Monday, March 04, 2013

တရုတ်ပြည်သူ့ ကွန်ဂရက်ကို မတ် ၅ ရက်တွင် စတင်ပြုလုပ်မည်

Photo: တရုတ်ပြည်သူ့ ကွန်ဂရက်ကို မတ် ၅ ရက်တွင် စတင်ပြုလုပ်မည်
Monday, March 4, 2013

တရုတ်ပြည်သူ့ ကွန်ဂရက် (NPC) ကို မတ် ၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းမတိုင်မီ မတ် ၃ ရက်တွင် တရုတ်နိုင်ငံရေး အကြံပေးအဖွဲ့ ကွန်ဖရင့် (CPPCC) ကို ပေကျင်းရှိ ပြည်သူ့ခန်းမတွင် ပြုလုပ်ခဲ့သည်။

နှစ်စဉ် မတ်လတွင် ပြုလုပ်လေ့ရှိသော ပြည်သူ့ကွန်ဂရက် (NPC) ၌ တရုတ်သမ္မတ ဟူကျင်တောင်နေရာတွင် ဒုတိယသမ္မတ ရှီကျင်ပင်း၊ ဒုတိယ၀န်ကြီးချုပ် လီကေကျင်းမှာ ၀န်ကြီးချုပ် ၀မ်ကျားပေါင်နေရာတွင် အစားဝင်မည် ဖြစ်သည်။ နိုဝင်ဘာတွင် ရှီကျင်ပင်းကို ကွန်မြူနစ်ပါတီ
ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ပြီးနောက် ယခုပြုလုပ်မည့် NPC တွင် အာဏာများလွှဲပေးခြင်းဖြင့် မျိုးဆက်သစ်ထံ အာဏာလွှဲပေးမှု လုပ်ငန်းစဉ်များ ပြီးဆုံးမည်ဖြစ်သည်။

နိုင်ငံတစ်ဝန်းမှ ကိုယ်စားလှယ် ၃၀၀၀ နီးပါးသည် NPC တွင် မတ် ၅ ရက်မှ
စပြီး ၁၀ ရက်ကြာ ဆွေးနွေးမှုများ ပြုလုပ်ပြီး ပါတီခေါင်းဆောင်များ ကြိုတင်အတည်ပြုပြီးဖြစ်သော အစီအစဉ်များကို အတည်ပြုပေး
ရမည် ဖြစ်သည်။ 

နာမည်ပျက်ထွက်နေသော မီးရထားဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန အများအပြားကို ယခုကွန်ဂရက်တွင် ဖျက်သိမ်းဖွယ်ရှိသည်ဟု သိရသည်။

ထို့ပြင် ယခုကွန်ဂရက်တွင် "အလုပ်ကြမ်းစခန်းပို့ပြီး ပြန်လည်ပညာပေးသည့် စနစ်" ကိုလည်း ဆွေးနွေးဖွယ် ရှိသည်။ ရုံးတင်စစ်ဆေးမှု မပြုလုပ်ဘဲ အလုပ်ကြမ်းစခန်းများသို့ ပို့သည့် ယင်းစနစ်မှာ ပြင်းပြင်းထန်ထန်
ဝေဖန်ခံနေရသည်။ 

သို့သော် မည်သည့်အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည်ကိုမူ အတိအကျ မသိရသေးပေ။

ရေရှည်စီးပွားရေး တိုးတက်မှု ရရှိစေမည့် ထောက်တိုင်ဖြစ်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရှီကျင်ပင်းက ပြသသည့်အနေဖြင့် ပြီးခဲ့သော အနှစ် ၃၀ ကျော်က
ခေတ်မီစေရေး လုပ်ဆောင်ခဲ့သော နိုင်ငံတောင်ပိုင်းရှိ Shenzhen မြို့သို့ ပါတီခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးအဖြစ် သွားရောက်ခဲ့သည်။

တရုတ်ခေါင်းဆောင်သစ်များမှာ ပြည်သူများ မျှော်မှန်းထားသည်များကို ပြည့်မီစေရန် ကြိုးစားရမည်ဖြစ်ပြီး မဟုတ်ပါက အကျင့်ပျက်ခြစားမှု၊ သာတူညီမျှမှု မရှိမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အခြားအကြောင်းအရာများအပေါ်
ပြည်သူများ၏ မကျေနပ်မှု မြင့်တက်လာမှုတို့အား ရင်ဆိုင်ရမည်ဖြစ်သည်။

ဓာတ်ပုံ - CPPCC ဖွင့်ပွဲတွင် ဟူကျင်တောင်၊ ရှီကျင်ပင်း၊ ၀မ်ကျားပေါင်နှင့် လီကေကျင်းတို့ကို တွေ့ရစဉ် (Photo - AFP)

Ref:AFP
Eleven Media Groupတရုတ်ပြည်သူ့ ကွန်ဂရက် (NPC) ကို မတ် ၅ ရက် တွင် ပြုလုပ် မည်ဖြစ်ပြီး ယင်းမတိုင်မီ မတ် ၃ ရက်တွင် တရုတ်နိုင်ငံရေး အကြံပေး အဖွဲ့ ကွန်ဖရင့် (CPPCC) ကို ပေကျင်း ရှိ ပြည်သူ့ခန်းမ တွင် ပြုလုပ်ခဲ့ သည်။
နှစ်စဉ် မတ်လတွင် ပြုလုပ်လေ့ရှိသော ပြည်သူ့ကွန်ဂရက် (NPC) ၌ တရုတ်သမ္မတ ဟူကျင်တောင်နေရာတွင် ဒုတိယသမ္မတ ရှီကျင်ပင်း၊ ဒုတိယ၀န်ကြီးချုပ် လီကေကျင်းမှာ ၀န်ကြီးချုပ် ၀မ်ကျားပေါင်နေရာတွင် အစားဝင်မည် ဖြစ်သည်။ နိုဝင်ဘာတွင် ရှီကျင်ပင်းကို ကွန်မြူနစ်ပါတီ
ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ပြီးနောက် ယခုပြုလုပ်မည့် NPC တွင် အာဏာများလွှဲပေးခြင်းဖြင့် မျိုးဆက် သစ်ထံ အာဏာလွှဲပေးမှု လုပ်ငန်းစဉ်များ ပြီးဆုံးမည်ဖြစ်သည်။
နိုင်ငံတစ်ဝန်းမှ ကိုယ်စားလှယ် ၃၀၀၀ နီးပါးသည် NPC တွင် မတ် ၅ ရက်မှစပြီး ၁၀ ရက်ကြာ ဆွေးနွေး မှုများ ပြုလုပ်ပြီး ပါတီခေါင်းဆောင်များ ကြိုတင်အတည်ပြုပြီးဖြစ်သော အစီအစဉ်များကို အတည်ပြုပေး
ရမည် ဖြစ်သည်။ နာမည်ပျက်ထွက်နေသော မီးရထားဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန အများအပြားကို ယခုကွန်ဂရက်တွင် ဖျက်သိမ်းဖွယ်ရှိသည်ဟု သိရသည်။

ထို့ပြင် ယခုကွန်ဂရက်တွင် "အလုပ်ကြမ်းစခန်းပို့ပြီး ပြန်လည်ပညာပေးသည့် စနစ်" ကိုလည်း ဆွေးနွေးဖွယ် ရှိသည်။ ရုံးတင်စစ်ဆေးမှု မပြုလုပ်ဘဲ အလုပ်ကြမ်းစခန်းများသို့ ပို့သည့် ယင်းစနစ်မှာ ပြင်းပြင်းထန်ထန်
ဝေဖန်ခံနေရသည်။ သို့သော် မည်သည့်အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည်ကိုမူ အတိအကျ မသိရသေးပေ။

ရေရှည်စီးပွားရေး တိုးတက်မှု ရရှိစေမည့် ထောက်တိုင်ဖြစ်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရှီကျင်ပင်းက ပြသသည့်အနေဖြင့် ပြီးခဲ့သော အနှစ် ၃၀ ကျော်ကခေတ် မီစေရေး လုပ်ဆောင်ခဲ့သော နိုင်ငံတောင်ပိုင်းရှိ Shenzhen မြို့သို့ ပါတီခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးအဖြစ် သွားရောက်ခဲ့သည်။

တရုတ်ခေါင်းဆောင်သစ်များမှာ ပြည်သူများ မျှော်မှန်းထားသည်များကို ပြည့်မီစေရန် ကြိုးစားရမည်ဖြစ်ပြီး မဟုတ်ပါက အကျင့်ပျက်ခြစားမှု၊ သာတူညီမျှမှု မရှိမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အခြားအကြောင်း အရာများအပေါ်ပြည်သူများ၏ မကျေနပ်မှု မြင့်တက်လာမှုတို့အား ရင်ဆိုင်ရမည်ဖြစ်သည်။

ဓာတ်ပုံ - CPPCC ဖွင့်ပွဲတွင် ဟူကျင်တောင်၊ ရှီကျင်ပင်း၊ ၀မ်ကျားပေါင်နှင့် လီကေကျင်းတို့ကို တွေ့ရစဉ် (Photo - AFP)

Ref:AFP
Eleven Media Group

No comments:

Post a Comment

My Blog List