Friday, March 08, 2013

7Day News Hero ဆုရှင် ဖောင်တော်ဦးဆရာတော်ဦးနာယကနဲ့ စာရေးဆရာကိုတာ CPME နှင့် SEMS

Photo: 7Day News Hero ဆုရှင်
Friday, March 8, 2013

ဖောင်တော်ဦးဆရာတော်ဦးနာယကနဲ့ စာရေးဆရာကိုတာ
CPME နှင့် SEMS

မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးလူတန်းစားတွေအတွက် ပညာသင်ကြားဖို့ အဓိကအားထားရာက အစိုးရက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမဟုတ်ပါဘူး။ ရဟန်း၊ သီလရှင်၊ သူတော်စင်တွေက ဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်း (ဘကကျောင်း)တွေကသာ တိုင်းပြည်ရဲ့အဆင်းရဲဆုံး လူတန်းစားတွေရဲ့ ရင်သွေးငယ်တွေ ပညာရည်နို့တိုက်ကျွေးရာနေရာ 
တွေ ဖြစ်ပါတယ်။

နှစ်ပေါင်းရာနဲ့ချီပြီး သမိုင်းကြောင်းကောင်းခဲ့တဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဟာ အခုဆိုရင် တစ်နိုင်ငံလုံးမှာ ကျောင်းပေါင်း (၁၅၀၀)ခန့်ရှိပြီး၊ ကျောင်းသား၊ ကျောင်းသူ၊ သာမဏေ၊ သီလရှင် နှစ်သိန်းကျော်ကို ပညာသင်ကြားပေးနေပါတယ်။

၂၀၀၇ ခုနှစ်ကစတင်ပြီး ဖောင်တော်ဦးဆရာတော် ဦးနာယကနဲ့ စာရေးဆရာကိုတာတို့ အဓိကဦးဆောင်တည်ထောင် လုပ်ကိုင်နေတဲ့ 
Center For Promotion Of Monastic Education(CPME) ခေါ်တဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို အဆင့်မြှင့်တင်ရေး အစီအစဉ်ဟာ ဘကကျောင်းတွေမှာ ဦးဆောင်နေတဲ့၊ သင်ကြားပေးနေတဲ့ ဆရာတော်၊ သီလရှင်၊ ဆရာ၊ ဆရာမတွေကို သင်ကြားမှုစွမ်းရည်မြှင့်တင်တဲ့၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်ပြီး ယုံကြည်မှုတည်ဆောက်ပေးတဲ့ ၊ စာသင်တာအပြင် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို တက်မြောက်အောင် သင်ပေးတဲ့အစီအစဉ် ဖြစ်ပါတယ်။ 

ဒီသင်တန်းတက်ပြီးတာနဲ့ ဆရာတော်၊ သီလရှင်၊ ဆရာ၊ ဆရာမတွေရဲ့
သင်ကြားမှုစွမ်းရည်၊ တွေးခေါ်ပုံတွေ၊ ယုံကြည်မှုတွေ၊ စွမ်းရည်တွေ တိုးတက်လာတယ်လို့ တညီတညွှတ်တည်း ထောက်ခံအားပေးခံရတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ ဒီနေ့အထိ သင်တန်း(၇ )ကြိမ် ဖွင့်ပေးပြီး၊ ဘကကျောင်း (၆၀)ခန့်က ဆရာတော်၊ သီလရှင်၊ ဆရာ၊ ဆရာမ(၂၀၀)ခန့် သင်တန်းပေးခဲ့ပြီးဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ဆရာကိုတာက Socially Engaged Monastic School(SEMS) ဆိုတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို အဆင့်မြှင့်တင်ပေးတဲ့ အစီအစဉ်သစ်တစ်ခုကို ထပ်မံတိုးချဲ့လုပ်ကိုင်
နေပါတယ်။ 

CPME နဲ့ SEMS က သင်ကြားပေးတဲ့ အစီအစဉ်အများစုက အတူတူပဲဖြစ်ပြီး လောကသာရလို့ အမည်ပေးထားတဲ့ SEMS ကတော့ ဘကကျောင်းတွေရှိရာသွားပြီး ပညာသင်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကလည်း (၂)နှစ်အတွင်း ဘကကျောင်း (၃၂) ကျောင်းက ဆရာတော်၊ သီလရှင်၊ ဆရာ၊ ဆရာမ (၁၀၀)ကျော်ကို ဝေဖန်ပိုင်းခြားမှု စွမ်းရည်၊ သင်ကြားမှုစွမ်းရည်၊ ယုံကြည်မှုတည်ဆောက်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဘကကျောင်းတွေ အဆင့်မြှင့်တင်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့တဲ့ ဖောင်တော်ဦးဆရာတော် ဦးနာယကနဲ့ စာရေးဆရာကိုတာ
တို့ကို 7Day News ရဲ့ သူရဲကောင်းဆု ချီးမြှင့်ခြင်းဖြစ်ပါတယ်။

ဓာတ်ပုံ - ဖောင်တော်ဦးဆရာတော်ဦးနာယကနဲ့ စာရေးဆရာကိုတာ 
တို့အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဂျင်မီက ပေးအပ်ချီးမြှင့်ခဲ့သည်။

7Day News Journalမြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးလူတန်းစားတွေအတွက် ပညာသင်ကြားဖို့ အဓိကအားထားရာက အစိုးရက ဖွင့်လှစ်ထား တဲ့ ကျောင်းတွေ မဟုတ် ပါဘူး။ရဟန်း၊ သီလရှင်၊ သူတော်စင်တွေက ဖွင့်လှစ်ထားတဲ့ ဘုန်းတော် ကြီး ပညာသင်ကျောင်း (ဘကကျောင်း)တွေကသာ တိုင်းပြည်ရဲ့ အဆင်းရဲဆုံးလူတန်းစားတွေရဲ့ရင်သွေးငယ်တွေ ပညာရည်နို့ တိုက်ေ ကျွး ရာနေရာ တွေ ဖြစ်ပါတယ်။
နှစ်ပေါင်းရာနဲ့ချီပြီး သမိုင်းကြောင်းကောင်းခဲ့တဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဟာ အခုဆိုရင် တစ်နိုင်ငံလုံးမှာ ကျောင်းပေါင်း (၁၅၀၀)ခန့်ရှိပြီး၊ ကျောင်းသား၊ ကျောင်းသူ၊ သာမဏေ၊ သီလရှင် နှစ်သိန်းကျော်ကို ပညာသင် ၾကားေ ပးေ နပါတယ်။၂၀၀၇ ခုနှစ်ကစတင်ပြီး ဖောင်တော်ဦးဆရာတော် ဦးနာယကနဲ့ စာရေးဆရာကိုတာတို့ အဓိကဦးဆောင် တည်ထောင် လုပ်ကိုင်နေတဲ့ Center For Promotion Of Monastic Education(CPME) ခေါ်တဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို အဆင့်မြှင့်တင်ရေး အစီအစဉ်ဟာ ဘကကျောင်းတွေမှာ ဦးဆောင်နေတဲ့၊ သင်ကြားပေးနေတဲ့ ဆရာတော်၊ သီလရှင်၊ ဆရာ၊ ဆရာမတွေကို သင်ကြားမှုစွမ်း ရည်မြှင့်တင်တဲ့၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်ပြီး ယုံကြည်မှုတည်ဆောက်ပေးတဲ့ ၊ စာသင်တာအပြင် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို တက်မြောက်အောင် သင်ပေးတဲ့အစီအစဉ် ဖြစ်ပါတယ်။

ဒီသင်တန်းတက်ပြီးတာနဲ့ ဆရာတော်၊ သီလရှင်၊ ဆရာ၊ ဆရာမတွေရဲ့သင်ကြားမှုစွမ်းရည်၊ တွေးခေါ်ပုံတွေ၊ ယုံကြည်မှုတွေ၊ စွမ်းရည်တွေ တိုးတက်လာတယ်လို့ တညီတညွှတ်တည်း ထောက်ခံအားပေးခံရတဲ့ အစီ အစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ ဒီနေ့အထိ သင်တန်း(၇ )ကြိမ် ဖွင့်ပေးပြီး၊ ဘကကျောင်း (၆၀)ခန့်က ဆရာတော်၊ သီလရှင်၊ ဆရာ၊ ဆရာမ(၂၀၀)ခန့် သင်တန်းပေးခဲ့ပြီးဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ဆရာကိုတာက Socially Engaged Monastic School(SEMS) ဆိုတဲ့ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းတွေကို အဆင့်မြှင့်တင်ပေးတဲ့ အစီအစဉ်သစ်တစ်ခုကို ထပ်မံတိုးချဲ့လုပ်ကိုင်နေပါ တယ်။ CPME နဲ့ SEMS က သင်ကြားပေးတဲ့ အစီအစဉ်အများစုက အတူတူပဲဖြစ်ပြီး လောကသာရလို့ အမည်ပေးထားတဲ့ SEMS ကတော့ ဘကကျောင်းတွေရှိရာသွားပြီး ပညာသင်ပေးတဲ့ အစီအစဉ်ဖြစ် ပါတယ်။ ဒီအစီအစဉ်ကလည်း (၂)နှစ်အတွင်း ဘကကျောင်း (၃၂) ကျောင်းက ဆရာတော်၊ သီလရှင်၊ ဆရာ၊ ဆရာမ (၁၀၀)ကျော်ကို ဝေဖန်ပိုင်းခြားမှု စွမ်းရည်၊ သင်ကြားမှုစွမ်းရည်၊ ယုံကြည်မှု တည်ဆောက်ြ ခင်းနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဘကကျောင်းတွေ အဆင့်မြှင့်တင်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့ တဲ့ ဖောင်တော်ဦး ဆရာတော် ဦးနာယကနဲ့ စာရေးဆရာကိုတာတို့ကို 7Day News ရဲ့ သူရဲကောင်းဆု ချီးမြှင့်ခြင်းဖြစ်ပါတယ်။

ဓာတ်ပုံ - ဖောင်တော်ဦးဆရာတော်ဦးနာယကနဲ့ စာရေးဆရာကိုတာတို့အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဂျင်မီက ပေးအပ်ချီးမြှင့်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List