Wednesday, January 09, 2013

ကချင်ငြိမ်းချမ်းရေးအကျိုးရှောင် မြအေးတို့အတွက် နှစ်သစ်ကူးစကားလက်ဆောင်


၂၀၁၂ ခုနှစ်အကုန်၊ ၂၀၁၃ ခုနှစ်အကူး၊ ကချင်ပြည်နယ်မှာ ဘယ်လိုမှ စေ့စပ်ဆွေးနွေးလို့ မရနိုင်တဲ့ ကေအိုင်အေနဲ့ တိုက်ပွဲအဟုန်တွေ မြင့်လာတာနဲ့အတူ တိုင်းပြည်အင်အားမရှိဖို့၊ တပ်မတော် အင်အားမရှိဖို့ ဆင်ကြံကြံနေတဲ့ မြအေးတို့ အိတ်တီအိတ်အဖွဲ့ဟာလည်း တစ်ကျော့ပြန် ခေါင်းထောင် လာပါတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကို တလွဲအသုံးချပြီး အခြေအနေနဲ့ အချိန်အခါကို မချင့်ချိန်ဘဲ၊ ထင်ရာပြော၊ ထင်ရာစွပ်စွဲ၊ ထင်ရာတွေပုတ်ခတ်မှုများ ပြုလုပ်လာကြပါတယ်။  

မြအေးတို့အဖွဲ့ဟာ ကိုယ့်ဟာကို လူတော်လူတတ်ကြီးလုပ်ပြီးသူတို့ဆုတောင်းပေးလိုက်ရင်၊ တောင်းဆိုပေး
လိုက်ရင်ပဲ ကချင်ပြည်နယ်ငြိမ်းချမ်းရေးရတော့မယောင်ယောင်နဲ့ ယောင်ခြောက်ဆယ် လုပ်နေကြတာပါ။ ဘင်္ဂလီပြဿနာ၊ လက်ပံတောင်းတောင်ပြဿနာ၊ ကချင်ပြည်နယ်ပြဿနာ၊ တိုင်းပြည်မှာ ဘာပြဿနာဖြစ်ဖြစ် သူတို့ကြိုက်တယ်။ စိတ်ရင်းစေတနာကောင်းသလို ဟန်ကလေး လုပ်ပြီး ဒီမိုကရေစီကူးပြောင်းရေးလုပ်နေတဲ့အစိုးရကို အကျပ်အတည်းဖြစ်အောင် ခြေပုန်းခုတ် လှုပ်ရှားပြီး အိတ်တီအိတ် မျိုးဆက်လေး လူမမေ့အောင်ကြိုးစားနေတဲ့အဖွဲ့ပါ။ ဒီကာလတွေမှာ နောက်ကြောင်းပြန် ဆိုတဲ့ စကားလုံးကို အများဆုံးသုံးပြီး နှပ်ကြောင်းပေးနေတာလည်း ဒီအဖွဲ့ပါပဲ။


ကချင်ပြည်ငြိမ်းချမ်းရေးကိုကချင်ပြည်သူတွေလိုလားတယ်။ မြန်မာတစ်ပြည်လုံးက ပြည်သူ တွေလည်းလိုလားတယ်။ ဒီလိုပဲ တပ်မတော်ကလည်း ငြိမ်းချမ်းရေးကိုလိုလားတယ်။ ပြည်သူတွေက စစ်ကိုမုန်းတာထက် စစ်ပွဲရဲ့အနိဌာရုံတွေကို ကိုယ်တိုင်ကြုံတွေ့နေရတဲ့ တပ်မတော်သားတွေက ပိုလို့ မုန်းသေးတယ်။ တပ်မတော်သားတွေ မြဲမြံစွာစောင့်ထိန်းရမယ့်ကျင့်ဝတ်တွေထဲမှာ “လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ရန်သူကိုမတိုက်လျှင် မဖြစ်၍သာတိုက်နေရကြောင်း နားလည်ပါစေ” ဆိုတဲ့ကျင့်ဝတ်တစ်ပါး ပါပါတယ်။ ကေအိုင်အေကို မတိုက်ရင်မဖြစ်လို့တိုက်နေရတာပါ။

တပ်မတော်က ပြည်ထောင်စုမြန်မာနိုင်ငံတော်အဓွန့်ရှည်တည်တံ့ရေးအတွက် စစ်တိုက်နေရတာ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ ကချင်ပြည်သူတွေကို လူမျိုးတုံးသတ်ဖြတ်တိုက်ခိုက်နေတာမဟုတ်ဘူး။
ပြည်ထောင်စုစိတ်ဓာတ်မရှိတဲ့၊ ပြည်ထောင်စုက ခွဲထွက်ချင်နေတဲ့ ကေအိုင်အေ လက်တဆုပ်စာကို တိုက်ခိုက်နေတာ။ ကိုယ့်နိုင်ငံတော်အလံကိုတောင်  တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရကောင်းမှန်း မသိဘဲ၊ ခြေနဲ့နင်း၊ မီးရှို့ပြီးစော်ကားမော်ကားလုပ်နေတဲ့ လက်တဆုပ်စာ KIA ကိုတိုက်ခိုက်နေတာ။ စစ်ဆိုတာ အနုနည်းနဲ့ ဖြေရှင်းမရလို့ ထုတ်သုံးရတဲ့နိုင်ငံရေးနည်းတစ်မျိုးဆိုတာ မြအေးတို့ နိုင်ငံရေးပါး ၀သူတွေ သိပြီးသားပါ။

စစ်တပ် စစ်တပ်ချင်း စစ်တိုက်နေတာ၊ နိုင်ငံရေးလုပ်စားနေသူတွေက ဘုမသိ၊ ဘမသိနဲ့ ၀င်မပါ ရင်ကောင်းပါလိမ့်မယ်။ မြအေးတို့အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားလို့၊ တကယ်စွမ်းဆောင် နိုင်လို့ရှိရင်တော့ အားကိုးလိုက်ချင်ပါရဲ့။ စေ့စပ်ဆွေးနွေးလို့မရတဲ့ ကိစ္စတစ်ခုမှာ ပွဲဆူအောင် ၀င်မဖွ သင့်ဘူး။ ကေအိုင်အေ ဂွမ်မော်လိုကောင်မျိုးကလည်း သူ့ဆရာတွေတောင်ထိန်းလို့မရတဲ့ကောင်၊ မြအေးတို့လို “ငမြောက်ငခြောက်” ကောင်တွေမပြောနဲ့။ ဘယ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့မှ ညှိနှိုင်းလို့မှ အဆင်မပြေတဲ့ကောင်၊ နောက်ဆုံး ဒေါ်စုတို့၊ သမ္မတကြီးတို့ ကိုယ်တိုင်ညှိနှိုင်းရင်တောင် လက်ခံရ ကောင်းမှန်းသိမယ့်ကောင်မဟုတ်ဘူး။ အရူးဘုံမြှောက်သွေးနားထင်ရောက်ပြီး ၀မ်ပေါင်နိုင်ငံမှ ၀မ်ပေါင် နိုင်ငံဖြစ်နေတဲ့ကောင်။
  
မြအေးတို့ကို ပြောချင်တာက ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား မေးရမယ့်အချိန် မဟုတ်ဘူး။ စစ်တိုက်မှတော့ ထိခိုက်ကျဆုံးမယ်။ သေမယ်။ ဘာမှမထူးဆန်းဘူး။ တပ်မတော်က စစ်ကို တစ်ဖက်သတ်တိုက်နေတယ်လို့ မင်းတို့မို့ပြောထွက်တယ်။ စစ်တိုက်တယ်ဆိုကတည်းက အနိုင်/အရှုံး အဆုံးအဖြတ်အတွက်တိုက်ကြတာ။ ကေအိုင်အေလည်းငတုံးမှမဟုတ်တာ၊သူတို့အခြေအနေ ကောင်းနိုင်တယ်
ထင်လို့ ခေါင်းမာနေတာ၊ သူတို့မှာလည်း ပြည်ပကအထောက်အပံ့ရထားတဲ့ လက်နက်ခဲယမ်းတွေ၊
ပြည်နယ်ရဲ့သယံဇာတတွေထုတ်ယူပြီးဝယ်ယူတပ်ဆင်ထားတဲ့လက်နက်တွေမနည်းပါဘူး။ ပြောမရဆိုမရလို့
တပ်မတော်က တိုက်စစ်အဟုန်လေးမြှင့်၊ လေယာဉ်လေးတစ်ပတ်လောက် ၀ဲပြလိုက် တာနဲ့ မီဒီယာမှာ “ကျွန်တော်တို့အနိုင်ကျင့်ခံနေရပါတယ်”လို့ ကေအိုင်အေတွေ အရှက်မရှိ ကုန်းအော် တာကို အိတ်တီအိတ် ငပေါတွေက သံယောင်လိုက်နေကြတယ်။

အစိုးရနဲ့ ကေအိုင်အေရဲ့စေ့စပ်ညှိနှိုင်းပွဲတွေကို ယုံကြည်နေမိလို့၊ သမ္မတကြီးက ထိုးစစ်မဆင် ရဘူး။ မိမိကိုသာ ကာကွယ်ရမယ်ဆိုတာကို အမိန့်နာခံနေခဲ့ရလို့ ကေအိုင်အေက အခွင့်ကောင်းယူပြီး ရူးသလို၊ ပေါသလိုနဲ့ ဟိုနားမှာတိုက်ကွက်ဆင်၊ ဒီနားကချောင်းပစ်၊ လမ်းကြောင်းတွေမှာ မိုင်းဆွဲတိုက်ခိုက်ကြလို့ တပ်မတော်သားပေါင်းများစွာ ကျဆုံးထိခိုက်ဒဏ်ရာရခဲ့တာကို မသိချင်ယောင် ဆောင်ပြီး ခုမှ ဘာလို့ထအော်ချင်ရတာလဲ။ တာဝန်ရှိသူတွေရဲ့ မပြတ်သားမှုကြောင့် တပ်မတော် သားတွေဟာ ထိခိုက်ကျဆုံးမှုတွေများခဲ့ပြီး မလောက်လေးမလောက်စား ကေအိုင်အေကို မယှဉ်နိုင် သလိုလို ဂုဏ်သိက္ခာကျခဲ့ရတယ်။ ကေအိုင်အေကိုလည်း လူမိုက်အားပေးလုပ်ရာ
ကျခဲ့တယ်ဆိုတာ နားလည်သင့်ပါတယ်။တကယ်တမ်းပြောရရင်တပ်မတော်ဆိုတာ နိုင်ငံရဲ့
တစ်ခုတည်းသော လက်ရုံး ဖြစ်တယ်။ တပ်မတော်အနေနဲ့စစ်ကိုလိုလားပြီး ကေအိုင်အေကို သွားတိုက်နေတာမဟုတ်ဘူး။ နိုင်ငံတော်အတွက် အသက်သွေးချွေးပေးပြီး တိုက်ပွဲဝင်နေရတာပါ။


    နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်တဲ့နေရာမှာ စစ်ဘေးစစ်ဒဏ်ဆိုတာတော့ရှိမှာပဲ။ တပ်မတော် အနေနဲ့ ကချင်ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တာမရှိဘူး။ သတ္တိမရှိတဲ့ ကေအိုင်အေကသာ ပြောက်ကျားစစ် အမည်ခံပြီး ကချင်ပြည်သူတွေကို လူသားဒိုင်းလို အကာအကွယ်ယူတိုက်ခိုက်နေလို့ ကချင်ပြည်သူတွေ ဒုက္ခခံနေရတာ။ ဒီ ကေအိုင်အေ ဆိုတာလည်း ကချင်လူထုကို ကိုယ်စားမပြုပါဘူး။ ခုချိန်ထိ ကချင်လူထု ကချင်ပြည်နယ်ကောင်းစားရေး ဘာမှမလုပ်ပေးခဲ့ပါဘူး။ သူတို့အာဏာနဲ့ စည်းစိမ်ခိုင်မြဲရေးအတွက် ကချင်ပြည်သူတွေကို ဝါဒမှိုင်းတွေအမှောင်ချပြီး အဖျက်အမှောင့်တွေ လုပ်နေတာ။ သူတို့ဘာတတ်လဲ။ ဖေါက်ခွဲဖျက်ဆီးမှုပေါင်း ၁၀၀ ကျော်သွားပြီ၊ ရထားလမ်းမိုင်းခွဲတာ အကြိမ် ၅၀ ကျော်သွားပြီ၊ မြို့ရွာတွေဝင်ပြီးပစ်ခတ်မယ်။ သူတို့ဒါပဲတတ်တာ။ အင်အားနဲ့ တစ်ဖက်သတ် အနိုင်ကျင့်တာ မကြိုက်ဘူးဆိုရင် လူ ၄/၅/၁၀ ယောက်ရှိတဲ့ ကာမိုင်းရဲစခန်းကို ကေအိုင်အေက လူ ၄၀/၅၀ နဲ့ တိုက်ပြီး မဆိုင်တဲ့သူတွေ သတ်ပစ်တာမျိုးလည်းမလုပ်နဲ့လေ။
  
ကေအိုင်အေဟာ တိုင်းရင်းသားတွေကို အဓမ္မလူသစ်စုတယ်။ မသိနားမလည်တဲ့ ဒီလူတွေနဲ့ တပ်မတော်ကို အသေခံပြန်တိုက်ခိုင်းတယ်။ ကေအိုင်အေခေါင်းဆောင်နဲ့ မိသားစုတွေကတော့ နယ်စပ် မျဉ်းနဲ့ တစ်ဖက်နိုင်ငံမှာ လုံလုံခြုံခြုံနေပြီး လောကီကာမဘုံတွေခံစား နေကြတယ်။ ဒါတွေကို သိတဲ့ ငယ်သားတွေလည်း ထွက်ပြေးကြ၊ အလင်းဝင်ကြနဲ့ ကေအိုင်အေဟာ မကြာခင်ပြိုကွဲတော့မှာပါ။   

ကချင်ပြည်နယ်ဆိုပြီး ကချင်လူမျိုးတွေချည်းပဲ ရှိတယ်မထင်နဲ့ဦး။ ကချင်လူမျိုးစုတွေထဲမှာတင်
ကေအိုင်အေခေါင်းဆောင်ပိုင်းမှာပါတဲ့ လူမျိုးစုတွေက ကျန်ကချင်လူမျိုးစုတွေကို အနိုင်ကျင့်သေးတယ်။ ရှမ်းလူမျိုးတွေကိုလည်း အနိုင်ကျင့်တယ်။ ရှမ်းတွေကို လူသစ်စုတယ်၊ ရှမ်းမိန်းမပျိုလေးတွေကို သူနာပြု အလုပ်နဲ့ သူတို့ခြေတော်တင်ဖို့ ခိုင်းစေခံရလို့ ရှမ်းလူမျိုးတွေကလည်း နာကြည်းနေကြတယ်။ အမှန်က ရှမ်းလူမျိုးတွေက ကချင်ပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ရှိတယ်။ သူတို့မှာသာ လက်နက်ရှိရင် ကေအိုင်အေကို ချေမှုန်းပစ်တာကြာပြီလို့ ရှမ်းတွေကပြောကြတယ်။ ကေအိုင်အေက  ကချင်လူထုကို “ဗမာမုန်းတီးရေးမှိုင်းတိုက်ထားတာ” မကြာခင်မှာ သူတို့ဝဋ်လည်မှာပါ။ ကေအိုင်အေနဲ့ ပူးပေါင်းနေတဲ့ ABSDF ကလည်း အရင်က ကေအိုင်အေနယ်မြေမှာ အနှိမ်ခံပါ။ ခုလို တပ်မတော်က ထိုးစစ်အဟုန်တွေ မြှင့်လာတဲ့အခါကျမှာသာ ကေအိုင်အေက သူတို့နဲ့အတူ သေပွဲဝင်ဖို့ နေရာပေးခံရတာပါ။


ဒီလိုကချင်လူထုကို ကိုယ်စားမပြု၊ ကချင်ပြည်နယ်ငြိမ်းချမ်းရေးကို ဖျက်ဆီး၊ ရွှေလက်နဲ့ခေါ် လည်းမလာ၊ ငွေလက်နဲ့ခေါ်လည်းမလာတဲ့ ကေအိုင်အေကို လိမ္မာအပိုးကျိုးသွားအောင် အစိုးရ ကိုယ်စား တပ်မတော်က ခပ်ဆတ်ဆတ်လေး ဆုံးမရမယ့်အချိန်ပါ။ နိုင်ငံရေးလုပ်စားသူတွေအနေနဲ့ မကျွမ်းကျင်ရင်
ဝင်မပါတာအကောင်းဆုံးပါ။ စစ်ပွဲကို ဖိအားပေးအနိုင်ကျင့်တိုက်ခိုက်တာ မကြိုက်ဘူး ဆိုတဲ့ အိတ်တီအိတ်မြအေးတို့ကို နှစ်သစ်ကူးစကားတစ်ခွန်းတော့ လက်ဆောင်ပေးလိုက်ချင်ပါတယ်။

“နောင်ဘ၀မှာ မင်းတို့ဦးစီးချုပ်ဖြစ်မှပဲ သေနတ်ကိုင်ရန်သူကို ဝါးရင်းတုတ်နဲ့ တက်ရိုက်ခိုင်းပေတော့လို့”

အောင်ဘာလေ

No comments:

Post a Comment

My Blog List