Thursday, March 07, 2013

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည့် ဆက်သွယ်ရေး ၀န်ထမ်းအချို့ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သော်လည်း အမှုပိတ်သိမ်းခြင်း မရှိသေး

Photo: စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည့် ဆက်သွယ်ရေး ၀န်ထမ်းအချို့ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သော်လည်း အမှုပိတ်သိမ်းခြင်း မရှိသေး
Thursday, March 7, 2013

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းခံခဲ့ရသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၀န်ထမ်းအချို့ မတ်လဆန်းပိုင်းမှ စတင်ကာ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ
ဖြစ်သော်လည်း အမှုမှာပိတ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းခံရသူများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအ၀င် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာချုပ်နှင့် အခြားတာဝန်ရှိသူများ ပါဝင်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းဌာန၊ ဒုတိယရဲမှူးကြီး ၀င်းစိန်က "ဆက်သွယ်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေကို နေပြည်တော်၊ ဘုရားကုန်းရဲစခန်းကနေ ပုဒ်မ ၄၀၉ (နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု) နဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။ ဒီအတွက် ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့နောက်ပိုင်း တရားစွဲဆိုတဲ့အခါမှာ အထောက်အထား မခိုင်လုံရင် စစ်ဆေးခံရတဲ့ သူတွေကို ပြန်လွတ်ပေးလို့ ရပါတယ်။ ခိုင်လုံရင် ပြန်လွတ်ပေးလို့ မရပါဘူး။ လွတ်တယ်၊ မလွတ်ဘူးဆိုတာ ကျွန်တော်တို့ဆီကို အစီအရင်ခံစာ မရောက်သေးပါဘူး။ လက်ရှိအချိန်မှာ ရဲစခန်းကနေ ဒီအမှုပိတ်တာ မရှိသေးပါဘူး" ဟု မတ်လ ၆ ရက်က
ပြောကြားသည်။  

Eleven Media Groupစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းခံခဲ့ရသည့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၀န်ထမ်းအချို့ မတ်လ ဆန်း ပိုင်းမှ စတင်ကာ ပြန်လည် တာဝန်ထမ်းဆောင်နေပြီဖြစ်သော် လည်း အမှုမှာပိတ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြု လုပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ခြင်း ခံရသူများ တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအ၀င် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာချုပ်နှင့် အခြားတာဝန်ရှိသူများ ပါဝင်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းဌာန၊ ဒုတိယရဲမှူးကြီး ၀င်းစိန်က "ဆက်သွယ်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေကို နေပြည်တော်၊ ဘုရားကုန်းရဲစခန်းကနေ ပုဒ်မ ၄၀၉ (နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု) နဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။ ဒီအတွက် ရဲလုပ်ထုံးလုပ် နည်းတွေ အတိုင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့နောက်ပိုင်း တရားစွဲဆိုတဲ့အခါမှာ အထောက်အထား မခိုင်လုံရင် စစ်ဆေးခံရတဲ့ သူတွေကို ပြန်လွတ်ပေးလို့ ရပါတယ်။ ခိုင်လုံရင် ပြန်လွတ်ပေးလို့ မရပါဘူး။ လွတ်တယ်၊ မလွတ်ဘူးဆိုတာ ကျွန်တော်တို့ဆီကို အစီအရင်ခံစာ မရောက်သေးပါဘူး။ လက်ရှိအချိန်မှာ ရဲစခန်းကနေ ဒီအမှုပိတ်တာ မရှိသေးပါဘူး" ဟု မတ်လ ၆ ရက်က
ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List