Wednesday, March 06, 2013

မြန်မာအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့ မှုများရုပ်သိမ်းရေး သမ္မတဦးသိန်းစိန် သြစတြီးယားတွင် ပြောကြား

Photo: မြန်မာအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့ မှုများရုပ်သိမ်းရေး
သမ္မတဦးသိန်းစိန် သြစတြီးယားတွင် ပြောကြား
Wednesday, March 6, 2013

ဥရောပသို့ အလည်အပတ်ရောက်ရှိနေသော မြန်မာသမ္မတ
ဦးသိန်းစိန်သည် သြစတြီးယား၌ သမ္မတဟိန့်ဇ် ဖစ်ရှာနှင့်
တွေ့ ဆုံဆွေးနွေးပြီး နောက် ဥရောပသမဂ္ဂအနေဖြင့် မြန်မာ အပေါ်ချမှတ်ထားသော ပိတ်ဆို့ မှုများရုပ်သိမ်းရေးအတွက် တိုက်တွန်းလိုက်ကြောင်း သိရသည်။

သြစြ¬တီးယားသမ္မတ ဖစ်ရှာနှင့်တွေ့ ဆုံပြီးနောက် ပြုလုပ်
ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ စကားပြန်မှ တဆင့်
ပြောဆိုရာတွင် မြန်မာ သမ္မတက ၎င်းသည် ဤကိစ္စအတွက် သမ္မတဖစ်ရှာကို ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်ရိုက်
တောင်းဆိုထားကြောင်း ပြောကြားသည်။

ဥရောပသမဂ္ဂသည် မြန်မာအပေါ်ချမှတ်ထားသော ပိတ်ဆို့
မှုများမှ လက်နက်တင်ပို့ ခြင်းမှလွဲ၍ ကျန်ပိတ်ဆို့မှုများကို
ပြီးခဲ့သည့် ဧပြီလတွင် ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်။

အမေရိကန်နှင့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ တို့သည်လည်း မြန်မာအပေါ် မကြာမီကပင် ပိတ်ဆို့မှုများ ပယ်
ဖျက်ပေးကာ ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်လာခဲ့သည်။

သို့သော် မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် ယမန်နှစ် ကစ၍ နိုင်ငံတွင်း ကချင်နှင့် ရခိုင်တွင် စစ်ပွဲနှင့် လူမျိုးရေး
ပဋိပက္ခများကို ရင်ဆိုင်နေရသောကြောင့် အစိုးရ၏ ကိုင်တွယ်မှုအပေါ်စိုးရိမ်မှုများ တိုးပွားလာခဲ့သည်။

သြစတြီးယားသမ္မတ ဖစ်ရှာက မြန်မာ၏ ပြုပြင်ပြောင်းလဲ
ရေးမျာကို ချီးကျူးခဲ့ပြီး ၎င်းတို့ အစိုးရသည်လည်း ဥရောပ
သမဂ္ဂတွင် ပါဝင်နေသည့် အတွက် မြန်မာတွင် တိုးတက်မှုများ ရလာသည်နှင့်အမျှ အီးယူ၏ ပိတ်ဆို့ အရေးယူမှုများရုပ်သိမ်း
ရေးကို ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက မြန်မာ့ ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ “၂၀၁၅ မှာ လုပ်မယ့်ရွေးကောက်ပွဲဟာ ကေင်းမွန်ပြီး တရားမျှတဲ့
ရွေးကောက်ပွဲတွေ ဖြစ်မယ်ဆိုရင် ဥရောပရဲ့ပေါ်လစီဟာ
လည်း ဒီတိုင်းဆက်သွားနိုင်မှာ ဖြစ်ပြီး အဲဒါကပဲ မြန်မာရဲ့ 
အနာဂတ်လမ်းကို ဆုံးဖြတ်နိုင်ပါတယ်” ဟု ပြောကြားသည်။

နော်ဝေ၊ ဖင်လန်နှင့် သြစတြီးယားသို့ အလည်အပတ်
ရောက်ရှိပြီးနောက် မြန်မာသမ္မတသည် ဘယ်လ်ဂျီယမ်
နိုင်ငံမြို့တော် ဘရပ်ဆဲလ်တွင် ဥရောပခေါင်းဆောင်များနှင့်
တွေ့ ဆုံမည်ဖြစ်သည်။ ထို့ နောက်၎င်းသည် အီတလီသို့ 
ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

Ref: AFP
The Myanma Ageဥရောပသို့ အလည်အပတ်ရောက်ရှိနေသော မြန်မာသမ္မတဦးသိန်းစိန် သည် သြစတြီးယား၌ သမ္မတဟိန့်ဇ် ဖစ်ရှာနှင့် တွေ့ ဆုံဆွေးနွေး ပြီး နောက် ဥရောပသမဂ္ဂအနေဖြင့် မြန်မာ အပေါ်ချမှတ်ထားသော ပိတ်ဆို့ မှုများရုပ်သိမ်းရေးအတွက် တိုက်တွန်းလိုက်ကြောင်း သိရသည်။
သြစြ¬တီးယားသမ္မတ ဖစ်ရှာနှင့်တွေ့ ဆုံပြီးနောက် ပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ စကားပြန်မှ တဆင့်ပြောဆိုရာတွင် မြန်မာ သမ္မတက ၎င်းသည် ဤကိစ္စအတွက် သမ္မတဖစ်ရှာကို ပူးပေါင်းဆောင် ရွက်ပေးရန် တိုက်ရိုက်တောင်းဆိုထားကြောင်း ပြောကြားသည်။
ဥရောပသမဂ္ဂသည် မြန်မာအပေါ်ချမှတ်ထားသော ပိတ်ဆို့မှုများမှ လက်နက်တင်ပို့ ခြင်းမှလွဲ၍ ကျန်ပိတ် ဆို့မှုများကိုပြီးခဲ့သည့်ဧပြီလတွင်ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်။ အမေရိကန်နှင့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတ ကာငွေကြေးရန်ပုံငွေအဖွဲ့ တို့သည်လည်း မြန်မာအပေါ် မကြာမီကပင် ပိတ်ဆို့မှုများ ပယ်ဖျက်ပေးကာ ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်လာခဲ့သည်။

သို့သော် မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် ယမန်နှစ် ကစ၍ နိုင်ငံတွင်း ကချင်နှင့် ရခိုင်တွင် စစ်ပွဲနှင့် လူမျိုးရေးပဋိပက္ခများကို ရင်ဆိုင်နေရသောကြောင့် အစိုးရ၏ ကိုင်တွယ်မှုအပေါ်စိုးရိမ်မှုများ တိုးပွားလာခဲ့သည်။

သြစတြီးယားသမ္မတ ဖစ်ရှာက မြန်မာ၏ ပြုပြင်ပြောင်းလဲရေးမျာကို ချီးကျူးခဲ့ပြီး ၎င်းတို့ အစိုးရသည်လည်း ဥရောပသမဂ္ဂတွင် ပါဝင်နေသည့် အတွက် မြန်မာတွင် တိုးတက်မှုများ ရလာသည်နှင့်အမျှ အီးယူ၏ ပိတ်ဆို့ အရေးယူမှုများရုပ်သိမ်းရေးကို ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက မြန်မာ့ ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ “၂၀၁၅ မှာ လုပ်မယ့်ရွေးကောက်ပွဲဟာ ကေင်းမွန်ပြီး တရားမျှတဲ့ရွေးကောက်ပွဲတွေ ဖြစ်မယ်ဆိုရင် ဥရောပရဲ့ပေါ်လစီဟာလည်း ဒီတိုင်းဆက်သွားနိုင်မှာ ဖြစ်ပြီး အဲဒါကပဲ မြန်မာရဲ့ အနာဂတ်လမ်းကို ဆုံးဖြတ်နိုင်ပါတယ်” ဟု ပြောကြားသည်။

နော်ဝေ၊ ဖင်လန်နှင့် သြစတြီးယားသို့ အလည်အပတ်ရောက်ရှိပြီးနောက် မြန်မာသမ္မတသည် ဘယ်လ်ဂျီယမ်နိုင်ငံမြို့တော် ဘရပ်ဆဲလ်တွင် ဥရောပခေါင်းဆောင်များနှင့်တွေ့ ဆုံမည်ဖြစ်သည်။ ထို့ နောက်၎င်းသည် အီတလီသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

Ref: AFP
The Myanma Age

No comments:

Post a Comment

My Blog List