Monday, March 04, 2013

မုံယိုနေသောဆင်မှ လိုက်လံရန်ပြုသဖြင့် ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

Photo: မုံယိုနေသောဆင်မှ လိုက်လံရန်ပြုသဖြင့် ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
Monday, March 4, 2013

၂၆-၂-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ရပ်ကွက်(၁)နေ ဦးဖိုးထူးပိုင် မုံယိုနေသောဆင်(မိုးပုလဲ)မှ ဒကိ္ခဏနဒီမြသိန်းတန်ရှင် ပေါ်တော်မူ ဘုရားသို့ သုံးဘီးဆိုင်ကယ်ဖြင့် ဖူးမြော်ရန်သွားရောက်သည့် နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဥူးအာဇယ(၆၀)နှစ်
(၁၁)၀ါအား နှာမောင်းဖြင့်ရိုက်၊ အစွယ်ဖြင့်ထိုးခြင်းများပြုလုပ်သဖြင့် ဥူးအာဇယတွင် တင်ပဆုံရိုးကျိုးဒဏ်ရာ(၁)ချက်၊ နံရိုးကျိုး ဒဏ်ရာ(၁)ချက် ရရှိခဲ့ပြီး ၁၂၀၀ အချိန် အဆိုပါဆင်မှ ပိုင်ရှင်ဖြစ်သူ ဦးဖိုးထူးအား ထပ်မံရန်ပြုသဖြင့် နဖူးကွဲဒဏ်ရာ(၁)ချက်၊ ရင်ဘတ်အောင့်ဒဏ်ရာ(၁)ချက် အသီးသီးရရှိခဲ့သဖြင့် လုံးခင်းတိုက်နယ် ဆေးရုံတွင် တက်ရောက်
ဆေးကုသလျက်ရှိသည်။

ထို့ပြင် ၁-၃-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် အဆိုပါဆင်သည် ဂရားယန်ရွာသို့ ရောက်ရှိပြီး ၎င်းရွာနေ ဒေါ်ခက်ကော့ဖူး(၆၀)နှစ်နှင့်
ဒေါ်ရှရွယ်ကော့ခမ်ရော်(၄၀)နှစ်တို့ ၂ ဦး၏ မျက်နှာ၊ နောက်ကျောနှင့်
ခြေထောက်များအား နင်းချေခဲ့သည့်အတွက် ဒေါ်ခက်ကော့ဖူးနှင့်
ဒေါ်ရှရွယ်ကော့ခမ်ရော် တို့မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံး
သွားခဲ့သည်။

၎င်းဆင်အား ၂-၃-၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန် ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု၊ ဂျာလယန်ကျေးရွာနေ ဦးဌေးလွင် ပါ ၆ ဦးမှ အခြားဆင်(၃)ကောင်ဖြင့် ၀ိုင်းဝန်းထိန်းသိမ်းဖမ်းဆီး ထားရှိပြီးဖြစ်ကြောင်းနှင့်
သေဆုံးသူများအား ဖားကန့်ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်၂၆-၂-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ရပ်ကွက်(၁)နေ ဦးဖိုးထူးပိုင် မုံယိုနေသောဆင်(မိုးပုလဲ)မှ ဒကိ္ခဏနဒီမြသိန်းတန်ရှင် ပေါ်တော်မူ ဘုရားသို့ သုံးဘီးဆိုင်ကယ်ဖြင့် ဖူးမြော်ရန်သွားရောက်သည့် နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဥူးအာဇယ (၆၀)နှစ်(၁၁)၀ါအား နှာမောင်းဖြင့်ရိုက်၊ အစွယ်ဖြင့်ထိုးခြင်း များပြု လုပ်သဖြင့် ဥူးအာဇယတွင် တင်ပဆုံရိုးကျိုးဒဏ်ရာ(၁)ချက်၊ နံရိုးကျိုး ဒဏ်ရာ(၁)ချက် ရရှိခဲ့ပြီး ၁၂၀၀ အချိန် အဆိုပါဆင်မှ ပိုင်ရှင်ဖြစ်သူ ဦးဖိုးထူးအား ထပ်မံရန်ပြုသဖြင့် နဖူးကွဲဒဏ်ရာ(၁)ချက်၊ ရင်ဘတ်အောင့်ဒဏ်ရာ(၁)ချက် အသီးသီးရရှိခဲ့ သဖြင့် လုံးခင်းတိုက်နယ် ဆေးရုံတွင် တက်ရောက်ဆေးကုသလျက်ရှိသည်။
ထို့ပြင် ၁-၃-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် အဆိုပါဆင်သည် ဂရားယန်ရွာသို့ ရောက်ရှိပြီး ၎င်း ရွာနေ ဒေါ် ခက်ကော့ဖူး(၆၀)နှစ်နှင့်ဒေါ်ရှရွယ်ကော့ခမ်ရော်(၄၀)နှစ်တို့ ၂ ဦး၏ မျက်နှာ၊ နောက်ကျောနှင့်ခြေထောက် များအား နင်းချေခဲ့သည့်အတွက် ဒေါ်ခက်ကော့ဖူးနှင့်ဒေါ်ရှရွယ်ကော့ခမ်ရော် တို့မှာ ရရှိသောဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့သည်။
၎င်းဆင်အား ၂-၃-၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန် ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု၊ ဂျာလယန်ကျေးရွာနေ ဦးဌေးလွင် ပါ ၆ ဦးမှ အခြားဆင်(၃)ကောင်ဖြင့် ၀ိုင်းဝန်းထိန်းသိမ်းဖမ်းဆီး ထားရှိ ပြီးဖြစ်ကြောင်းနှင့်သေဆုံးသူများအားဖားကန့်ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၃)ဖြင့်အမှုဖွင့်စစ်ဆေး လျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

My Blog List