Thursday, March 07, 2013

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက် တင်ပို့နိုင်ရန် ကြိုးပမ်းမည်

Photo: အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက်
တင်ပို့နိုင်ရန် ကြိုးပမ်းမည်
Thursday, March 7, 2013

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက်တင်ပို့နိုင်ရန် အတွက် The Burmese Freedom and Democracy Act 2003 ကို အပြီးသတ် ရုပ်သိမ်းနိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မတ်လ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် တွင် ပြောကြားခဲ့သည်။

"ကျောက်စိမ်းကျောက်မျက် တင်ပို့မှုနဲ့ ပတ်သက်ပြီး ပိတ်ဆို့ထားတဲ့ ဥပဒေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်က ချမှတ်ထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စနစ်အရ ဥပဒေတစ်ရပ်ကို အပြီးအပိုင် ပယ်ဖျက်ရန် ကြိုးပမ်းမှုမှာတော့ နိုင်ငံရေးအရ၊ ဥပဒေရေးအရနဲ့ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်များမှ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ဟာ စီးပွားရေးအရ ပတ်ဆို့ကန့်သတ်မှုများ လုံးဝ ရုပ်သိမ်းရေးကို တစ်စိုက်မတ်မတ် တောင်းဆိုလျက် ရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

ပိတ်ဆို့ထားသည့် ဥပဒေများ ရုပ်သိမ်းရေးအတွက် ဥပဒေပိုင်း၊ နည်းပညာပိုင်းအရ လေ့လာအကြံပြုနိုင်မည့် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်
အချင်းချင်း ထိတွေ့တောင်းဆိုရန်လိုကြောင်း၊ The Burmese Freedom and Democracy Act 2003 အရ မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် ပိတ်ပင်ထားရှိမှုများကို အထွေထွေ လိုင်စင်ထုတ်ပေးခြင်း၊ ယာယီကင်းလွတ်ခွင့် ပေးခြင်းတို့ကို ဖြေလျော့ပေးလာကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံခွင့်၊ ငွေကြေး
လွှဲပြောင်းခွင့်၊ နိုင်ငံတကာငွေ ကြေးရန်ပုံငွေ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့် ပြုခြင်းများကို ဖြေလျော့ပေးမှုများ ရှိလာပြီဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ ကွန်ဂရက်မှ ပိတ်ပင်ထားမှု ဖြေလျော့
ရုပ်သိမ်းရေး၊ ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသာမက၊ ဥပဒေပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းရာ ပညာရှင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအ၀န်း အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယ၀န် ကြီးဦးဇင်ယော်က ပြောကြားခဲ့သည်။

Eleven Media Groupအမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက် တင်ပို့နိုင်ရန် အတွက် The Burmese Freedom and Democracy Act 2003 ကို အပြီးသတ် ရုပ်သိမ်းနိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မတ်လ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် တွင် ပြောကြားခဲ့သည်။
"ကျောက်စိမ်းကျောက်မျက် တင်ပို့မှုနဲ့ ပတ်သက်ပြီး ပိတ်ဆို့ထားတဲ့ ဥပဒေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်က ချမှတ်ထား တဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စနစ်အရ ဥပဒေတစ်ရပ်ကို အပြီးအပိုင် ပယ်ဖျက်ရန် ကြိုးပမ်းမှုမှာတော့ နိုင်ငံရေးအရ၊ ဥပဒေရေးအရနဲ့ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်များမှ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ဟာ စီးပွားရေးအရ ပတ်ဆို့ကန့်သတ်မှုများ လုံးဝ ရုပ်သိမ်းရေးကို တစ်စိုက်မတ်မတ် တောင်းဆိုလျက် ရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

ပိတ်ဆို့ထားသည့် ဥပဒေများ ရုပ်သိမ်းရေးအတွက် ဥပဒေပိုင်း၊ နည်းပညာပိုင်းအရ လေ့လာအကြံပြုနိုင်မည့် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အချင်းချင်း ထိတွေ့တောင်းဆိုရန်လိုကြောင်း၊ The Burmese Freedom and Democracy Act 2003 အရ မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် ပိတ်ပင်ထားရှိမှုများကို အထွေထွေ လိုင်စင်ထုတ်ပေးခြင်း၊ ယာယီကင်းလွတ်ခွင့် ပေးခြင်းတို့ကို ဖြေလျော့ပေးလာကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံခွင့်၊ ငွေကြေးလွှဲပြောင်းခွင့်၊ နိုင်ငံတကာငွေ ကြေးရန်ပုံငွေ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့် ပြုခြင်းများကို ဖြေလျော့ပေးမှုများ ရှိလာပြီဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ ကွန်ဂရက်မှ ပိတ်ပင်ထားမှု ဖြေလျော့ရုပ်သိမ်းရေး၊ ပိတ်ဆို့မှုများ ရုပ်သိမ်းရေး အတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသာမက၊ ဥပဒေပိုင်းဆိုင်ရာ၊ နည်းပညာ ပိုင်းရာ ပညာရှင် များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအ၀န်း အားလုံးက တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယ၀န် ကြီးဦးဇင်ယော်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List