
"ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မိုင်နှုန်းများလျော့ချနိုင်ဖို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ လုပ်ဆောင်နေ ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ အပြီးသတ် လုပ်ဆောင်သွားဖို့ရာ ရှိပါတယ်။ ရထားလမ်းပိုင်း အကြီးစား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဒီနှစ်ပိုင်းလောက်မှ စလုပ်ဖြစ်တာပါ။ နှစ် ၅၀၊ ၆၀ သက်တမ်း ရှိပြီဖြစ်တဲ့ သစ်သား ဇလီဖားတုံးတွေနေရာမှာ ကွန်ကရစ် ဇလီဖားတုံးတွေနဲ့ အစားထိုးနေပါတယ်။ လမ်းမြှောက် ပက်ကင်ရိုက်ဖို့အတွက်ကိုတော့ စက်နဲ့လူအင်အားကို အများဆုံးသုံးရပေမယ့် လူအင်အားကိုတော့ အများဆုံးသုံးရပါတယ်" ဟု တိုင်းအမှတ် (၃) မြို့ပြတိုင်းအင်ဂျင်နီယာမှူးကြီး ဦးမောင်မောင်သန်းက ပြောသည်။
မီးရထားလမ်းပိုင်းများ အကြီးစားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများတွင် လမ်းလွှဲ၊ လမ်းကူးများ ပြုပြင်ခြင်း၊ တာပေါင်များ ပြုပြင်ခြင်း၊ သံလမ်းပြုပြင်ခြင်းနှင့် သံလမ်းဆက်နေရာ ပြုပြင်ခြင်းများလည်း လုပ်ဆောင် လျက်ရှိကြောင်း သိရှိရပါသည်။
Eleven Media Group
No comments:
Post a Comment