Monday, March 04, 2013

မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားနေသဖြင့် ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းသို့ စစ်တပ်ကိုစေလွှတ်

Photo: မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားနေသဖြင့် ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းသို့ စစ်တပ်ကိုစေလွှတ်
Monday, March 4, 2013
    
အင်အားကြီး အစ္စလာမ္မစ်ပါတီ Jamaat-e-Islami ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒယ်ဝါဟိုစိန်ဆေးယက်ဒီးကို စစ်ရာဇ၀တ်မှုစွဲချက်များဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်း ယင်းပါတီ
ထောက်ခံသူများနှင့် ရဲများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ မတ် ၃ ရက်တွင် လေးရက်မြောက်အထိ ရှိလာခဲ့သည်။

မတ် ၃ ရက်မှ စတင်ပြီး စစ်ရာဇ၀တ်မှု ရုံးတင်စစ်ဆေးခြင်းကို ဆန့်ကျင်သော
နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြမှု နှစ်ရက်ကြာပြုလုပ်ရန် ယင်းပါတီက တိုက်တွန်းခဲ့ပြီး ပါတီဝင်များနှင့် ရဲများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ အခြေအနေ မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားနေသဖြင့်
နိုင်ငံမြောက်ပိုင်းသို့ စစ်တပ်စေလွှတ်ခဲ့ကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားခဲ့သော လေးရက်အတွင်း သေဆုံးသူစုစုပေါင်းမှာ ၅၈ ဦးအထိ ရှိလာကြောင်းလည်း သိရသည်။

၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်ကို တော်လှန်သော လွတ်လပ်ရေးစစ်ပွဲအတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်သူများကို ရုံးတင်စစ်ဆေးရန် ၀န်ကြီးချုပ် ရှိတ်ခ်ဟာစီနာအစိုးရက ၂၀၁၀ ပြည့်နှစ်တွင် စစ်ခုံရုံး စတင်ဖွဲ့စည်း
ခဲ့ခြင်းဖြစ်ပြီး ဆေးယက်ဒီမှာ သုံးဦးမြောက် စီရင်ချက်ချမှတ်ခံရသူ ဖြစ်သည်။

ယင်းလွတ်လပ်ရေးစစ်ပွဲအတွင်း လူသုံးသန်းခန့် သေဆုံးခဲ့ပြီး အမျိုးသမီး
နှစ်သိန်းခန့်မှာ အဓမ္မပြုကျင့်ခံခဲ့ရကာ လူသန်းနှင့်ချီ၍ အိန္ဒိယသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

မတ် ၃ ရက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးခဲ့ပြီးနောက် စစ်သားများကို တပ်စွဲခဲ့ရခြင်းဖြစ်ကြောင်း ဘိုဂရာခရိုင်မှ ရဲတပ်ဖွဲ့ အကြီးတန်းတာဝန်ရှိသူ မော့ဘူဟိုစိန်က ပြောကြားခဲ့သည်။ 

ယင်းခရိုင်တွင် မတ် ၃ ရက်၌ Jamaat-e-Islami ပါတီတက်ကြွလှုပ်ရှား
သူများက ရဲကင်းလေးခုနှင့် အာဏာရ အ၀ါမီ လိဂ်ပါတီရုံးတစ်ခုတို့ကို တိုက်ခိုက်ခဲ့ကာ အာဏာရပါတီ၏ ဒေသဆိုင်ရာ ရုံးတစ်ခုကိုလည်း မီးရှို့ခဲ့ရာမှ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဒါကာတွင် ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းအများစုမှာ
မတ် ၃ ရက်၌ ပိတ်ထားရဆဲဖြစ်ပြီး ယခင်က ယာဉ်ကြောများမှာ ရှုပ်ထွေးကျပ်တည်းနေသော်လည်း မတ် ၃ ရက်တွင် နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြမှု ပြုလုပ်ရန် လှုံ့ဆော်မှုအပြီး လမ်းများမှာ ခြောက်ကပ်နေကြောင်း သိရသည်။

မတ် ၃ ရက်တွင်ပင် အစိုးရက Jammat ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော အဗ္ဗဒူကွာဒါမိုလာကို သေဒဏ်အပြစ် ပေးရန်အတွက် တရားရုံးချုပ်ထံ အယူခံလွှာ တင်သွင်းခဲ့ကြောင်း နိုင်ငံတော်ရှေ့နေချုပ် မာဘူဘီအလမ်က
ပြောကြားခဲ့သည်။

Ref:AP
Eleven Media Groupအင်အားကြီး အစ္စလာမ္မစ်ပါတီ Jamaat-e-Islami ခေါင်းဆောင် တစ်ဦးဖြစ်သူဒယ်ဝါဟိုစိန်ဆေးယက်ဒီးကို စစ်ရာဇ၀တ်မှုစွဲ ချက် များဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် တရား ရုံးက သေဒဏ်ချ မှတ်ခဲ့ ပြီးနောက်ပိုင်း ယင်းပါတီထောက်ခံသူများနှင့် ရဲများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ မတ် ၃ ရက်တွင် လေးရက်မြောက်အထိ ရှိလာခဲ့သည်။
မတ် ၃ ရက်မှ စတင်ပြီး စစ်ရာဇ၀တ်မှု ရုံးတင်စစ်ဆေးခြင်းကို ဆန့်ကျင်သောနိုင်ငံလုံးဆိုင်ရာ ဆန္ဒပြ မှု နှစ်ရက်ကြာပြုလုပ်ရန် ယင်းပါတီက တိုက်တွန်းခဲ့ပြီး ပါတီဝင်များနှင့် ရဲများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ အခြေအနေ မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားနေသဖြင့်
နိုင်ငံမြောက်ပိုင်းသို့ စစ်တပ်စေလွှတ်ခဲ့ကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားခဲ့သော လေးရက်အတွင်း သေဆုံးသူစုစုပေါင်းမှာ ၅၈ ဦးအထိ ရှိလာကြောင်းလည်း သိရသည်။ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်ကို တော်လှန်သော လွတ်လပ်ရေးစစ်ပွဲအတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်သူများကို ရုံးတင်စစ်ဆေးရန် ၀န်ကြီးချုပ် ရှိတ်ခ်ဟာစီနာအစိုးရက ၂၀၁၀ ပြည့်နှစ်တွင် စစ်ခုံရုံး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဆေးယက်ဒီမှာ သုံးဦးမြောက် စီရင်ချက်ချမှတ်ခံရသူ ဖြစ်သည်။

ယင်းလွတ်လပ်ရေးစစ်ပွဲအတွင်း လူသုံးသန်းခန့် သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်သိန်းခန့်မှာ အဓမ္မပြုကျင့်ခံခဲ့ ရကာ လူသန်းနှင့်ချီ၍ အိန္ဒိယသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။မတ် ၃ ရက်တွင် ပဋိပက္ခ များ ဖြစ်ပွား ခဲ့ပြီး လူငါးဦးသေဆုံးခဲ့ပြီးနောက် စစ်သားများကို တပ်စွဲခဲ့ရခြင်းဖြစ်ကြောင်း ဘိုဂရာခရိုင်မှ ရဲတပ်ဖွဲ့ အကြီးတန်းတာဝန်ရှိသူ မော့ဘူဟိုစိန်က ပြောကြားခဲ့သည်။

ယင်းခရိုင်တွင် မတ် ၃ ရက်၌ Jamaat-e-Islami ပါတီတက်ကြွလှုပ်ရှားသူများက ရဲကင်းလေးခုနှင့် အာဏာ ရ အ၀ါမီ လိဂ်ပါတီရုံးတစ်ခုတို့ကို တိုက်ခိုက်ခဲ့ကာ အာဏာရပါတီ၏ ဒေသဆိုင်ရာ ရုံးတစ်ခုကို လည်း မီးရှို့ခဲ့ရာမှ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဒါကာတွင် ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းအများစုမှာမတ် ၃ ရက်၌ ပိတ်ထားရဆဲဖြစ်ပြီး ယခင်က ယာဉ်ကြောများမှာ ရှုပ်ထွေးကျပ်တည်းနေသော်လည်း မတ် ၃ ရက်တွင် နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြမှု ပြုလုပ်ရန် လှုံ့ဆော်မှုအပြီး လမ်းများမှာ ခြောက်ကပ်နေကြောင်း သိရသည်။

မတ် ၃ ရက်တွင်ပင် အစိုးရက Jammat ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော အဗ္ဗဒူကွာဒါမိုလာ ကို သေဒဏ်အပြစ် ပေးရန်အတွက် တရားရုံးချုပ်ထံ အယူခံလွှာ တင်သွင်းခဲ့ကြောင်း နိုင်ငံတော်ရှေ့နေချုပ် မာဘူဘီအလမ်ကပြောကြားခဲ့သည်။

Ref:AP
Eleven Media Group

No comments:

Post a Comment

My Blog List