
မြန်မာနိုင်ငံ၏ နွေရာသီကာလသည် မတ်လဆန်းတွင် စတင်ပြီး ယခုနှစ် တွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ခန့်မှ စတင်ကာ အပူချိန် မြင့်တက်မှု ကို ခံစားလာရခြင်း ဖြစ်သည်။ “မြစ်ဝကျွန်းပေါ် ဧရာဝတီ၊ ရန်ကုန်က ပုံမှန်ထက် ၆၀ ရာခိုင်နှုန်းလောက် ပိုပူမယ်။ ကရင်တို့၊ မွန်တို့၊ တနင်္သာရီတို့က ၅၀ ရာခိုင်နှုန်းလောက် ပိုပူမယ်။ ကျန်တစ်ပြည်လုံး က ၄၀ ရာခိုင်နှုန်းလောက် ပိုမယ်။ ပုံမှန်ထက် ပိုမှာပေါ့။ နောက်ပိုင်း ရောက်လာလေ အဲဒီအပူက ဘယ်အထိ တက်သွားမလဲဆိုတော့ ချင်းတို့၊ စစ်ကိုင်းအထက်ပိုင်း အထိကို ရောက်သွားမယ်။ အပူဒဏ်ကတော့ ပုံမှန်ထက် ပိုမှာတော့ သေချာတယ်။ အန္တရာယ်ရှိတဲ့ အဆင့်ထိရောက်၊ မရောက် ဆိုတာကတော့ ဒါအခြေ အနေပေါ် စောင့်ကြည့်ရမှာပေါ့” ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ဆိုသည်။
၂၀၁၂ ခုနှစ် ဆောင်းရာသီ ကာလ၌လည်း နယ်ဒေသများတွင်သာအေးမြခြင်းကို အထိုက်အလျောက် ကြုံတွေ့ခဲ့ရကာရန်ကုန်မြို့ကဲ့သို့သော မြို့ပြတွင် ဆောင်းရာသီကာလပင် ဖြစ်သော် လည်း နေ့ အပူချိန် မြင့် တက်ခြင်းများ၊ ညအပူချိန် ပုံမှန်ဆောင်းထက် မြင့်တက်ခြင်းများ တွေ့ကြုံခဲ့ရသည်။
မြန်မာနိုင်ငံ၏ နွေရာသီ ကာလသည် မတ်လဆန်းမှ မေလအထိ ဖြစ်ကာ ယခုနှစ်များ အတွင်းတွင်မူ ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများကြောင့် ပူပြင်းခြောက်သွေ့သော ကာလရှည်လျား လာ ခဲ့ခြင်းဖြစ်သည်။
“ဒီနှစ်က အယ်လ်နီညိုတော့ မဖြစ်ဘူး။ ကြားနေနှစ်ပဲ။ ဒါပေမဲ့တော်တော်ပူမယ် ဆိုတာကတော့ မနှစ်က တည်းက ဆောင်းရာသီ ကတည်းက အပူချိန်တွေကတော့ ပုံမှန်ထက် ပိုမယ်လို့ ခန့်မှန်းထားတာ အခုလည်း ပူနေတာပဲ။ အခုတော့ နွေရာသီ စ၀င်ပြီပေါ့။ ဒီနှစ်က ထူးခြားတာက ပူတာ ထက် ရေငွေ့ ပါဝင်မှု တော်တော် နည်းတာပဲ” ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။
“ရေငွေ့ပါဝင်မှုနည်းတော့ ခရမ်းလွန်ရောင်ခြည် တိုးလာတာပဲ။ ခရမ်းလွန်ရောင်ခြည်က အမြင့်ဆုံးအဆင့်က ကမ္ဘာပေါ်မှာ သတ်မှတ်ထားတာ ၁၁+ လောက် သတ်မှတ်ထားတယ်။ ၀ ကနေ ၁၁ အထိ ရှိတယ်။ အခုဖြစ် နေတာ ၁၄ အထိ ရှိတယ်။ ကျန်းမာရေး ပြဿနာအထိ ရှိနိုင်တယ်” ဟု ၎င်းကဆိုပါသည်။
၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့် နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညိုနှစ်များ တွေ့ကြုံခဲ့ရကာ စံချိန်တင် ပူပြင်းမှုများ၊မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေး ချို့တဲ့ခြင်းများ၊လူသေဆုံးခြင်းများဖြစ်ပေါ်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment