Monday, March 04, 2013

မြန်မာ နိုင်ငံသို့ ပြန်လာပြီး နိုင်ငံနှင့် ပြည်သူ တို့၏ လူမှု စီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက် ကြစေလို

Photo: မြန်မာ နိုင်ငံသို့ ပြန်လာပြီး နိုင်ငံနှင့် ပြည်သူ တို့၏ လူမှု စီးပွား ဘဝ
ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက် ကြစေလို
Monday, March 4, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ် ၂ ရက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီခွဲက ဖင်လန် သမ္မတ နိုင်ငံ ဟယ်လ်စင်ကီ မြို့ရှိ Business Park ဆိပ်ကမ်းကို သွားရောက် ကြည့်ရှု လေ့လာ သည်။

နိုင်ငံတော် သမ္မတ နှင့်အဖွဲ့ဝင် များအား Vuosaari ဆိပ်ကမ်းမှ ဒါရိုက်တာ Mr.Jukka Kallio က ဆိပ်ကမ်းကို ၂ဝဝ၃ ခုနှစ် ဇန်နဝါရီ လတွင် စတင် ဆောက်လုပ်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့မှု၊ မြို့တွင်းရှိ West Harbour နှင့် North Harbour တို့ကို မြို့ပြသစ် စီမံကိန်းအတွက် ဖျက်သိမ်းခဲ့ပြီး၊ ယခုဆိပ်ကမ်းကို တည်ဆောက်ခဲ့မှု၊ တည်ဆောက်ရာတွင် ဆိပ်ကမ်း အနီးဝန်းကျင်ရှိ သဘာဝ ကျေးငှက်များ နေထိုင်သည့်
ဘေးမဲ့ဇုန်ကို မထိခိုက်အောင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံ များဖြင့် လုပ်ဆောင်ခဲ့မှု၊ သင်္ဘော ဆိပ်ကမ်းနှင့် Business Park ကို ဆက်စပ် တည်ဆောက်ခဲ့မှုအခြေအနေများကိုရှင်းလင်း ပြောကြားသည်။                              
ထို့နောက်  နိုင်ငံတော် သမ္မတက မြန်မာ နိုင်ငံတွင် ရေနက် ဆိပ်ကမ်း သုံးခု ဆောက်လုပ်ရန် စီမံဆောင်ရွက် နေပါကြောင်း၊ ယင်းဆိပ်ကမ်း များတွင် ကုန်ပစ္စည်း တင်ချမှု လုပ်ငန်းများ ကိုင်တွယ် ဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် မှုတို့နှင့် ပတ်သက်၍ ဖင်လန် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် လိုပါကြောင်း
ပြောကြားခဲ့ပြီး ဆိပ်ကမ်းအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို
မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှု သည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတသည် Mr. Elias Ekdahl သို့ သွားရောက် လေ့လာရာ ညွှန်ကြားရေး မှူးချုပ် ပါမောက္ခ Mr. Elias Ekdahl က Geological  Survey မှာ ၁၈၈၅ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် ဖင်လန် နိုင်ငံ၌ တွင်းထွက် သယံဇာတ ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် မထိခိုက် စေဘဲ ထုတ်လုပ် နိုင်သည့် Green Mining နည်းပညာများကို လေ့လာဆောင် ရွက်လျက် ရှိပါကြောင်း၊ ဖင်လန် နိုင်ငံတွင် သဘာဝသယံ ဇာတများ တည်ရှိနေမှု မြေပုံကို
ပြုစု နေသကဲ့သို့  အခြားနိုင်ငံ ပေါင်း ၄ဝ ကျော်တွင်လည်း သယံဇာတ မြေပုံ ရေးဆွဲရေး လုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် နိုင်ငံတော် သမ္မတက Geological Survey သို့ လာရောက် လေ့လာခွင့် ရရှိသည့် အတွက် ကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာ နိုင်ငံတွင် သဘာဝတွင်းထွက် သယံဇာတများ ကြွယ်ဝ သော်လည်း စနစ်တကျ လေ့လာ သုံးသပ် ပြုစုထားခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံ၏ သယံဇာတ ကြွယ်ဝမှု အခြေ အနေကို မှန်ကန်စွာ သိရှိပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် ဖင်လန်နိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက် လိုပါ ကြောင်းဖြင့် ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတသည် ဘူမိဗေဒ ဆိုင်ရာ ပြခန်းကို လှည့် လည်ကြည့်ရှု လေ့လာပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ Mr. Elias Ekdahl က နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များ အား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

ညနေပိုင်းတွင် နိုင်ငံတော် သမ္မတအား ဖင်လန် သမ္မတ နိုင်ငံ၌ အခြေချနေ ထိုင်ကြသော ကယန်း၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်စသည့် မြန်မာ တိုင်းရင်းသား မိသားစုများက ခေတ္တ တည်းခို သည့် ဟယ်လ်စင် ကီမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာသို့ လာရောက်၍ ဂါရဝ ပြုတွေ့ဆုံကြ သည်။

တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတက မြန်မာ တိုင်းရင်းသား မိသားစုများအား ရင်းနှီး ခင်မင်စွာ နှုတ်ဆက်၍ ၎င်းတို့နှင့် အတူ  မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

ထို့နောက် အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံတွင် လက်ရှိ ကာလ၌ နိုင်ငံကို တည်ဆောက် နေချိန် ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက် လာသည် နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ တိုးတက်လာမည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် မြန်မာ နိုင်ငံသို့ ပြန်လာပြီး
နိုင်ငံနှင့် ပြည်သူတို့၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း၊ မည်သည့် နိုင်ငံတွင်
နေထိုင်သည်ဖြစ်စေ မိမိတို့ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်စွာ နေထိုင်ပြီး မိမိတို့ ဘဝ ဖွံ့ဖြိုး တိုးတက်အောင်
ဆောင်ရွက် စေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာ တိုင်းရင်းသား များက မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ များနှင့် ပတ်သက်၍ သိရှိ လိုသည်များကို မေးမြန်းကြရာ နိုင်ငံတော် သမ္မတက အသေးစိတ်
ပြန်လည် ဖြေကြားခဲ့သည်။

ထို့နောက် နိုင်ငံတော် သမ္မတသည် ဟယ်လ်စင်ကီမြို့ ဖွံ့ဖြိုး တိုးတက်မှုကို မော်တော် ယာဉ်ဖြင့် လှည့်လည် လေ့လာပြီး
ကျောက်တုံးများဖြင့် တည်ဆောက် ထားသော Temppeliaukio ဘုရားကျောင်း ကိုလည်း သွားရောက် လေ့လာ ခဲ့ သည်။

နိုင်ငံတော် သမ္မတသည် ညနေ ၆ နာရီခွဲတွင် နိုင်ငံတော် ဧည့်ဂေဟာ၌ ဟယ်လ်စင် ကီမြို့ ရှိ Suomen Ku-valehti အပတ်စဉ်ထုတ် သတင်းစာမှ Ms. Katri Merikallio အား လက်ခံ တွေ့ဆုံပြီး မေးမြန်း မှုများကို
ပြန်လည် ဖြေကြား ခဲ့သည်။

မြဝတီပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မတ် ၂ ရက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီခွဲက ဖင်လန် သမ္မတ နိုင်ငံ ဟယ်လ်စင်ကီ မြို့ရှိ Business Park ဆိပ်ကမ်းကို သွားရောက် ကြည့်ရှု လေ့လာ သည်။
နိုင်ငံတော် သမ္မတ နှင့်အဖွဲ့ဝင် များအား Vuosaari ဆိပ်ကမ်းမှ ဒါရိုက်တာ Mr.Jukka Kallio က ဆိပ်ကမ်းကို ၂ဝဝ၃ ခုနှစ် ဇန်နဝါရီ လတွင် စတင် ဆောက်လုပ်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့မှု၊ မြို့တွင်းရှိ West Harbour နှင့် North Harbour တို့ကို မြို့ပြသစ် စီမံကိန်းအတွက် ဖျက်သိမ်းခဲ့ပြီး၊ ယခုဆိပ်ကမ်းကို တည်ဆောက်ခဲ့မှု၊ တည်ဆောက်ရာတွင် ဆိပ်ကမ်း အနီးဝန်းကျင်ရှိ သဘာဝ ကျေးငှက်များ နေထိုင်သည့်ဘေးမဲ့ဇုန်ကို မထိခိုက်အောင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံ များဖြင့် လုပ်ဆောင်ခဲ့မှု၊ သင်္ဘော ဆိပ်ကမ်းနှင့် Business Park ကို ဆက်စပ် တည်ဆောက်ခဲ့မှုအခြေအနေများကိုရှင်းလင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော် သမ္မတက မြန်မာ နိုင်ငံတွင် ရေနက် ဆိပ်ကမ်း သုံးခု ဆောက်လုပ်ရန် စီမံဆောင် ရွက် နေပါကြောင်း၊ ယင်းဆိပ်ကမ်း များတွင် ကုန်ပစ္စည်း တင်ချမှု လုပ်ငန်းများ ကိုင်တွယ် ဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် မှုတို့နှင့် ပတ်သက်၍ ဖင်လန် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် လိုပါကြောင်းပြောကြားခဲ့ပြီး ဆိပ်ကမ်းအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ကိုမော်တော် ယာဉ်ဖြင့် လှည့်လည် ကြည့်ရှု သည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတသည် Mr. Elias Ekdahl သို့ သွားရောက် လေ့လာရာ ညွှန်ကြားရေး မှူးချုပ် ပါမောက္ခ Mr. Elias Ekdahl က Geological Survey မှာ ၁၈၈၅ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် ဖင်လန် နိုင်ငံ၌ တွင်းထွက် သယံဇာတ ထုတ်လုပ် မှုများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် မထိခိုက် စေဘဲ ထုတ်လုပ် နိုင်သည့် Green Mining နည်းပညာ များကို လေ့လာဆောင် ရွက်လျက် ရှိပါကြောင်း၊ ဖင်လန် နိုင်ငံတွင် သဘာဝသယံ ဇာတများ တည်ရှိနေ မှု မြေပုံကိုပြုစု နေသကဲ့သို့ အခြားနိုင်ငံ ပေါင်း ၄ဝ ကျော်တွင်လည်း သယံဇာတ မြေပုံ ရေးဆွဲရေး လုပ်ငန်း ကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် နိုင်ငံတော် သမ္မတက Geological Survey သို့ လာရောက် လေ့လာခွင့် ရရှိသည့် အ တွက် ကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာ နိုင်ငံတွင် သဘာဝတွင်းထွက် သယံဇာတများ ကြွယ်ဝ သော် လည်း စနစ်တကျ လေ့လာ သုံးသပ် ပြုစုထားခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံ၏ သယံဇာတ ကြွယ်ဝမှု အခြေ အနေကို မှန်ကန်စွာ သိရှိပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် ဖင်လန်နိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက် လိုပါ ကြောင်းဖြင့် ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည် ဘူမိဗေဒ ဆိုင်ရာ ပြခန်းကို လှည့် လည်ကြည့် ရှု လေ့ လာ ပြီး ညွှန် ကြားရေးမှူးချုပ် ပါမောက္ခ Mr. Elias Ekdahl က နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များ အား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

ညနေပိုင်းတွင် နိုင်ငံတော် သမ္မတအား ဖင်လန် သမ္မတ နိုင်ငံ၌ အခြေချနေ ထိုင်ကြသော ကယန်း၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်စသည့် မြန်မာ တိုင်းရင်းသား မိသားစုများက ခေတ္တ တည်းခို သည့် ဟယ်လ်စင် ကီမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာသို့ လာရောက်၍ ဂါရဝ ပြုတွေ့ဆုံကြ သည်။

တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတက မြန်မာ တိုင်းရင်းသား မိသားစုများအား ရင်းနှီး ခင်မင်စွာ နှုတ်ဆက်၍ ၎င်းတို့နှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။ ထို့နောက် အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံတွင် လက်ရှိ ကာလ၌ နိုင်ငံကို တည်ဆောက် နေချိန် ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက် လာသည် နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ တိုးတက်လာမည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် မြန်မာ နိုင်ငံ သို့ ပြန်လာပြီးနိုင်ငံနှင့် ပြည်သူတို့၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက် ကြစေ လိုကြောင်း၊ မည်သည့် နိုင်ငံတွင်နေထိုင်သည်ဖြစ်စေ မိမိတို့ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်စွာ နေထိုင်ပြီး မိမိတို့ ဘဝ ဖွံ့ဖြိုး တိုးတက်အောင်ဆောင် ရွက် စေ လိုကြောင်းဖြင့် ပြော ကြားခဲ့သည်။

ယင်းနောက် မြန်မာ တိုင်းရင်းသား များက မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ များနှင့် ပတ်သက်၍ သိရှိ လိုသည်များကို မေးမြန်းကြရာ နိုင်ငံတော် သမ္မတက အသေးစိတ်ပြန် လည် ဖြေကြားခဲ့သည်။ ထို့နောက် နိုင်ငံတော် သမ္မတသည် ဟယ်လ်စင်ကီမြို့ ဖွံ့ဖြိုး တိုးတက်မှုကို မော်တော် ယာဉ်ဖြင့် လှည့်လည် လေ့လာပြီးကျောက်တုံးများဖြင့် တည်ဆောက် ထားသော Temppeliaukio ဘုရားကျောင်း ကိုလည်း သွားရောက် လေ့လာ ခဲ့ သည်။

နိုင်ငံတော် သမ္မတသည် ညနေ ၆ နာရီခွဲတွင် နိုင်ငံတော် ဧည့်ဂေဟာ၌ ဟယ်လ်စင် ကီမြို့ ရှိ Suomen Ku-valehti အပတ်စဉ်ထုတ် သတင်းစာမှ Ms. Katri Merikallio အား လက်ခံ တွေ့ဆုံပြီး မေးမြန်း မှုများကိုပြန်လည် ဖြေကြား ခဲ့သည်။

မြဝတီ

No comments:

Post a Comment

My Blog List