Thursday, March 07, 2013

တရုတ်နိုင်ငံက ကာကွယ်ရေး ကဏ္ဍတွင် ငွေကြေးတိုးမြှင့် သုံးစွဲသွားမည်

Photo: တရုတ်နိုင်ငံက ကာကွယ်ရေး ကဏ္ဍတွင် ငွေကြေးတိုးမြှင့် သုံးစွဲသွားမည်
Thursday, March 7, 2013

တရုတ် နိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ်ကို ၁ဝ ဒသမ ၇ ရာခိုင်နှုန်း အထိ တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ကဏ္ဍတွင် စုစုပေါင်း အသုံးစရိတ် စတာလင်ပေါင် ၇၆ ဒသမ ၄ ဘီလီယံကို သုံးစွဲသွားမည် ဖြစ်ကြောင်း တရုတ် အစိုးရ အဖွဲ့က ကြေညာခဲ့သည်။

အသုံးစရိတ် များကို စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များ၏ ဘဝ နေထိုင်မှုနှင့် အလုပ်လုပ်ကိုင် မှုကို တိုးမြှင့်ရာတွင် အထောက်အပံ့ ပေးရေး ကြိုးပမ်း ဆောင်ရွက်မှုများနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ခေတ်မီလက် နက်များ ပိုမို တပ်ဆင်ပေးရန် သတင်း အချက်အလက် အပေါ် အခြေခံ၍ လုံခြုံ စိတ်ချရသော အမျိုးသား လုံခြုံရေး အခြေအနေတို့ ဖြစ်လာစေရေး တို့တွင် အသုံးပြု သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

အဆိုပါ ကြေညာချက်သည် တရုတ် အမျိုးသား ပြည်သူ့လွှတ်တော် (NPC) ၏ အစည်းအဝေး ပထမနေ့တွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ အာဏာရ ကွန်မြူနစ် ပါတီ၏ ဆယ်စုနှစ် တစ်ခုလျှင် တစ်ကြိမ် သာ ခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်သော အချိန်ဖြစ် သောကြောင့် ယခုနှစ်တွင် ကျင်းပသော နှစ်ပတ်လည် အစည်းအဝေးသည် ပိုမို ထူးခြားမှုရှိသည်။

ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုသည် ဒေသတွင်း တင်းမာမှုများ ဖြစ်ပွား ချိန်တွင် ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အရှေ့ တရုတ်ပင်လယ် အတွင်းရှိ ကျွန်းနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံနှင့် ပိုင်နက် အငြင်းပွားမှု အခြေ အနေမှာ ဆက်လက် တည်ရှိနေဆဲဖြစ် သည်။

တရုတ်နိုင်ငံသည် ၎င်း၏ စစ်အင်အားကို နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ ပိုမို အင်အား တိုးတက် အောင်ဆောင်ရွက် ရေးသဘောထားကို လျှို့ဝှက်ထားခြင်း မရှိဘဲ လုပ်ဆောင် ခဲ့သည်။ ဂျပန်ဝန်ကြီး ချုပ်သစ် ရှင်ဇိုအာဘေးကလည်း ဇန်နဝါရီလက ၎င်း၏ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့် လုပ်ဆောင် ခဲ့ကြောင်း နှင့်အမေရိကန်ကလည်း လာမည့်ဆယ် စုနှစ်ကျော်တွင် အာရှ- ပစိဖိတ်ဒေသ သို့ဦးတည် ၍ ပြန်လည် အင်အား ထိန်းညှိရန် ကတိပြုထားခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် အမေရိကန်၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်သည် စတာလင်ပေါင် ၄၁၈ ဘီလီယံရှိခဲ့ကြောင်း၊ ယင်းအသုံးစရိတ်သည် တရုတ် နိုင်ငံက ထုတ်ပြန် ကြေညာထားသည့် တိုးမြှင့် သုံးစွဲသွားမည့် ကာကွယ်ရေး အသုံးစရိတ် စတာလင်ပေါင် ၇၆ ဘီလီ ယံထက် များစွာ ကျော်လွန်နေပါသည်။

http://bit.ly/ZhdLXu
မြ၀တီတရုတ် နိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ်ကို ၁ဝ ဒသမ ၇ ရာခိုင်နှုန်း အထိ တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ကဏ္ဍတွင် စုစုပေါင်း အသုံးစရိတ် စတာလင်ပေါင် ၇၆ ဒသမ ၄ ဘီလီယံကို သုံးစွဲသွားမည် ဖြစ်ကြောင်း တရုတ် အစိုးရ အဖွဲ့က ကြေညာခဲ့သည်။
အသုံးစရိတ် များကို စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များ၏ ဘဝ နေထိုင်မှုနှင့် အလုပ်လုပ်ကိုင် မှုကို တိုးမြှင့်ရာတွင် အထောက်အပံ့ ပေးရေး ကြိုးပမ်း ဆောင်ရွက်မှုများနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ခေတ်မီလက် နက်များ ပိုမို တပ်ဆင်ပေးရန် သတင်း အချက်အလက် အပေါ် အခြေခံ၍ လုံခြုံ စိတ်ချရသော အမျိုးသား လုံခြုံရေး အခြေအနေတို့ ဖြစ်လာစေရေး တို့တွင် အသုံးပြု သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

အဆိုပါ ကြေညာချက်သည် တရုတ် အမျိုးသား ပြည်သူ့လွှတ်တော် (NPC) ၏ အစည်းအဝေး ပထမနေ့တွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ အာဏာရ ကွန်မြူနစ် ပါတီ၏ ဆယ်စုနှစ် တစ်ခုလျှင် တစ်ကြိမ် သာ ခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်သော အချိန်ဖြစ် သောကြောင့် ယခုနှစ်တွင် ကျင်း ပသော နှစ်ပတ်လည် အစည်းအဝေးသည် ပိုမို ထူးခြားမှုရှိသည်။

ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုသည် ဒေသတွင်း တင်းမာမှုများ ဖြစ်ပွား ချိန်တွင် ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အရှေ့ တရုတ်ပင်လယ် အတွင်းရှိ ကျွန်းနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံနှင့် ပိုင်နက် အငြင်းပွားမှု အခြေ အနေမှာ ဆက်လက် တည်ရှိနေဆဲဖြစ် သည်။

တရုတ်နိုင်ငံသည် ၎င်း၏ စစ်အင်အားကို နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ ပိုမို အင်အား တိုး တက် အောင်ေ ဆာင်ရွက် ရေးသဘောထားကို လျှို့ဝှက်ထားခြင်း မရှိဘဲ လုပ်ဆောင် ခဲ့သည်။ ဂျပန်ဝန်ကြီး ချုပ်သစ် ရှင်ဇိုအာဘေးကလည်း ဇန်နဝါရီလက ၎င်း၏ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့် လုပ်ဆောင် ခဲ့ကြောင်း နှင့်အမေရိကန်ကလည်း လာမည့်ဆယ် စုနှစ်ကျော်တွင် အာရှ- ပစိဖိတ်ဒေသ သို့ဦးတည် ၍ ပြန်လည် အင်အား ထိန်းညှိရန် ကတိပြုထားခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် အမေရိကန်၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်သည် စတာလင်ပေါင် ၄၁၈ ဘီလီယံရှိခဲ့ကြောင်း၊ ယင်းအသုံးစရိတ်သည် တရုတ် နိုင်ငံက ထုတ်ပြန် ကြေညာထားသည့် တိုးမြှင့် သုံးစွဲသွားမည့် ကာကွယ်ရေး အသုံးစရိတ် စတာလင်ပေါင် ၇၆ ဘီလီ ယံထက် များစွာ ကျော် လွန်နေ ပါသည်။

http://bit.ly/ZhdLXu
မြ၀တီ

No comments:

Post a Comment

My Blog List