Tuesday, March 05, 2013

မြန်မာ့ ပျမ်းမျှလူ့သက်တမ်း မြင့်တက်လာစေရန် ရည်ရွယ် လုပ်ဆောင်နေ

Photo: မြန်မာ့ ပျမ်းမျှလူ့သက်တမ်း မြင့်တက်လာစေရန် ရည်ရွယ် 
လုပ်ဆောင်နေ
Tuesday, March 5, 2013 

မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး စီမံချက်၏ တစိတ်တပိုင်း အဖြစ် မြန်မာနိုင်ငံသားများ ၏ ပျမ်းမျှသက်တမ်းကို ၂၀၃၁ ခုနှစ်တွင် 
၇၅ မှ ၈၀ နှစ်အထိ မြင့်တက်လာစေရေးအတွက် ကြိုးပမ်းရန် အစိုးရက ရည်ရွယ်ထားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တဆင့် သိရသည်။

၂၀၀၁ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် စာရင်းအရ မြန်မာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းမှာ ၆၀ မှ ၆၄ နှစ်သာ ဖြစ်သည်။

မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်
ခဲ့သည့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော် က မြန်မာနိုင်ငံ တဝှမ်းလုံးတွင် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၌ အဘက်ဘက်တွင် တိုးတက်လာရန် လိုအပ်ကြောင်း ပြောဆိုရင်း ပျမ်းမျှသက်တမ်း တိုးမြှင့်ရေးကို လုပ်ဆောင်မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

“အဲဒီရည်မှန်းချက်ကို ပြည့်မီဖို့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို မြှင့်တင်ဖို့နဲ့ လူစုလူဝေးတွေ ထဲမှာ ဖြစ်တတ်တဲ့ ရောဂါတွေ အကြောင်းနဲ့ ပတ်သတ်ပြီး သတိထား နိုးကြားမှု မြင့်တက်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဒေါက်တာ ထွန်းဇော်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုများကို ထက်ဝက်
လျှော့ချရန်၊ ကလေးသူငယ်သေဆုံးမှုနှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင်
သေဆုံးမှုနှုန်းကို လျှော့ချရန် နှင့် အဆုတ်ရောဂါနှင့် HIV/AIDS ကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွါးမှုများကို လျှော့ချနိုင်ရန်အတွက် အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

ရို့ဇီ ဂေါ့ဂန်-ကီးရို့
မဇ္ဈိမမြန်မာနိုင်ငံအမျိုးသားကျန်းမာရေးစီမံချက်၏တစိတ်တပိုင်း အဖြစ် မြန် မာနိုင်ငံသားများ ၏ ပျမ်းမျှသက်တမ်းကို ၂၀၃၁ ခုနှစ်တွင် ၇၅ မှ ၈၀ နှစ်အထိ မြင့်တက်လာစေရေးအတွက် ကြိုးပမ်းရန် အစိုးရက ရည်ရွယ်ထားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တဆင့် သိရသည်။
၂၀၀၁ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် စာရင်း အရ မြန်မာနိုင်ငံ သားများ၏ ပျမ်းမျှသက်တမ်းမှာ ၆၀ မှ ၆၄ နှစ်သာ ဖြစ်သည်။
မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့ သည့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် ကျန်း မာရေး ဝန်ကြီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော် က မြန်မာနိုင်ငံ တဝှမ်းလုံးတွင် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၌ အဘက်ဘက်တွင် တိုးတက်လာရန် လိုအပ်ကြောင်း ပြောဆိုရင်း ပျမ်းမျှသက်တမ်း တိုးမြှင့်ရေးကို လုပ်ဆောင်မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

“အဲဒီရည်မှန်းချက်ကို ပြည့်မီဖို့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို မြှင့်တင်ဖို့နဲ့ လူစုလူဝေးတွေ ထဲမှာ ဖြစ်တတ်တဲ့ ရောဂါတွေ အကြောင်းနဲ့ ပတ်သတ်ပြီး သတိထား နိုးကြားမှု မြင့်တက်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဒေါက်တာ ထွန်းဇော်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုများကို ထက်ဝက်လျှော့ချရန်၊ ကလေးသူငယ်သေဆုံး မှုနှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းကို လျှော့ချရန် နှင့် အဆုတ်ရောဂါနှင့် HIV/AIDS ကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွါးမှုများကို လျှော့ချနိုင်ရန်အတွက် အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရို့ဇီ ဂေါ့ဂန်-ကီးရို့
မဇ္ဈိမ

No comments:

Post a Comment

My Blog List