မလေးရှားရှိ ဘော်နီယိုကျွန်းစုမှ ဆာဘာပြည်နယ်တွင် ဖိလစ်ပိုင်စော် ဘွား နောက်လိုက် လက်နက်ကိုင်များနှင့် မလေးရှား ရဲတပ်ဖွဲ့ဝင်တို့ အကြား မတ် ၂ ရက် ညပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ် ပွားခဲ့ရာ
မလေးရှားရဲငါးဦးနှင့် လက်နက်ကိုင်နှစ်ဦးတို့ သေဆုံးခဲ့ကြောင်း
မလေးရှားရဲတပ်ဖွဲ့က မတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။မတ် ၁ ရက်က ဖိလစ်ပိုင်စော်ဘွားဟောင်း နောက်လိုက် လက်နက်ကိုင်
များနှင့်မလေးရှားရဲတပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ယင်းလက်နက်ကိုင် ၁၂ ဦးနှင့် ရဲနှစ်ဦးမှာ သေဆုံးခဲ့ပြီးဖြစ်ကာ မတ် ၂ ရက်တွင် ဆမ်ပေါ်နာမြို့၌ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုပဋိပက္ခမှာ မကြာသေးမီနှစ်များအတွင်း မလေးရှားရဲများသေနတ်သမားများ၏ ချုံခိုတိုက်ခိုက်ခံရမှု များအနက် အကြီးမားဆုံးပြဿနာတစ်ခု ဖြစ်လာခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဆမ်ပေါ်နာမြို့မှာ စော်ဘွားနောက်လိုက် လက်နက်ကိုင် ၁၀၀ ဦးမှ ၃၀၀ ဦးတို့ ရောက်ရှိနေသော တန်ဒိုရွာ မှ ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) ခန့် ကွာဝေးကြောင်း သိရသည်။
ယင်းလက်နက်ကိုင်များသည် လှေများဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင်ရောက်ရှိလာခဲ့ပြီး ၎င်းတို့သည် ဖိလစ်ပိုင်အခြေစိုက် စော်ဘွားဂျမာလူကီရမ်၏ နောက်လိုက်များဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ယနေ့ခေတ် မလေးရှားရှိ ဆာဘာပြည်နယ်မှာ ဖိလစ်ပိုင် အစ္စလာမ္မစ်စော်ဘွားဆူလူ၏ ပိုင်နက်ဖြစ်သည်ဟု ဆူလူနေရာ ဆက်ခံသော ကီရမ်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက ယင်းစော် ဘွားနောက်လိုက် လက်နက်ကိုင်များကို လက်နက်များချရန် တိုက်တွန်းခဲ့သည်။
ဓာတ်ပုံ - ဆမ်ပေါ်နာမြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များ
စောင့်ကြပ်နေစဉ် (Photo - AFP)
Ref:AFP
Eleven Media Group
No comments:
Post a Comment