မန္တလေးမြို့နေ ပြည်သူများ သွားလာမှု လွယ် ကူေ ချာမွေ့ စေရန်နှင့် မန္တလေး
မြို့တွင် ပထမဆုံး မီတာ စနစ်ဖြင့် မောင်းနှင်ပေးမည့် မန္တလေးဂုဏ် ကုမ္ပဏီ
လီမိတက်၏ မြို့တော် အငှားယာဉ် လုပ်ငန်း ဖွင့်ပွဲကို မတ် ၅ ရက် နံနက် ၉
နာရီက မန္တလေး တိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ် အနှိပ်ေ တာ် ရပ်ကွက် ၅၈
လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်း ကြားရကုမ္ပဏီ ရုံးရှေ့၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲသို့ မန္တလေးတိုင်း ဒေသကြီး စည်ပင် သာယာရေး ဝန်ကြီး
ဦးအောင်မောင်း၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်နှင့်
စက်မှုလက်မှု ဝန်ကြီး ဒေါက်တာ မြင့်ကြူ၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး
ဦးအောင်ဇံ၊ ယာဉ်ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူ များနှင့် ဖိတ်ကြား
ထားသူများ တက်ရောက် ကြသည်။အခမ်းအနားတွင် စည်ပင် သာယာရေး ဝန်ကြီး ဦးအောင်မောင်း၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းနှင့် မန္တလေး ဂုဏ်ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးရန်သိမ်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီး ဝန်ကြီးများက VauxhallAstra အငှား ယာဉ်ငယ်များကို အမွှေး နံ့သာရည် ပက်ဖျန်း ပေးခဲ့ကြောင်း သိရသည်။
http://bit.ly/ZklK9O

No comments:
Post a Comment