Monday, March 04, 2013

နိုကီရာက ၁၃ ပေါင်တန်ဖုန်းများ မိတ်ဆက်

Photo: နိုကီရာက ၁၃ ပေါင်တန်ဖုန်းများ မိတ်ဆက်
Monday, March 4, 2013

မိုဘိုင်းဖုန်းလောကတွင် တစ်ချိန်က ရှေ့ဆုံး၌ရှိနေခဲ့သော နိုကီရာသည် တန်ဖိုးနည်း မိုဘိုင်းဖုန်းဈေးကွက်ကို ပစ်မှတ်ထားသည့်အနေဖြင့် ၁၃ ပေါင်တန် မိုဘိုင်းဖုန်းများကို ရောင်းချသွားရန် ပြင်ဆင်နေသည်။

နိုကီရာ၏ Nokia 105 ဖုန်းသည် ရောင်စုံမျက်နှာပြင်ပါရှိပြီး တစ်ကြိမ် အားသွင်းပြီးလျှင် ၃၅ ရက်ထိ အသုံးပြုနိုင်မည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားရှားပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်ထားသည့် ယင်းဖုန်းသည် ၁ ဒသမ ၄၅ လက်မရှိ မျက်နှာပြင်ရှိပြီး အရန်ဖုန်းအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ 

Nokia 105 ဖုန်းသည် နိုကီရာဖုန်းများထဲတွင် ဈေးအချိုဆုံးဖုန်းဖြစ်ပြီး ဖုန်းနှင့်သတင်းတို ပေးပို့မှုများအတွက်သာမက FM နှင့် အခြားအသုံးဝင်မှု
များလည်း ပါဝင်မည်ဖြစ်သည်။

နိုကီရာသည် စပိန်နိုင်ငံ၊ ဘာစီလိုနာတွင် ကျင်းပခဲ့သော Mobile World Congress ၌ ပေါင် ၁၂၀ ဖြင့် ရောင်းချမည့် Lumia 520 ဖုန်း အပါအ၀င် အခြားတန်ဖိုးနည်းဖုန်း သုံးမျိုးကိုလည်း ပြသခဲ့သည်။

WindowsPhone 8 ဖုန်းများထဲတွင် ဈေးအချိုဆုံးဖုန်းဖြစ်သော
Lumia 520 ဖုန်းကို ယခုလအတွင်း ဟောင်ကောင်နှင့် ဗီယက်နမ်တို့တွင် ပထမဆုံး ရောင်းချမည်ဖြစ်သည်။

နိုကီရာသည် ၂၁၄ ဒသမ ၄၅ ပေါင် ( ၃၃၀ ဒေါ်လာ) ဖြင့် ရောင်းချမည့် Lumia 720 ဖုန်းကိုလည်း မိတ်ဆက်ခဲ့သည်။

ဖွံ့ဖြိုးဆဲဈေးကွက်များတွင် ဈေးကွက်တိုးချဲ့နေသော နိုကီရာသည် မိုက်ခရိုဆော့ဖ်၏ WindowsPhone 8 ဖုန်းများကို ဆက်တိုက်
ထုတ်လုပ်နေပြီးယမန်နှစ်နောက်ဆုံး သုံးလပတ်တွင် Lumia ဖုန်း 
၎ ဒသမ ၄ သန်း ရောင်းချခဲ့ရသည်။

Ref:AFP;DailyMail
Eleven Media Groupမိုဘိုင်းဖုန်းလောကတွင် တစ်ချိန်က ရှေ့ဆုံး၌ရှိနေခဲ့သော နိုကီရာသည် တန်ဖိုးနည်းမိုဘိုင်းဖုန်းဈေးကွက်ကိုပစ်မှတ်ထားသည့်အနေဖြင့် ၁၃
 ပေါင် တန် မိုဘိုင်းဖုန်းများကို ရောင်းချသွားရန် ပြင်ဆင်နေသည်။
နိုကီရာ၏ Nokia 105 ဖုန်းသည် ရောင်စုံမျက်နှာပြင်ပါရှိပြီး တစ်ကြိမ် အားသွင်းပြီးလျှင် ၃၅ ရက်ထိ အသုံးပြုနိုင်မည်ဖြစ်သည်။
လျှပ်စစ်ဓာတ်အားရှားပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ရည်ရွယ်ထား သည့် ယင်းဖုန်းသည် ၁ ဒသမ ၄၅ လက်မရှိ မျက်နှာပြင်ရှိပြီး အရန်ဖုန်းအနေဖြင့် အသုံးပြုနိုင်မည်ဖြစ် သည်။ Nokia 105 ဖုန်းသည် နိုကီရာဖုန်း များထဲတွင် ဈေးအချိုဆုံးဖုန်းဖြစ်ပြီး ဖုန်းနှင့်သတင်း တို ပေးပို့မှု များအတွက်သာမက FM နှင့် အခြား အသုံးဝင်မှုများလည်း ပါဝင်မည်ဖြစ်သည်။

နိုကီရာသည် စပိန်နိုင်ငံ၊ ဘာစီလိုနာတွင် ကျင်းပခဲ့သော Mobile World Congress ၌ ပေါင် ၁၂၀ ဖြင့် ရောင်းချမည့် Lumia 520 ဖုန်း အပါအ၀င် အခြားတန်ဖိုးနည်းဖုန်း သုံးမျိုးကိုလည်း ပြသခဲ့သည်။

WindowsPhone 8 ဖုန်းများထဲတွင် ဈေးအချိုဆုံးဖုန်းဖြစ်သောLumia 520 ဖုန်းကို ယခုလအ တွင်း ဟောင်ကောင်နှင့် ဗီယက်နမ်တို့တွင် ပထမဆုံး ရောင်းချမည်ဖြစ်သည်။ နိုကီရာသည် ၂၁၄ ဒသမ ၄၅ ပေါင် ( ၃၃၀ ဒေါ်လာ) ဖြင့် ရောင်းချမည့် Lumia 720 ဖုန်းကိုလည်း မိတ်ဆက်ခဲ့သည်။

ဖွံ့ဖြိုးဆဲဈေးကွက်များတွင် ဈေးကွက်တိုးချဲ့နေသော နိုကီရာသည် မိုက်ခရိုဆော့ဖ်၏ WindowsPhone 8 ဖုန်းများကို ဆက်တိုက်ထုတ်လုပ်နေပြီးယမန်နှစ်နောက်ဆုံး သုံးလပတ်တွင် Lumia ဖုန်း ၄ ဒသမ ၄ သန်း ရောင်းချခဲ့ရသည်။

Ref:AFP;DailyMail
Eleven Media Group

No comments:

Post a Comment

My Blog List