Thursday, March 07, 2013

ဘုရားဖူးများနှင့် နိုင်ငံခြား ဧည့်သည်များ အဝင်အထွက် များလာခြင်း တို့ကြောင့် ပခုက္ကူ ရှင်မတောင် သနပ်ခါး ဈေးကွက် ပိုမိုရောင်းအား ကောင်းလာ

Photo: ဘုရားဖူးများနှင့် နိုင်ငံခြား ဧည့်သည်များ အဝင်အထွက် များလာခြင်း တို့ကြောင့် ပခုက္ကူ ရှင်မတောင် သနပ်ခါး ဈေးကွက် ပိုမိုရောင်းအား
ကောင်းလာ
Thursday, March 7, 2013

ယခု ပွင့်လင်းရာသီ ကာလအတွင်း ခရီးသွား ဧည့်သည် များလာခြင်း၊ ဘုရားဖူးဧည့် အလာများခြင်း၊ လမ်းပန်းဆက်သွယ်မူ အားကောင်းလာခြင်း တို့ကြောင့် ပခုက္ကူဒေသ သနပ်ခါးဈေးကွက် ကြီးမား ကျယ်ပြန့်လာပြီး ယခင်နှစ်များထက် ရောင်းအား မြင့်တက်လာကြောင်း သိရသည်။

ပခုက္ကူဒေသ ရှင်မတောင် သနပ်ခါးသည် ပြည်တွင်းသာမက ပြည်ပအထိ ပျံ့နှံ့၍ ပခုက္ကူသို့ ရောက်သူတိုင်း အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြသည်။ သနပ်ခါးဈေးကွက် တွင်ကျယ်လာသည်နှင့် အမျှ သနပ်ခါး ရောင်းဝယ်သူ စိုက်ပျိုးသူများ တစ်နှစ်ထက် တစ်နှစ် များပြားလာသည်။ 

သနပ်ခါးပင်သည် လူတစ်ရပ်ခန့် ရှိပြီး အပွေးကောင်းလျှင်
ကောင်းသလောက် တစ်ပင်လျှင် ငွေကျပ် ၃ဝဝဝဝ မှ ငွေကျပ် ၅ဝဝဝဝ ဝန်းကျင်ဈေး ပေါက်လျက်ရှိပြီး သနပ်ခါးပင်ကို ပခုက္ကူဒေသရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများ အပြင်၊ ငွေကြေးတတ်နိုင်သူ များက စီးပွားဖြစ် အပင်ရေ ၃ဝဝဝ မှ ၅ဝဝဝ နီးပါး စိုက်ပျိုးလာကြောင်း သိရသည်။ သနပ်ခါးခြံ တစ်ခြံလျှင် အပင်ရေနှင့် သက်တမ်းပေါ် မူတည်၍ ငွေကျပ်သိန်း ၅ဝဝ အထိ အရောင်းအဝယ် ဖြစ်နေသည်။ 

''သနပ်ခါးပင်က နှစ်ရှည်ပင် ဆိုတော့ ကြားထဲမှာ သီးထပ်သီးညှပ် စိုက်ထားရတယ်။ သနပ်ခါးဈေးကလည်း ကောင်းလာတဲ့ အတွက် အပျောက်အရှကလည်း ရှိလာတယ်။ အစောင့်၊ မျှော်စင်နဲ့ ထားရတယ်။ အပင်သက်တမ်းရင့်လျှင် ရင့်သ လို ဈေးကောင်းတော့ အစောင့်တွေနဲ့ နေ့ညမပြတ် စောင့် ပေးနေရတယ်'' ဟု သနပ်ခါးကို စီးပွားဖြစ် စိုက်သူ ဒေသခံတစ်ဦးက သနပ်ခါးနှင့် သူခိုးရန်အကြောင်း ရှင်းလင်း ပြောကြားသည်။ ပခုက္ကူမြို့၌ ဦးမေဃ ကျောင်းဝိုင်းကြီးအပြင် မြို့မဈေးမြောက်ခြမ်း တစ်ခွင် သနပ်ခါး ဈေးသည်များ ပြည့်ကျပ်လျက် ရှိသည်။

ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ပွဲရုံများနှင့် ဈေးသည် ဦးရေ ၅ဝဝ ဝန်းကျင်ခန့် ရှိပါသည်။ လမ်းနှင့်ဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့် အမျှ ဧည့်အဝင် အထွက် ဘုရားဖူးကားများ ပိုမို ရောက်ရှိ လာကြ၍ ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ရောင်းဝယ်မှု များလာသည်။ ဒေသခံတို့ အနေဖြင့်လည်း သနပ်ခါး ရောင်းချခြင်းဖြင့် ဘဝ အခြေအနေ ဖူလုံလာရုံ သာမက ရေရှည် စီးပွားရေး အရပါ တွက်ခြေ ကိုက် အောင်မြင် လာကြောင်း သိရသည်။ ။


http://bit.ly/168xP4X

နေဦးမောင်(ပခုက္ကူ)
မြ၀တီယခု ပွင့်လင်းရာသီ ကာလအတွင်း ခရီးသွား ဧည့်သည် များလာခြင်း၊ ဘုရားဖူးဧည့် အလာများခြင်း၊ လမ်းပန်းဆက်သွယ်မူ အားကောင်း လာခြင်း တို့ကြောင့် ပခုက္ကူဒေသ သနပ်ခါးဈေးကွက် ကြီးမား ကျယ်ပြန့်လာပြီး ယခင်နှစ်များထက် ရောင်းအား မြင့်တက်လာကြောင်း သိရသည်။
ပခုက္ကူဒေသ ရှင်မတောင် သနပ်ခါးသည် ပြည်တွင်း သာမက ပြည်ပ အထိ ပျံ့နှံ့၍ ပခုက္ကူသို့ ရောက်သူတိုင်း အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြသည်။ သနပ်ခါးဈေးကွက် တွင်ကျယ်လာသည်နှင့် အမျှ သနပ်ခါး ရောင်းဝယ်သူ စိုက်ပျိုးသူများ တစ်နှစ်ထက် တစ်နှစ် များပြားလာသည်။
သနပ်ခါးပင်သည် လူတစ်ရပ်ခန့် ရှိပြီး အပွေးကောင်းလျှင်ကောင်းသလောက် တစ်ပင်လျှင် ငွေကျပ် ၃ဝဝဝဝ မှ ငွေကျပ် ၅ဝဝဝဝ ဝန်းကျင်ဈေး ပေါက်လျက်ရှိပြီး သနပ်ခါးပင်ကို ပခုက္ကူဒေသရှိ ဘုန်းတော်ကြီးကျောင်း များ၊ ကျေးရွာများ အပြင်၊ ငွေကြေးတတ်နိုင်သူ များက စီးပွားဖြစ် အပင်ရေ ၃ဝဝဝ မှ ၅ဝဝဝ နီးပါး စိုက်ပျိုးလာကြောင်း သိရသည်။ သနပ်ခါးခြံ တစ်ခြံလျှင် အပင်ရေနှင့် သက်တမ်းပေါ် မူတည်၍ ငွေကျပ်သိန်း ၅ဝဝ အထိ အရောင်းအဝယ် ဖြစ်နေသည်။

''သနပ်ခါးပင်က နှစ်ရှည်ပင် ဆိုတော့ ကြားထဲမှာ သီးထပ်သီးညှပ် စိုက်ထားရတယ်။ သနပ်ခါးဈေး ကလည်း ကောင်းလာတဲ့ အတွက် အပျောက်အရှကလည်း ရှိလာတယ်။ အစောင့်၊ မျှော်စင်နဲ့ ထားရတယ်။ အပင်သက်တမ်းရင့်လျှင် ရင့်သ လို ဈေးကောင်းတော့ အစောင့်တွေနဲ့ နေ့ည မပြတ် စောင့် ပေးနေရတယ်'' ဟု သနပ်ခါးကို စီးပွားဖြစ် စိုက်သူ ဒေသခံတစ်ဦးက သနပ်ခါးနှင့် သူခိုးရန် အကြောင်း ရှင်းလင်း ပြောကြား သည်။ ပခုက္ကူမြို့၌ ဦးမေဃ ကျောင်းဝိုင်းကြီးအပြင် မြို့မဈေးမြောက်ခြမ်း တစ်ခွင် သနပ်ခါး ဈေး သည်များ ပြည့်ကျပ်လျက် ရှိသည်။

ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ပွဲရုံများနှင့် ဈေးသည် ဦးရေ ၅ဝဝ ဝန်းကျင်ခန့် ရှိပါသည်။ လမ်းနှင့်ဆက် သွယ်ရေး ကောင်းမွန်လာသည်နှင့် အမျှ ဧည့်အဝင် အထွက် ဘုရားဖူးကားများ ပိုမို ရောက်ရှိ လာကြ၍ ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ရောင်းဝယ်မှု များလာသည်။ ဒေသခံတို့ အနေဖြင့်လည်း သနပ်ခါး ရောင်း ချခြင်းဖြင့် ဘဝ အခြေအနေ ဖူလုံလာရုံ သာမက ရေရှည် စီးပွားရေး အရပါ တွက်ခြေ ကိုက် အောင်မြင် လာကြောင်း သိရသည်။ ။


http://bit.ly/168xP4X

နေဦးမောင်(ပခုက္ကူ)
မြ၀တီ

No comments:

Post a Comment

My Blog List