‌စပ်လျဉ်း၍ နိုင်ငံတကာလူ့အခွင့်အရေး သဘောတူညီချက်များ International Human Rights Agreements နှင့် NPT စာချုပ်၏ နောက်ဆက်တွဲ ပရိုတိုကောသို့ ဝင်ရောက်ရန် မြန်မာနိုင်ငံမှ အဆင်သင့် ဖြစ်ခြင်းမှာလည်း အထူးအရေးကြီးသည့်‌ကိစ္စ ဖြစ်ပါသည်။
  -
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အီးယူ-မြန်မာ ပူးပေါင်းဆောင်ရွက်သွားရန်။ စီးပွားရေး ပြု ပြ င်ပြောင်းလဲမှုဖြစ်သည့်‌ ပြည်သူဗဟိုပြု လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအစိုးရမျှော်မှန်းချက် များ၊ ဈေး ကွက် စီးပွားရေးနှင့်‌ စီးပွားရေးလုပ်ငန်းများတွင်  တန်းတူယှဉ်ပြိုင်နိုင်ရေး တို့ကို အကောင်အထည်ေ ဖ်ာခြင်းဖြင့်‌  မြန်မာနိုင်ငံသားများ အားလုံး၏ ဖွံ့ဖြိုး တိုးတက်မှု အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် ဖြစ်ပါသည်။ ဤပြုပြင် ပြောင်းလဲမှုများကိုလည်း စတင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံ အားပေးသည့်‌အနေဖြင့် GSP/EBA အောက်၌ သက်သာခွင့်‌များရရှိရေး အပါအ၀င် အီးယူ၏ဈေးကွက် အတွင်းသို့ အဟန့်အတားမရှိ အမြန်ဆုံးပြန်လည် ၀င်ရောက် နိုင်ရန် အတွက် အီးယူကစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ နောက်တစ်ဆင့်‌ အနေ ဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေရန်အတွက် အီးယူနှင့် မြန်မာနှစ်ဘက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သေ ဘာတူညီချက် တစ်ရပ် ရေးထိုးနိုင်ရေး ဖြစ်နိုင်ချေကို လေ့လာဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အ ထူး သဖြင့်‌ သယံဇာတတူးဖော်မှု လုပ်ငန်းများတွင် စီးပွားရေး လုပ်ငန်းများ၏ တာဝန်ရှိမှု (Corp orate Social Responsibility)  ဆိုင်ရာ အလေ့အကျင့်‌ကောင်းများကို မြှင့်‌တင်သွားမည် ဖြစ်ပါသည်။ နှစ်ဖက်စလုံးက စီးပွားရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု မြှင့်‌တင်နိုင်ရေးအတွက် တိကျခိုင်မာသည့်‌‌ 
 ခြေ လှမ်းများစတင်ရန် သဘောတူကြပါသည်။
-
ကျွမ်းကျင်ထိရောက်သော တုံ့ပြန်မှုစနစ်တစ်ရပ်ကို တည်ထောင်သွားခြင်းဖြင့်‌ အရေးပေါ်အခြေအနေ များအတွက် ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုနှင့်‌ ကျွမ်းကျင်မှု များကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
-
ဖွံ့ဖြိုးရေး မိတ်ဖက်အဖြစ် တည်ဆောက်ရန်။ ‌နေပြည်တော် သဘောတူညီချက်၊ အစိုးရ၏ လုပ်ငန်း စီမံချက်များနှင့်‌ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် အစိုးရ၏ ဆောင်ရွက်ချက်များနှင့်‌အညီ အီးယူ သည် တစ်နိုင်ငံလုံးဖွံ့ဖြိုးမှု ဦးစားပေး အစီအစဉ် နှင့်‌ ပတ်သက်သည့့်  အကူအညီများ တိုးမြှင့်ပေး သွားမည် ဖြစ်ပါသည်။  အနာဂါတ် ကာလ ပိုမိုဖွံ့ဖြိုးတိုးတက်မှုရရှိရန်  မြန်မာအစိုးရ၏ ကြိုးပမ်း ချက် များကို အီးယူမှ ကူညီသွားမည်ဖြစ်ပါသည်။  ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့်  မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ တစ်ပြိုင်တည်းတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကျယ်ပြန့်သော မူဝါဒဆိုင် ရာ ဆွေးနွေး   မှုများ ပြုလုပ်သွားရန်လည်း နှစ်ဖက်သဘောတူညီကြပါသည်။
  -    
ပညာရေးဆိုင်ရာအပြန်အလှန် ဖလှယ်ခြင်းများ၊ သတင်းဌာန အဆက်အသွယ်များ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ နှစ်ဖက်လူမှု အသိုက်အ၀န်းများ ပိုမိုနီးစပ်ရေးအတွက် ဆောင်ရွက်သွားရန်။ မြန်မာအစိုးရသည် မြန်မာ့ယဉ်ကျေး မှု အမွေအနှစ်များ ထိန်းသိမ်းရန် ဆုံးဖြတ်ထားသည့်‌ အားလျော်စွာ ရန်ကုန်မြို့ရှေးဟောင်း အမွေ အ နှစ် ထိန်းသိမ်းမှု ဇုန်တွင် ဥရောပအဆောက်အအုံ (Europe House) တစ်ခုဖွင့်‌လှစ်နိုင်ရေးအတွက် သင့်‌လျော်သည့်‌ အဆောက်အအုံ တစ်လုံးအား ပေးအပ်ရန် စဉ်းစားသွားမည် ဖြစ်ပါသည်။ မြန်မာပြည်သူများနှင့်‌ ၎င်းတို့၏ ယဉ်ကျေးမှုဓလေ့များ၏ အကျိုးစီးပွား အလို့ငှာ ရေရှည် တည်တံ့ သည့်‌  ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးအတွက်၊ မြန်မာနိုင်ငံက ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးနှင့်‌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များ တွင် အီးယူနှင့်‌ ပူးပေါင်း ဆောင်ရွက်ရေး ကိုလည်း မြန်မာနိုင်ငံ ကြိုဆိုပါသည်။
-
မိတ်ဖက်ဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းရန်နှင့်‌ ဆုံးဖြတ်ချက်များကို လက်တွေ့အကောင် အထည်ဖော်နိုင်ရန် (ပူးတွဲလုပ်ငန်း အဖွဲ့) တစ်ဖွဲ့ကို ဖွဲ့စည်း ထူထောင်သွားမည် ဖြစ်ပါသည်။ ၎င်း အဖွဲ့သည် တိုးတက်မှု အခြေအနေ များအား ဆန်းစစ်ရန်နှင့်‌  အနာဂါတ် ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်‌တင် နိုင်ရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ထပ်မံတွေ့ဆုံသွားမည် ဖြစ်ပါသည်။

No comments:

Post a Comment

My Blog List