Saturday, March 09, 2013

မူဆလင်အဖွဲ့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ကမ်းလှမ်းမှုအား မလေးရှားမှ ပယ်ချ

Photo: မူဆလင်အဖွဲ့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ကမ်းလှမ်းမှုအား မလေးရှားမှ ပယ်ချ
Saturday, March 9, 2013

မလေးရှားနိုင်ငံ ဆာဘားရ် ပြည်နယ်ရှိ ကျေးရွာ တစ်ရွာအား ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီက ဝင်ရောက်ကျူး ကျော်ခဲ့သည့် ဖိလစ်ပိုင် နိုင်ငံမှ မူဆလင် အဖွဲ့ တစ်ဖွဲ့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ကမ်းလှမ်း လာမှုအား မလေးရှား အာဏာပိုင် များက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရသည်။ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်သည် ၎င်းအဖွဲ့ အနေဖြင့် ခြွင်းချက်မရှိ လက်နက်ချမှုကို အလိုရှိကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ အဆုံးသတ်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက
တောင်းဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အခြေချ
နေထိုင်နေသည့် မူဆလင် အဖွဲ့ ခေါင်းဆောင် တစ်ဦးက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မလေးရှား တပ်ဖွဲ့ဝင်များသည် ဘော်နီယို ကျွန်းပေါ်ရှိ ဖိလစ်ပိုင် ကျူးကျော်သူ ၃၁ ဦးအား မတ် ၇ ရက်က ချေမှုန်း နိုင်ခဲ့ပြီး ၎င်းတိုက်ပွဲသည် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ကာလ တစ်လျှောက် သေဆုံးသူ အများဆုံး ဖြစ်ကြောင်း သိရသည်။ သို့သော် ဖိလစ်ပိုင် ကျူးကျော်သူများ အနေဖြင့် သေဆုံးသူ စာရင်းအား ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ ဆာဘားရ် ပြည်နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှ စ၍ ယနေ့ အချိန်ထိ သေဆုံးသူ စုစုပေါင်းမှာ ဖိလစ်ပိုင် လူမျိုး ၅၂ ဦးနှင့် မလေးရှား ရဲတပ်ဖွဲ့မှ ရှစ်ဦး ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံမှ ကျူးကျော်သူ များသည် မလေးရှား နိုင်ငံမှ ဆာဘားရ် ပြည်နယ်အား ၎င်းတို့ ဆူလ်တန် မျိုးနွယ်စု၏ ဘိုးဘွားပိုင် နယ်မြေ ဖြစ်သည့်အတွက် ပြန်လည် ပေးအပ်ရန် တောင်းဆိုခဲ့ရာ မလေးရှား နိုင်ငံက ငြင်းဆိုခဲ့သည့် အတွက် တိုက်ပွဲများ စတင်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မလေးရှား နိုင်ငံ အနေဖြင့် ၎င်းဆာဘားရ် ပြည်နယ်
အား ပိုင်ဆိုင် ခဲ့သည်မှာ နှစ်ပေါင်း ၅ဝ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီမလေးရှားနိုင်ငံ ဆာဘားရ် ပြည်နယ်ရှိ ကျေးရွာ တစ်ရွာအား ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီက ဝင်ရောက်ကျူး ကျော်ခဲ့သည့် ဖိလစ်ပိုင် နိုင်ငံမှ မူဆလင် အဖွဲ့ တစ်ဖွဲ့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ကမ်း လှမ်း လာမှုအား မလေးရှား အာဏာပိုင် များက လက်မခံဘဲ ပယ်ချ လိုက်ကြောင်း သိရသည်။ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်သည် ၎င်းအဖွဲ့အနေဖြင့် ခြွင်းချက်မရှိ လက်နက်ချမှုကို အလို ရှိကြောင်း ပြော ကြားခဲ့သည်။
အဆိုပါ ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ အဆုံးသတ်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းကတောင်းဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အခြေချနေထိုင်နေသည့် မူဆ လင် အဖွဲ့ ခေါင်းဆောင် တစ်ဦးက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

မလေးရှား တပ်ဖွဲ့ဝင်များသည် ဘော်နီယို ကျွန်းပေါ်ရှိ ဖိလစ်ပိုင် ကျူးကျော်သူ ၃၁ ဦးအား မတ် ၇ ရက် က ချေမှုန်း နိုင်ခဲ့ပြီး ၎င်းတိုက်ပွဲသည် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ကာလ တစ်လျှောက် သေဆုံးသူ အများ ဆုံး ဖြစ်ကြောင်း သိရသည်။ သို့သော် ဖိလစ်ပိုင် ကျူးကျော်သူများ အနေဖြင့် သေဆုံးသူ စာရင်းအား ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ ဆာဘားရ် ပြည်နယ်တွင် တိုက်ပွဲများ စတင်ဖြစ် ပွား ချိန်မှ စ၍ ယနေ့ အချိန်ထိ သေဆုံးသူ စုစုပေါင်းမှာ ဖိလစ်ပိုင် လူမျိုး ၅၂ ဦးနှင့် မလေးရှား ရဲတပ်ဖွဲ့မှ ရှစ် ဦး ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံမှ ကျူးကျော်သူ များသည် မလေးရှား နိုင်ငံမှ ဆာဘားရ် ပြည်နယ်အား ၎င်းတို့ ဆူလ်တန် မျိုးနွယ်စု၏ ဘိုးဘွားပိုင် နယ်မြေ ဖြစ်သည့်အတွက် ပြန်လည် ပေးအပ်ရန် တောင်းဆိုခဲ့ရာ မလေး ရှား နိုင် ငံက ငြင်းဆိုခဲ့သည့် အတွက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မလေးရှား နိုင်ငံ အနေဖြင့် ၎င်းဆာဘားရ် ပြည်နယ်အား ပိုင်ဆိုင် ခဲ့သည်မှာ နှစ်ပေါင်း ၅ဝ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List