Wednesday, January 09, 2013

ဆိုက်ဘာ တိုက်ခိုက်ခဲ့သည့် ရုရှား နိုင်ငံသား တစ်ဦးကို အမေရိကန် အစိုးရက ထောင်ဒဏ် သုံးနှစ်ပြစ်ဒဏ် ချမှတ်

Photo: ဆိုက်ဘာ တိုက်ခိုက်ခဲ့သည့် ရုရှား နိုင်ငံသား တစ်ဦးကို အမေရိကန် အစိုးရက ထောင်ဒဏ် သုံးနှစ်ပြစ်ဒဏ် ချမှတ်
Tuesday, January 08, 2013 

အမေရိကန် ပြည်သူများနှင့် ဘဏ်များကို ပစ်မှတ်ထား၍ Online မှတစ်ဆင့် လိမ်လည်၍ ပြစ်မှု ကျူးလွန်ခဲ့ သည်ဟု စွပ်စွဲ ခံထားရသည့် ရုရှား နိုင်ငံသား တစ်ဦးကို အမေရိကန် တရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ် ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အသက် ၅၅ နှစ် အရွယ်ရှိ ဗလာဒီမာ ဒိုရိုဗီနင် ဆိုသူ ရုရှား နိုင်ငံသား တစ်ဦးသည် လျှို့ဝှက် ကြံစည်မှုနှင့် ဆိုက်ဘာ တိုက်ခိုက်မှု များကို ကျူးလွန်ခဲ့သည်ဟု မန်ဟတ်တန်ရှိ တရားရုံးတွင် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ လက ဝန်ခံ ပြောကြားခဲ့ပြီး ၎င်းရှေ့နေ၏ တောင်းပန်မှုကြောင့် ၎င်းအား စီရင်ချက် ချမည့်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်း ခဲ့ရကြောင်း သိရသည်။

ဒိုရိုဗီနင်ကို ဇူးရစ်မြို့တွင် ၂ဝ၁၁ ခုနှစ် မတ်လက ဖမ်းဆီးခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ လတွင် ၎င်းအား ပြစ်မှု ကိုးခု ကျူးလွန်ခဲ့သည်ဟု တရားစွဲဆို ခဲ့သည့် နယူးယောက် မြို့သို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။ အမှုများတွင် ၎င်း၏ သားဖြစ်သူ ကီရီလည်း ပါဝင်ကြောင်း သိရသည်။

၎င်းတို့ သားအဖ နှစ်ဦးသည် ၂ဝဝ၄ ခုနှစ်နှင့် ၂ဝဝ၅ ခုနှစ်ကြား နှစ်များ၌ ရုရှားနှင့် လက်တ်ဗီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သော Credit card နှင့်
ပတ်သက်သော သတင်း အချက်အလက်များ ခိုးယူမှု၊ ဝက်ဘ်ဆိုက်များနှင့် ဘဏ်စာရင်းများကို ခိုးယူ အသုံးပြုမှု များကို ကျူးလွန်ခဲ့ကြပြီး အဆိုပါ
ပြစ်မှုများကြောင့် အမေရိကန် ပြည်သူ များ ဆုံးရှုံးနစ်နာ ခဲ့ကြောင်း အမေရိကန် အာဏာပိုင် များ၏ ပြောကြားချက် အရ သိရသည်။

ထို့ပြင် အာမခံ ကုမ္ပဏီများ၏ အစုရှယ်ယာ ထောင်ပေါင်းများစွာ ဝယ်ယူ
ရောင်းချခြင်း တွင်လည်း လိမ်လည် လှည့်ဖြားမှု များကို ကျူးလွန် ခဲ့သည်ဟုလည်း ဒိုရိုဗီနင်ကို စွပ်စွဲခဲ့သည်ဟု သိရသည်။

အဆိုပါ လိမ်လည်မှု များတွင် နည်းပညာ ဆိုင်ရာ လိမ်လည်မှု ကဏ္ဍများ၌ ၎င်း၏ သားဖြစ်သူ ကီရီလည်း ပါဝင်ခဲ့ကြောင်း အစိုးရ ရှေ့နေများက
ပြောကြားခဲ့သည်။

မြ၀တီအမေရိကန် ပြည်သူများနှင့် ဘဏ်များကို ပစ်မှတ်ထား၍ Online မှတစ်ဆင့် လိမ်လည်၍ ပြစ်မှု ကျူးလွန်ခဲ့ သည်ဟု စွပ်စွဲ ခံထားရသည့် ရုရှား နိုင်ငံသား တစ်ဦးကို အမေရိကန် တရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ် ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အသက် ၅၅ နှစ် အရွယ်ရှိ ဗလာဒီမာ ဒိုရိုဗီနင် ဆိုသူ ရုရှား နိုင်ငံသား တစ်ဦးသည် လျှို့ဝှက် ကြံစည်မှုနှင့် ဆိုက်ဘာ တိုက်ခိုက်မှု များကို ကျူးလွန်ခဲ့သည်ဟုမန်ဟတ်တန်ရှိတရားရုံးတွင်၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ လက ဝန်ခံ ပြောကြားခဲ့ပြီး ၎င်းရှေ့နေ၏ တောင်းပန်မှုကြောင့် ၎င်းအား စီရင်ချက် ချမည့်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်း ခဲ့ရကြောင်း သိရသည်။ဒိုရိုဗီနင်ကို ဇူးရစ်မြို့တွင် ၂ဝ၁၁ ခုနှစ် မတ်လက ဖမ်းဆီးခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ လတွင် ၎င်းအား ပြစ်မှု ကိုးခု ကျူးလွန်ခဲ့သည်ဟု တရားစွဲဆို ခဲ့သည့် နယူးယောက် မြို့သို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။ အမှုများတွင် ၎င်း၏ သားဖြစ်သူ ကီရီလည်း ပါဝင်ကြောင်း သိရသည်။

၎င်းတို့ သားအဖ နှစ်ဦးသည် ၂ဝဝ၄ ခုနှစ်နှင့် ၂ဝဝ၅ ခုနှစ်ကြား နှစ်များ၌ ရုရှားနှင့် လက်တ်ဗီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သော Credit card နှင့်ပတ်သက်သော သတင်း အချက်အလက်များ ခိုးယူမှု၊ ဝက်ဘ်ဆိုက်များနှင့် ဘဏ်စာရင်းများကို ခိုးယူ အသုံးပြုမှု များကို ကျူးလွန်ခဲ့ကြပြီး အဆိုပါပြစ်မှု များကြောင့် အမေရိကန် ပြည်သူ များ ဆုံးရှုံးနစ်နာ ခဲ့ကြောင်း အမေရိကန် အာဏာပိုင် များ၏ ပြောကြား ချက် အရ သိရသည်။ ထို့ပြင် အာမခံ ကုမ္ပဏီများ၏ အစုရှယ်ယာ ထောင်ပေါင်းများစွာ ဝယ်ယူရောင်းချခြင်း တွင်လည်း လိမ်လည် လှည့်ဖြားမှု များကို ကျူးလွန် ခဲ့သည်ဟုလည်း ဒိုရိုဗီနင်ကို စွပ်စွဲခဲ့သည်ဟု သိရသည်။

အဆိုပါ လိမ်လည်မှု များတွင် နည်းပညာ ဆိုင်ရာ လိမ်လည်မှု ကဏ္ဍများ၌ ၎င်း၏ သားဖြစ်သူ ကီရီလည်း ပါဝင်ခဲ့ကြောင်း အစိုးရ ရှေ့နေများကပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment

My Blog List