Thursday, March 07, 2013

NLD ဗဟိုညီလာခံကိုယ်စားလှယ် ၄ ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲ မှုအား ဦးတင်ဦးပြောဆို

Photo: NLD ဗဟိုညီလာခံကိုယ်စားလှယ် ၄ ဦးအား ကိုယ်စားလှယ်အဖြစ်မှ 
ရပ်စဲ မှုအား ဦးတင်ဦးပြောဆို
Wednesday, March 6, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး တက်ရောက်ရန် ရွေး ချယ်ခြင်းခံရသော ညီလာခံကိုယ် စားလှယ်များ
ဖြစ်သည့် ဦးခင် မောင်ဝင်း(လမ်းမတော်မြို့နယ်)၊ ဦးသန့်ဇင်(ရွှေပြည်သာ)၊ ဦးခင်မောင်ရှိန်(မြောက်ပိုင်းခရိုင်)နှင့်ဒေါ်မိမိကြီး(ကောလင်းNLD )တို့ အား 
အဖွဲ့ချုပ်အတွင်း စည်းလုံး ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူအပြောအဆို လှုပ် ရှားမှုများ လုပ်နေသည်ဟုဆိုကာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းလိုက်ကြောင်း ၂၀၁၃ ခုနှစ် 
မတ်လ ၅ ရက်နေ့ ရက်စွဲ ဖြင့် ညီလာခံကျင်းပရေး ဗဟို ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းကိစ်္စနှင့်ပတ်သက်၍ NLD နာယကကြီးဦးတင်ဦးအား Hot News မှ ဆက်သွယ်မေးမြန်း ဖြစ်ရာ ““ပါတီဝင်အဖြစ်က ရပ် ဆိုင်းထားတာ မဟုတ်ပါဘူး။ ညီလာခံကိုယ်စားလှယ်အဖြစ်က နေပဲ ညီလာခံပြီးတဲ့အချိန်ထိ ရပ် ဆိုင်းထားတာပါ။ နည်းနည်း သတင်းတွေထွက်တယ်။ ဘာလဲ ဆိုတော့ သူတို့က အောက်ခြေ ပိုင်းမှာ လျှောက်ပြီးတော့ ဘယ် သူတွေပါရမယ်။ ဘယ်သူတွေ မပါရဘူးဆိုပြီး လျှောက်လုပ်တယ်။ ဒီတိုင်းပြောတာ ဆိုတာ လောက်ဆိုလည်း ဘာမှမဖြစ်ပါ ဘူး။ အဲဒါကို သူတို့က စာရင်းတွေ အင်းတွေနဲ့ ဖြန့်ချိတာတွေလုပ် တယ်။ ဒါ လုံးဝမရပ်သင့်ဘူး။ သင့်လည်း မသင့်တော်ဘူး။ ခုလို မျိုးညီလာခံကိုယ်စားလှယ်အဖြစ် က ရပ်ဆိုင်းတယ်ဆိုတာကလည်း ပြည်လုံးကျွတ်ညီလာခံကျင်းပရေး မှာ ချောချောမွေ့မွေ့ ဖြစ်အောင် ပါ။ သူတို့ကို နစ်နာစေလိုတာမျိုး လည်း မရှိပါဘူး။ ညီလာခံပြီးတဲ့ အထိ အနားပေးထားတဲ့ သဘော ပါပဲ””ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီးဦးတင်ဦးမှ ဖြေကြားသွားခဲ့သည်။

ညီလာခံကိုယ်စားလှယ်အဖြစ် မှ ရပ်ဆိုင်းခံရသော ၄ ဦးအနက် ဦးခင်မောင်ဝင်းမှာ လမ်းမတော် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ 
ဥက္ကဋ္ဌ၊ ဦးခင်မောင်ရှိန်မှာလည်း NLD မြောက်ပိုင်းတိုင်းဥက္ကဋ္ဌဖြစ် ကာ ကျန်ကိုယ်စားလှယ်များမှာ ပါတီဝင်များထံမှ ဗဟိုညီလာခံ ကိုယ်စားလှယ်များအဖြစ် ရွေး ချယ်တင်မြှောက်ခံရသူများဖြစ်ကြောင်း သိရသည်။

ခန့်ခန့်(ဒဿနိက)
The Hot Newsအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး တက်ရောက်ရန် ရွေး ချယ်ခြင်းခံရသော ညီလာခံကိုယ် စားလှယ်မျာြး ဖစ်သည့် ဦးခင် မောင်ဝင်း(လမ်းမတော်မြို့နယ်)၊ ဦးသန့်ဇင် (ရွှေပြည် သာ)၊ဦးခင်မောင်ရှိန် (မြောက်ပိုင်းခရိုင်)နှင့်ဒေါ်မိမိကြီး (ကောလင်း NLD )တို့ အားအဖွဲ့ချုပ်အတွင်း စည်းလုံး ညီညွတ်ရေးကို ပြိုကွဲပျက် စီးစေမည့် အပြုအမူအပြောအဆို လှုပ် ရှားမှုများ လုပ်နေသည်ဟု ဆိုကာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းလိုက်ကြောင်း ၂၀၁၃ ခုနှစ်မတ်လ ၅ ရက်နေ့ ရက်စွဲ ဖြင့် ညီလာခံကျင်းပရေး ဗဟို ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။ယင်းကိစ်္စနှင့်ပတ်သက်၍ NLD နာယကကြီးဦးတင်ဦးအား Hot News မှ ဆက်သွယ်မေးမြန်း ဖြစ်ရာ ““ပါတီဝင်အဖြစ်က ရပ် ဆိုင်းထားတာ မဟုတ်ပါဘူး။ ညီလာခံကိုယ်စားလှယ်အဖြစ်က နေပဲ ညီလာခံပြီး တဲ့အချိန်ထိ ရပ် ဆိုင်းထားတာပါ။ နည်းနည်း သတင်းတွေထွက်တယ်။ ဘာလဲ ဆိုတော့ သူတို့က အောက်ခြေ ပိုင်းမှာ လျှောက်ပြီးတော့ ဘယ် သူတွေပါရမယ်။ ဘယ်သူတွေ မပါရဘူး ဆိုပြီး လျှောက်လုပ်တယ်။ ဒီတိုင်းပြောတာ ဆိုတာ လောက်ဆိုလည်း ဘာမှမဖြစ်ပါ ဘူး။ အဲဒါကို သူတို့က စာရင်းတွေ အင်းတွေနဲ့ ဖြန့်ချိတာတွေလုပ် တယ်။ ဒါ လုံးဝမရပ်သင့်ဘူး။ သင့်လည်း မသင့်တော်ဘူး။ ခုလို မျိုးညီလာခံကိုယ်စားလှယ်အဖြစ် က ရပ်ဆိုင်းတယ်ဆိုတာကလည်း ပြည်လုံးကျွတ်ညီလာခံကျင်းပရေး မှာ ချောချောမွေ့မွေ့ ဖြစ်အောင် ပါ။ သူတို့ကို နစ်နာစေလိုတာမျိုး လည်း မရှိပါဘူး။ ညီလာခံပြီးတဲ့ အထိ အနားပေးထားတဲ့ သဘော ပါပဲ””ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီးဦး တင်ဦးမှ ဖြေကြား သွားခဲ့သည်။

ညီလာခံကိုယ်စားလှယ်အဖြစ် မှ ရပ်ဆိုင်းခံရသော ၄ ဦးအနက် ဦးခင်မောင်ဝင်းမှာ လမ်းမတော် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဦးခင်မောင်ရှိန်မှာလည်း NLD မြောက်ပိုင်းတိုင်းဥက္ကဋ္ဌဖြစ် ကာ ကျန်ကိုယ်စားလှယ်များမှာ ပါတီဝင်များထံမှ ဗဟိုညီလာခံ ကိုယ်စားလှယ်များအဖြစ် ရွေး ချယ်တင်မြှောက် ခံရသူများဖြစ်ကြောင်း သိရသည်။

ခန့်ခန့်(ဒဿနိက)
The Hot News

No comments:

Post a Comment

My Blog List