Saturday, March 09, 2013

ဒီချုပ် စမ်းသပ်မှုကာလတစ်ခု ဖြတ်သန်းရမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: ဒီချုပ် စမ်းသပ်မှုကာလတစ်ခု ဖြတ်သန်းရမည်ဟု ပါတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Saturday, March 9, 2013

နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရွေးချယ်တင်မြှောက်ခံရသော
လူသစ်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်
စမ်းသပ်မှု ကာလတစ်ခုဖြတ်သန်းရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံး
ဆိုင်ရာ ညီလာခံအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အခု ညီလာခံပြီးသွားရင် စမ်းသပ်မှုကာလတစ်ခုကို ဖြတ်သန်းရမှာ
ဖြစ်ပါတယ်။ စမ်းသပ်မှုကာလကတော့ အမြဲတမ်း အခက်အခဲတွေ
ရှိနိုင်ပါတယ်။ စမ်းသပ်ကာလမှာ ထင်သလို မဖြစ်လာတာတွေလည်း
မြင်လာပါလိမ့်မယ်'' ဟု မိန့်ခွန်းတွင် ၄င်းကထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လူသစ်များဖြင့်
သွေးသစ်လောင်းမည်ဖြစ်ပြီး လက်ရှိအချိန်ကာလနှင့် ကိုက်ညီသော
ခေါင်းဆောင်၊ ပါတီနှင့် သင့်လျော်သော ခေါင်းဆောင်များကို ရွေးချယ်ကြရန် ညီလာခံတက်ရောက်လာသော ပါတီဝင်ကိုယ်စားလှယ်များကို တိုက်တွန်းခဲ့သည်။ 

ထို့အပြင် နေရာယူသော စိတ်ဓာတ်ဖြင့် အလုပ်မလုပ်ဘဲ တာဝန်ယူတက်သော စိတ်ဓာတ်ဖြင့် အလုပ်လုပ်ကြရန်လည်း ပါတီကိုယ်စားလှယ်များကို တိုက်တွန်းသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၊ 
တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် အပါအ၀င် လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင်
မတ် ၈ ရက်မှ ၁၀ ထိ ကျင်းပခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှ ကိုယ်စားလှယ်
ပေါင်း ၁,၅၀၀ ကျော် တက်ရောက်ကြသည်။

Photo- EPA
7Day News Journalနိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရွေးချယ်တင်မြှောက်ခံရသော လူသစ် များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စမ်းသပ်မှု ကာလ တစ်ခုဖြတ်သန်းရမည်ဖြစ်ကြောင်းပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က ပြော သည်။
ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံအခမ်းအနားတွင်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ခြင်ြး ဖစ် သည်။''အခု ညီလာခံပြီးသွားရင် စမ်းသပ်မှုကာလ တစ်ခုကို ဖြတ် သန်းရမှာဖြစ်ပါတယ်။ စမ်းသပ်မှုကာလကတော့ အမြဲတမ်း အခက်အခဲတွေရှိနိုင်ပါတယ်။ စမ်းသပ်ကာလ မှာ ထင်သလို မဖြစ်လာတာတွေလည်းမြင်လာ ပါလိမ့်မယ်'' ဟု မိန့်ခွန်းတွင် ၄င်းကထည့် သွင်းပြောကြား ခဲ့ သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လူသစ်များဖြင့်သွေးသစ်လောင်းမည်ဖြစ်ပြီး လက်ရှိအချိန် ကာလနှင့် ကိုက်ညီသောခေါင်းဆောင်၊ ပါတီနှင့် သင့်လျော်သော ခေါင်းဆောင်များကို ရွေးချယ်ကြရန် ညီလာခံတက်ရောက်လာသော ပါတီဝင်ကိုယ်စားလှယ်များကို တိုက်တွန်းခဲ့သည်။

ထို့အပြင် နေရာယူသော စိတ်ဓာတ်ဖြင့် အလုပ်မလုပ်ဘဲ တာဝန်ယူတက်သော စိတ်ဓာတ်ဖြင့် အလုပ် လုပ်ကြရန်လည်း ပါတီကိုယ်စားလှယ်များကို တိုက်တွန်းသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် အပါ အ၀င် လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင်မတ် ၈ ရက်မှ ၁၀ ထိ ကျင်းပခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှ ကိုယ်စားလှယ်ပေါင်း ၁,၅၀၀ ကျော် တက်ရောက်ကြသည်။

Photo- EPA
7Day News Journal

No comments:

Post a Comment

My Blog List