
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း နှစ်ပတ်လည် အသင်းသားစုံညီလာ ခံနှင့် အာဆီယံအင်ဂျင်နီယာဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ပွဲကို ဂုဏ်ပြုသောအားဖြင့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲကို အစီအစဉ်များစွာဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် စက်မှုထုတ်ကုန်များ၊ ဆောက်လုပ်ရေးနှင့် အိမ် အလှဆင်ပစ္စည်းများ၊ စက်နှင့် စက်ပိုင်းဆိုင်ရာ အပိုပစ္စည်းများ၊ Electronic ပစ္စည်းများ၊ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်
ပစ္စည်းများ၊စာအုပ်များ၊ပညာရေးဝန်ဆောင်မူနှင့် လေ့ကျင့်ရေး သင်တန်းကျောင်းများ၊ စာတမ်းဖတ်ပွဲများ ဖတ်ကြား ခြင်း၊ TECH Quiz! ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပခြင်းနှင့် ပွဲအမှတ်တရ ပစ္စည်းများ ရောင်းချခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
''ဒီပွဲမှာ အင်ဂျင်နီယာ နည်းပညာဆိုင်ရာတွေကို လေ့လာနိုင်မယ့်အပြင် ထုတ်ကုန်ပစ္စည်းမျိုးစုံကို လည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်'' ဟု မျိုးဆက်သစ် အင်ဂျင်နီယာအသင်းမှ ကိုကျော်သီဟ က ပြောပြခဲ့သည်။ ယခုပြပွဲကို အင်ဂျင်နီယာ ကျောင်းသားများ အများအပြား စိတ်ဝင်စားလျက်ရှိပြီး TECH Quiz! ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲတွင် မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ် အသီးသီး မှ ကျောင်းသားကျောင်း သူများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်း များ၏ ကျောင်းသားကျောင်း သူများ ထံမှ သိရသည်။ ယင်းနည်းပညာဆိုင်ရာ ပြခန်းတွင် ယခုနှစ်ကို ပြခန်းပေါင်း ၅၁ ခန်းဖြင့် ပြသမည်ဖြစ်ဲပြီး ၂၀၁၂ ခုနှစ်တွင် ၈၃ ခန်း၊ ၂၀၁၁ ခုနှစ်တွင် ၁၂ခန်းဖြင့် ပြသခဲ့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment