Wednesday, March 06, 2013

တိုင်းရင်းဆေး တက္ကသိုလ်(မန္တလေး) ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

တိုင်းရင်းဆေး တက္ကသိုလ် (မန္တလေး) သတ္တမ အကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနားကို မတ် ၃ ရက် နံနက်၉ နာရီက မန္တလေး တိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ တိုင်းရင်းဆေး တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သန်းမောင်၊ဒုတိယပါမောက္ခချုပ်(သင်ကြားရေး) ဒေါက်တာ ဌေးအောင်၊ ဒုတိယ ပါမောက္ခချုပ် (စီမံ) ဦးကျော်သိန်းဌေးနှင့် တက္ကသိုလ် စီမံ ခန့်ခွဲရေး ပညာရေး အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ဘွဲ့ရ မောင်မယ်များ၊ မိဘ ဆွေမျိုးများနှင့် ဧည့်သည် များ တက်ရောက်ကြသည်။
အစီအစဉ် အရ ကတိ ကျမ်းသစ္စာ ရွတ်ဆိုပြီး တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သန်းမောင်က မြန်မာ့ တိုင်းရင်းဆေး ပညာ မဟာဘွဲ့ (Master of Myanmar Traditional Medicine) ရရှိသူ ခြောက်ဦး၊ မြန်မာ့ တိုင်းရင်းဆေး ပညာဘွဲ့ (Bachelor of Myanmar Tradit- ional Medicine) တက်ရောက် ယူသူ ၉၅ ဦးနှင့် အဝေးရောက် ယူသူ ခုနစ်ဦး စုစုပေါင်း ၁ဝ၈ ဦးအား ဘွဲ့လက်မှတ် အပ်နှင်းခဲ့သည်။
အဆိုပါ တိုင်းရင်းဆေး တက္ကသိုလ် မန္တလေးမှ မြန်မာ့ တိုင်းရင်းဆေး ပညာ မဟာဘွဲ့ (Master of Myanmar Traditional Medicine) ရသူ ခြောက်ဦးနှင့် မြန်မာ့ တိုင်းရင်းဆေး ပညာဘွဲ့ (Bachelor of Myanmar Tradi- tional Medicine) ဘွဲ့ရ ၁ဝ၂၃ ဦး တို့ကို မွေးထုတ် ပေးနိုင် ခဲ့ကြောင်း သိရသည်။

http://bit.ly/10cCSB3

No comments:

Post a Comment

My Blog List