Monday, January 07, 2013

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ

Photo: သတင်း+ဓာတ်ပုံ - စွမ်းရဲထွဋ်
Popular Myanmar News Journal
နေပြည်တော်၊ ဇန်န၀ါရီ ၅ နေပြည်တော်သို့ရောက်ရှိနေသော ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ခေါင်းဆောင် များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၆ နာရီ ခန့်က နေပြည်တော် ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင်ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူထူးဆေးဖိုးက "ဒီကိုရောက်လာတာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အတွက် နိုင်ငံတော်သမ္မတနဲ့ လာတွေ့တာပါ။ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပထမအဆင့် အနေနဲ့ အပစ်အခက်ရပ်စဲရေး စတင်ဆောင် ရွက် နေပါတယ်။ဒါပေမယ့်ဒီနေ့အထိ ထိရောက်မှုမရှိသေးဘူး။အပစ်အခက်ရပ်ဆဲရေးကို ပီပြင်တဲ့အထိဆောင် ရွက်သွားမယ်။ ဒီကနေ့ ကချင်မှာဖြစ်နေတာက ငြိမ်းချမ်းရေးဆွေးနွေး မှုမှာအနှောင့်အယှက်မဖြစ်သော်လည်း အဟန့်အတားသဘောမျိုးတော့ဖြစ်တယ်။ ငြိမ်းချမ်းရေးကိစ္စကိုဆက်ပီပြင်လာအောင်KNU ကဆက်ဆောင်ရွက်မယ်။ သမ္မတနဲ့ဆွေးနွေးခဲ့တယ်" ဟု သတင်းထောက်များအားပြောသည်။ ယနေ့ညနေ ၇ နာရီ တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့လုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်းက KNU အဖွဲ့အား ညစာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal

No comments:

Post a Comment

My Blog List