Wednesday, January 09, 2013

ကျောပိုးအိတ်တစ်လုံး ဘီးလင်းမြစ်ထဲမှာ မျောခဲ့တယ် (ဆောင်းပါး)

Photo: ကျောပိုးအိတ်တစ်လုံး ဘီးလင်းမြစ်ထဲမှာ မျောခဲ့တယ် (ဆောင်းပါး)
Tuesday, January 08, 2013 

KNU ဗဟိုသည်လွန်ခဲ့သော ၂၄ နှစ်ကာလကပင်ငြိမ်းချမ်းရေးဖော်ဆောင် ရန်အတွက် မျိုးဆက်သစ်တော်လှန်ရေး   ပြောက်ကျားတပ်ဦး (မတပ)ကိုဖွဲ့စည်းခဲ့  သည်။၎င်းအဖွဲ့ကို KNU  နှင့်ကျောင်းသား   တပ်မတော်ကိုယ်စားပြုသူတွေနဲ့ ဖွဲ့စည်း ခဲ့ပြီး အစိုးရ၏ငြိမ်းချမ်းရေး
ဖိတ်ခေါ်ချက်  ကို အတိအကျသိရှိစေရန် စုံစမ်းတင်ပြဖို့အတွက် ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။    အဲဒီတုန်းက အခြေအနေကို KNU ဗိုလ် မှူးဟောင်း၊မတပ တပ်စုမှူးဟောင်း ဦးစိုးသန်းနိုင်က ယခုလိုရင်ဖွင့်လာပါ တယ်။

၁၉၈၄ခုနှစ်မှာ KNU ဗဟိုက ကျွန်တော့်ကို ဗိုလ်ကြီးအဆင့်နဲ့လျှို့ဝှက်  တာဝန်ပေးပြီး ထောက်လှမ်းရေးအဖွဲ့က တိုက်ရိုက်ကွပ်ကဲပါတယ်။ ကျွန်တော် ဟာ တပ်မဟာ(၁)က ဗိုလ်မှူးကြီးဆယ်ပဲ၊ ဗိုလ်ကြီးသံမဏိ၊
ဗိုလ်ကြီးချစ်ခိုင်၊အ ကွက်မှူးဖေကြည်၊နယ်မြေတာဝန်ခံဗိုလ် ကြီးထွန်းရီတို့နဲ့အတူဆောင်ရွက်ရပါတယ်။     

အဲဒီလိုနဲ့ ၁၉၈၄ မှာ မြန်မာ့တပ်မတော်ထဲဝင်ပြီး စစ်ပညာသင်ဖို့ ၆ဦးရွေးချယ်တော့ ကျွန်တော်  လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါတယ်။   တစ်ဦးနဲ့တစ်ဦးမသိကြပေမဲ့ တပ်သား သစ်သင်တန်းကို တိုင်းဗဟို(၄) ၀ဲဂလိမှာ အတူတူတက်ခဲ့ကြပါတယ်။ သင်တန်းဆင်းတော့ ခလရ(  )မှာ တာဝန်ကျပါတယ်။ ကိုယ်ပိုင်နံပါက…..ပါ။   ကျွန်တော့်ကိုတော့ ကြာအင်းဆိပ်ကြီး   က ခင်လှတစ်ဦးပဲရိပ်မိပေမဲ့ အဆက်အဆံ တော့ မရှိကြပါဘူး။ 

ဒီလိုနဲ့ တပ်မဟာ(၁)ကပြန်ခေါ်တော့ တောထဲပြန် ရောက်ခဲ့ပြန်ပါတယ်။  ၁၉၈၇ခုနှစ်မှာ တိုင်းပြည်မငြိမ်မသက်ဖြစ်တော့ မြေပေါ်နိုင်ငံရေး
ပြန်လုပ်ဖို့၊ခွင့်မဲ့ကိစ္စဖြေရှင်းဖို့၊ အကျဉ်းထောင်အတွင်းစည်းရုံးဖို့ ဆူပူအုံ ကြွမှုတွေလုပ်ဆောင်ဖို့ဆိုတဲ့ညွှန်ကြားချက်တွေကို တိတိကျကျလုပ်ဆောင်ဖို့ အဖမ်းခံတော့ မအူပင်ထောင်မှာကျပါတယ်။ ရဲဘက်က ၀ါးခယ်မမှာပါ။ 

၈၈ အရေးအခင်းကာလမှာလွတ်ပြီး ငွေသောင်ယံ သပိတ်ခေါင်းဆောင်
အဖြစ် ပဲခူး၊ရန်ကုန်ဘားအံနဲ့မော်လမြိုင်သပိတ်စခန်းတွေမှာ  
တောတွင်းလက်နက်ကိုင်လမ်းစဉ်အတွက် စည်းရုံးခြင်း၊ စစ်အာဏာမသိမ်းမီခေါင်း ဆောင်တချို့ကို တောတွင်းသို့ပို့ပေးခြင်း
တွေပြုလုပ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းတော့ ပါနိုင်သမျှ
အင်အားကိုခေါ်ပြီး  KNU မဲလထစခန်းကို ပြန်ခဲ့ပါတယ်။

၈၈အရေးအခင်းကာလ တောခိုလာတဲ့ကျောင်းသားတွေအပါအ၀င်  သပိတ်    တပ်ပေါင်းစုတော်လှန်ရေးသမားတွေကို ABSDF မဖွဲ့စည်းခင် KNU အဖွဲ့က  လူ သားချင်းစာနာစွာ ကျွေးမွေးစောင့်ရှောက်  ပြီး တော်လှန်ရေးအတွက် တတ်နိုင်သမျှ  ဆောင်ရွက်ပေးခဲ့ပါတယ်။ 

အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု(မဒတ)ကို တိုင်း ရင်းသား
လက်နက်ကိုင်အဖွဲ့များဖြင့်ပူး ပေါင်းဖွဲ့စည်းခဲ့သလို မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများဒီမိုကရက်တစ်တပ် ဦးကို ဖွဲ့စည်းပြီး စစ်သင်တန်းပေးခြင်း၊ မဟာမိတ်အဖွဲ့အဖြစ် အသိအမှတ်ပြုပြီး   ကိုယ်ပိုင်ရပ်တည်ခွင့်၊ကိုယ်ပိုင်အုပ်ချုပ် ခွင့်များကို လွတ်လပ်စွာ
ပေးခဲ့ပြီး ကျောင်းသားတပ်မတော်ရဲ့စစ်ရေး။အုပ် ချုပ်ရေးကိစ္စရပ်တွေကို
ဝင်ရောက်စွက် ဖက်ခြင်းမရှိဘဲ လက်နက်ခဲယမ်းတွေ လည်း တပ်ဆင်ပေးခဲ့ပါတယ်။ 

ဗိုလ်ချုပ်မြကတော့ ကျွန်တော့်ကိုကျောင်းသား ခေါင်းဆောင်တစ်ဦး
အနေနဲ့နေဖို့ညွှန်ကြား   ထားသလို ထောက်လှမ်းရေးနဲ့စည်းရုံးရေး
တာဝန်ယူထားရတဲ့ ကျွန်တော့်ကိုကြိုတင်ပြီး အင်အားထုတ်နုတ်
ထားရန်လည်း   ညွှန်ကြားထားပါတယ်။

၁၉၈၈ခုနှစ် စက်တင်ဘာမှာ ဗိုလ် ချုပ်မြဦးစီးတဲ့ခေါင်းဆောင်တွေ၊တောခို
ကျောင်းသာခေါင်းဆောင်တွေ မဲလထ  ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ သတင်း စာရှင်းလင်းပွဲလုပ်ကြပါတယ်။ အဲဒီသတင်း   စာရှင်းလင်းပွဲကို တက်သူတွေကတော့ KNU ကဗိုလ်ချုပ်မြနဲ့အဖွဲ့၊ ABSDF ကို   စတင်ဖွဲ့စည်း
တဲ့ကျောင်းသားခေါင်းဆောင်  ကျော်သူရိန်ရဲ့တောင်စွန်းအဖွဲ့၊ ဆရာ မျိုးသန့်ရဲ့ဘီးလင်းအဖွဲ့၊ရန်ကြီးအောင်ရဲ့ ဘားအံအဖွဲ့၊ဒေါ်နုနုအေး
လေတပ်ဦးစီး သည့် ရန်ကုန်အဖွဲ့၊မောင်မောင်တိပ်နဲ့ အရှုပ်တို့ဦးစီး
တဲ့ပဲခူးအဖွဲ့၊ဦးလှဝင်းရဲ့ဘုရား ကြီးအဖွဲ့၊ဦးစိုးညွှန့်(ဘီးလင်း)၊
ဒေါက်တာ မြင့်ချို(ဘားအံ)၊ဦးခင်မောင်ဝင်း(မန္တလေး)၊ သစ်ဘော်ဘိုး
ကျောင်းသားခေါင်းဆောင်  မောင်မောင်ကျော်၊ကျော်မျိုးမင်း၊ဒီမိုကရေ စီဦးသိန်းဆန်းနဲ့သထုံအဖွဲ့၊မဒတက ဗိုလ်   မှူးကြီးဂျင်မီ KIA  ၊ဗိုလ်မှူးကြီး
တူးဂျာ KIA ၊ဗိုလ်မှူးကြီးကနဲမီ KNU ၊ဗိုလ်မှူး  သောမတ် KNU ၊
ဗိုလ်မှူးရောဂျာခင် KNU၊အမေရိကန်စစ်တပ်က ဗိုလ်မှူးကြီး ဘလူးနဲ့
လွှတ်တော်အမတ် မစ္စစတင်းတို့ တက်ရောက်ကြပါတယ်။ 

အဲဒီသတင်းစာ  ရှင်းလင်းပွဲနေ့မှာပဲ ဗိုလ်ချုပ်မြက ကျွန်တော်နဲ့အေးနိုင်
(RIT)ကိုခေါ်ပြီး KNU နဲ့ကျောင်းသားတပ်မတော်ပူးပေါင်း စစ်ဆင်ရေး
ကိုယ်စားပြုမျိုးဆက်သစ် တော်လှန်ရေးပြောက်ကျားတပ်ဦး(မတပ) ကိုဖွဲ့စည်းပေးခဲ့ပါတယ်။ အရင်ကတည်း က ကြိုတင်ထုတ်နုတ်အင်အား
ဖြစ်တဲ့ ဗိုလ်မှူးစိုးသန်းနိုင်(တပ်စုမှူး/ဆေးမှူး)၊ ဗိုလ်ကြီးအေးနိုင်
(နိုင်ငံရေး)၊ဗိုလ်ကြီး စောတင့်နိုင်(ထောက်လှမ်းရေး)၊ဗိုလ်ကြီး    ခွန်သိန်းနိုင်(စစ်ဆင်ရေး)၊အရာခံဗိုလ် စောမြသိန်း(ဖောက်ခွဲရေး)၊
တပ်ကြပ်ကြီး   မောင်မောင်စိုး၊တပ်သား ညွှန့်ဝေ၊တပ်သား မျိုးညွှန့်၊ KNU ဖောက်ခွဲရေးတာဝန်ခံ အရာခံဗိုလ်အောင်ထွေးနဲ့တပ်ကြပ်
ဖားလူးကျော်တို့ပါဝင်ပါတယ်။

ကျွန်တော်တို့အဖွဲ့ကို စစ်အစိုးရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အတိအကျ   သိရှိဖို့နဲ့ဆက်သွယ်ဆွေးနွေးပြီး ပြန်လည်  သတင်းပို့ဖို့စေလွှတ်ခဲ့တာကြောင့် ဗဟို  ကလူကြီးတွေလျှို့ဝှက်စွာပေးလိုက်တဲ့ ငြိမ်းချမ်းရေးအတွက် စာရွက်စာတမ်းတွေ    စစ်ဆင်ရေးမြေပုံတွေနဲ့ကျွန်တော်တို့ခရီး   ထွက်ခဲ့ပါတယ်။ဖြစ်ချင်တော့ နိုဝင်ဘာလ ထဲမှာ မုန်တိုင်းက ထိုင်းနိုင်ငံကိုဝင်တိုက် တော့ တောင်ကျရေတွေက ဘီလင်းမြစ် ထဲကို အရှိန်အဟုန်နဲ့စီးဝင်ပါတယ်။ အဲဒီ လို ရေစီးသန်နေတဲ့မြစ်ကို ဗိုလ်ကြီးစော တင့်နိုင်က ကြိုးခွေကိုလွယ်ပြီး တစ်ဖက် ကမ်းရောက်အောင် လက်ပစ်ကူးပါတယ်။ ကမ်းကိုရောက်တော့ သစ်ပင်မှာကြိုးချည်ပြီး ကျွန်တော်တို့ဖြတ်ကူးကြပါတယ်။ စာရွက်စာတမ်းတွေနဲ့အတူ
နောက်ဆုံးက ဖြတ်ကူးရမယ့် ဗိုလ်ကြီးခွန်သိန်းနိုင်အလှည့် ကျတော့ ကြိုးပြတ်သွားပြီး စာရွက်စာ တမ်းတွေပါတဲ့ ကျောပိုးအိတ်ကိုဖြုတ်ချ ပြီးအလွတ်ကူးလာခဲ့ရပါတယ်။

ကျွန်တော် တို့တပ်စုရဲ့တာဝန်မကျေပွန်မှုကြောင့် ဗိုလ်ချုပ်မြနဲ့ ဗဟိုလူကြီးတချို့လျှို့ဝှက် လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း   စဉ်တွေလည်း ဘီးလင်းမြစ်အတွင်းမှာ မျှောပါသွားခဲ့ရတာ ၂၄နှစ်ရှိခဲ့ပါပြီ။
အဲဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့လည်း သဘောထားကွဲလွဲခဲ့ကြပြီး အရာခံဗိုလ် စောမြတ်သိန်းတို့အဖွဲ့ ဗဟိုသို့ပြန်တက်ရန် လမ်းခွဲခဲ့ကြသည်။ 

ကျွန်တော်တို့က တော့ ဘီလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ က ဦးလေးချစ်သန်းရဲ့အကူအညီနဲ့ ခလရ (၉၆)စစ်ကြောင်း ၂ရှိရာ 
ဘီလင်း သကြားစက် တပ်စခန်းတာဝန်ခံ ဗိုလ်ကြီး   အောင်သန်းထံမှာ (၂၉.၁၁.၈၈)ရက်က  ၃၈ဘို့ ခြောက်လုံးပြူးတစ်လက်၊ M-21 တစ်လက်၊ M-16 နှစ်လက်၊ BA62 တစ်လက်၊ BA တစ်လက်၊73 တစ်ချက်    ပစ်လောင်ချာ ခြောက်လုံးတို့နဲ့ဦးလေးအိမ် မှာ အလင်းဝင်ခဲ့ပါတယ်။

တောတွင်းပြန် သွားတဲ့ရဲဘော်တွေ အန္တရာယ်မရှိအောင် ခလရ(၉၆)
တပ်ရင်းမှူးနဲ့အမှတ်(၆၆၃)ဗျူ  ဟာမှူးတို့ကို ကျွန်တော်တို့ (၄)ရက်
အတွင်း အစစ်မမှာ အစစ်ဆေးခံရပါတယ်။ ထောက်လှမ်းရေး
တွေရဲ့သွေးနထင်ရောက် နေတဲ့ လေသံတွေကို မကျေနပ်တာ
တစ်ကြောင်း၊ကျွန်တော်တို့ပြောတာ စိတ်မ၀င်စားတာတစ်ကြောင်းကြောင့် ကျွန်တော် တို့ဟာ မသိနားမလည်လို့ တောတွင်း ရောက်ခဲ့တဲ့
ကျောင်းသားလူငယ်တွေပြန် လာခြင်း ခေါင်းစဉ်အောက်မှာပဲ ဦးကျော်ဆန်းခေါင်းဆောင်တဲ့အမှတ်စဉ်(၂)သတင်းစာရှင်းလင်းပွဲကို ကုန်းမြင့် သာမှာပြုလုပ်ခဲ့ရပါတယ်။

အဲဒါကြောင့်  ဗိုလ်ချုပ်မြ လျှို့ဝှက်ကြိုးပမ်းခဲ့တဲ့ငြိမ်းချမ်းရေးလမ်းစ
ပျောက်ခဲ့ရပါတယ်။အလင်းဝင်ပြီး နောက်မှာတော့ မှတ်ပုံတင်
မထုတ်ပေးခြင်း၊သွားလေရာ သတင်းပို့ပြီးမှသွားရခြင်း အချိန်မရွေးခေါ်  သည့်အခါရှိနေရခြင်း၊မိုင်းတစ်လံးကွဲရင်  တစ်ခါခေါ်စစ်ခံရခြင်းစတဲ့ သုံ့ပန်းဆန် ဆန်နေခဲ့ရပါတယ်။ 

ယခုအချိန်ထိ နိုင်ငံသားတစ်ဦးကဲ့သို့တန်းတူညီတူအခွင့်အရေးတွေ ဥပဒေရဲ့အကာအကွယ်တွေမရပါ ဘူး။ တစ်ချိန်တုန်း က  တောထဲမှာ ကျွန်တော်တို့ပဲ  ကျွေးမွေးပြီးလက်နက်ခဲယမ်း တောင် ထောက်ပံ့ပေးခဲ့ရတဲ့သူတွေဟာ  ပြည်တော်ပြန်တော့ ကျေးဇူးတရားကင်းမဲ့စွာ ပုတ်ခတ်ပြောဆို
နေသလို တချို့ကလည်း ငြိမ်းချမ်းရေးစကားသံတွေကိုပြော ကြားနေကြ
ပါတယ်။ ဒါ့အပြင် အခြေ အမြစ်မရှိဘဲ ရိုက်ကူးနေတဲ့ ဗီဒီယိုဇာတ် ကားတွေမှာ KNU မကောင်းကြောင်းတွေချည်း ကြည့်နေရတော့ သဘာဝကို အံတုပြီး ဘီးလင်းမြစ်ကိုဖြတ်ကူးခဲ့လို့ ငြိမ်းချမ်းရေး အတွက်လုပ်ဆောင်မယ့် စာရွက်စာတမ်း တွေမြစ်ရေနဲ့အတူမျောပါခဲ့တာကိုပဲ ရင်နာလို့မဆုံး
ဖြစ်နေမိပါတော့တယ်။


ဘုန်းစစ်
ွှThe Hot NewsKNUဗဟိုသည်လွန်ခဲ့သော၂၄နှစ်ကာလကပင်ငြိမ်း ချမ်းရေးဖော်ဆောင် ရန် အတွက် မျိုးဆက် သစ်တော်လှန်ရေးပြောက်ကျားတပ်ဦး (မတပ) ကို ဖွဲ့စည်းခဲ့ သည်။၎င်းအဖွဲ့ကို KNU နှင့်ကျောင်းသား တပ်မတော် ကိုယ်စားပြုသူတွေနဲ့ဖွဲ့စည်းခဲ့ပြီး အစိုးရ ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် ကို အတိအကျ သိရှိစေရန် စုံစမ်းတင်ပြဖို့အတွက် ဖွဲ့စည်းခဲ့ခြင်း လည်းဖြစ်သည်။ အဲဒီတုန်းက အခြေအနေကို KNU ဗိုလ်မှူးဟောင်း၊ မတပတပ်စုမှူးဟောင်း ဦးစိုးသန်းနိုင် က ယခုလိုရင်ဖွင့်လာပါ တယ်။
၁၉၈၄ခုနှစ်မှာ KNU ဗဟိုက ကျွန်တော့်ကို ဗိုလ်ကြီးအဆင့်နဲ့ လျှို့ဝှက်တာဝန်ပေး ပြီး ထောက်လှမ်းရေးအဖွဲ့က တိုက်ရိုက်ကွပ်ကဲပါတယ်။ ကျွန်တော် ဟာ တပ်မဟာ(၁)က ဗိုလ်မှူးကြီးဆယ်ပဲ၊ ဗိုလ်ကြီးသံမဏိ၊ဗိုလ်ကြီးချစ်ခိုင်၊အ ကွက်မှူးဖေကြည်၊ နယ်မြေ တာဝန်ခံ ဗိုလ်ကြီးထွန်းရီတို့နဲ့အတူဆောင်ရွက်ရပါတယ်။ အဲဒီလိုနဲ့ ၁၉၈၄ မှာ မြန်မာ့တပ်မတော်ထဲဝင်ပြီး စစ်ပညာသင်ဖို့ ၆ဦးရွေးချယ်တော့ ကျွန်တော် လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦးမသိကြပေမဲ့ တပ်သား သစ်သင်တန်းကို တိုင်းဗဟို(၄) ၀ဲဂလိမှာ အတူတူတက်ခဲ့ကြပါတယ်။ သင်တန်းဆင်းတော့ ခလရ( )မှာ တာဝန်ကျပါတယ်။ ကိုယ်ပိုင် နံပါက…..ပါ။ ကျွန်တော့်ကိုတော့ ကြာအင်းဆိပ်ကြီး က ခင်လှတစ်ဦးပဲရိပ်မိပေမဲ့ အဆက် အဆံ တော့ မရှိကြပါဘူး။

ဒီလိုနဲ့ တပ်မဟာ(၁)ကပြန်ခေါ်တော့ တောထဲပြန် ရောက်ခဲ့ပြန်ပါတယ်။ ၁၉၈၇ခုနှစ်မှာ တိုင်းပြည် မငြိမ်မသက်ဖြစ်တော့မြေပေါ်နိုင်ငံရေးပြန်လုပ်ဖို့၊ခွင့်မဲ့ကိစ္စဖြေရှင်းဖို့၊ အကျဉ်းထောင်အတွင်း စည်းရုံးဖို့ ဆူပူအုံ ကြွမှုတွေလုပ်ဆောင်ဖို့ဆိုတဲ့ညွှန်ကြားချက်တွေကို တိတိကျကျလုပ်ဆောင်ဖို့ အဖမ်း ခံတော့ မအူပင်ထောင်မှာကျပါတယ်။ ရဲဘက်က ၀ါးခယ်မမှာပါ။ ၈၈ အရေးအခင်းကာလ မှာလွတ်ပြီး ငွေသောင်ယံ သပိတ်ခေါင်းဆောင်အဖြစ် ပဲခူး၊ရန်ကုန်ဘားအံနဲ့မော်လမြိုင် သပိတ် စခန်းတွေမှာ တောတွင်း လက်နက်ကိုင်လမ်းစဉ်အတွက် စည်းရုံးခြင်း၊ စစ်အာဏာမသိမ်း မီခေါင်း ဆောင် တချို့ကို တောတွင်း သို့ပို့ပေးခြင်းတွေပြုလုပ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းတော့ ပါနိုင်သမျှ အင်အား ကိုခေါ်ပြီး KNU မဲလထစခန်းကို ပြန်ခဲ့ပါတယ်။
၈၈အရေးအခင်းကာလ တောခိုလာတဲ့ကျောင်းသားတွေအပါအ၀င် သပိတ် တပ်ပေါင်းစုတော်လှန်ရေး သမားတွေကို ABSDF မဖွဲ့စည်းခင် KNU အဖွဲ့က လူ သားချင်းစာနာစွာ ကျွေးမွေးစောင့်ရှောက် ပြီး တော်လှန်ရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု(မဒတ)ကို တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ပူး ပေါင်းဖွဲ့စည်းခဲ့သလို မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများဒီမိုကရက်တစ်တပ် ဦးကို ဖွဲ့စည်းပြီး စစ်သင်တန်းပေးခြင်း၊ မဟာမိတ်အဖွဲ့အဖြစ် အသိအမှတ်ပြုပြီး ကိုယ်ပိုင်ရပ်တည်ခွင့်၊ကိုယ်ပိုင်အုပ်ချုပ် ခွင့်များကို လွတ်လပ်စွာပေးခဲ့ပြီး ကျောင်းသားတပ်မတော်ရဲ့စစ်ရေး။အုပ် ချုပ်ရေးကိစ္စရပ်တွေကိုဝင်ရောက် စွက် ဖက်ခြင်းမရှိဘဲ လက်နက်ခဲယမ်းတွေ လည်း တပ်ဆင်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်မြကတော့ကျွန်တော့်ကိုကျောင်းသားခေါင်းဆောင်တစ်ဦးအနေနဲ့နေဖို့ညွှန်ကြားထားသလို ထောက်လှမ်းရေး နဲ့စည်းရုံးရေးတာဝန်ယူထားရတဲ့ ကျွန်တော့်ကိုကြိုတင်ပြီး အင်အားထုတ်နုတ်ထားရန်လည်း ညွှန်ကြား ထားပါတယ်။

၁၉၈၈ခုနှစ် စက်တင်ဘာမှာ ဗိုလ် ချုပ်မြဦးစီးတဲ့ခေါင်းဆောင်တွေ၊တောခိုကျောင်းသာခေါင်းဆောင်တွေ မဲလထ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ သတင်း စာရှင်းလင်းပွဲလုပ်ကြပါတယ်။ အဲဒီသတင်း စာရှင်း လင်းပွဲကိုတက်သူတွေကတော့KNUကဗိုလ်ချုပ်မြနဲ့အဖွဲ့၊ABSDFကိုစတင်ဖွဲ့စည်းတဲ့ကျောင်းသားခေါင်းဆောင် ကျော်သူရိန်ရဲ့တောင်စွန်းအဖွဲ့၊ ဆရာ မျိုးသန့်ရဲ့ဘီးလင်းအဖွဲ့၊ရန်ကြီးအောင်ရဲ့ ဘားအံအဖွဲ့၊ဒေါ်နုနုအေးလေတပ်ဦးစီး သည့် ရန်ကုန်အဖွဲ့၊မောင်မောင်တိပ်နဲ့ အရှုပ်တို့ဦးစီးတဲ့ပဲခူးအဖွဲ့၊ဦးလှဝင်းရဲ့ဘုရား ကြီးအဖွဲ့၊ဦးစိုးညွှန့်(ဘီးလင်း)၊
ဒေါက်တာမြင့်ချို(ဘားအံ)၊ဦးခင်မောင်ဝင်း(မန္တလေး)၊သစ်ဘော်ဘိုးကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်၊ကျော်မျိုးမင်း၊ဒီမိုကရေ စီဦးသိန်းဆန်းနဲ့သထုံအဖွဲ့၊မဒတက ဗိုလ် မှူးကြီးဂျင်မီ KIA ၊ဗိုလ်မှူးကြီးတူးဂျာ KIA ၊ဗိုလ်မှူးကြီးကနဲမီ KNU ၊ဗိုလ်မှူး သောမတ် KNU ၊ဗိုလ်မှူးရောဂျာခင် KNU၊အမေရိကန်စစ်တပ်က ဗိုလ်မှူးကြီး ဘလူးနဲ့
လွှတ်တော်အမတ် မစ္စစတင်းတို့ တက်ရောက်ကြပါတယ်။

အဲဒီသတင်းစာ ရှင်းလင်းပွဲနေ့မှာပဲ ဗိုလ်ချုပ်မြက ကျွန်တော်နဲ့အေးနိုင်(RIT)ကိုခေါ်ပြီး KNU နဲ့ကျောင်းသားတပ်မတော်ပူးပေါင်းစစ်ဆင်ရေးကိုယ်စားပြုမျိုးဆက်သစ် တော်လှန်ရေးပြောက်ကျားတပ်ဦး(မတပ) ကိုဖွဲ့စည်းပေးခဲ့ပါတယ်။ အရင်ကတည်း က ကြိုတင်ထုတ်နုတ်အင်အားဖြစ်တဲ့ ဗိုလ်မှူးစိုးသန်းနိုင် (တပ်စုမှူး/ဆေးမှူး)၊ဗိုလ်ကြီးအေးနိုင်(နိုင်ငံရေး)၊ဗိုလ်ကြီး စောတင့်နိုင်(ထောက်လှမ်းရေး)၊ဗိုလ်ကြီး ခွန်သိန်းနိုင်(စစ်ဆင်ရေး)၊အရာခံဗိုလ် စောမြသိန်း(ဖောက်ခွဲရေး)၊တပ်ကြပ်ကြီး မောင်မောင်စိုး၊တပ်သား ညွှန့်ဝေ၊တပ်သား မျိုးညွှန့်၊ KNU ဖောက်ခွဲရေးတာဝန်ခံ အရာခံဗိုလ်အောင်ထွေးနဲ့တပ်ကြပ်ဖားလူးကျော်တို့ပါဝင်ပါတယ်။

ကျွန်တော်တို့အဖွဲ့ကို စစ်အစိုးရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အတိအကျ သိရှိဖို့နဲ့ ဆက်သွယ်ဆွေးနွေး ပြီး ပြန်လည် သတင်းပို့ဖို့စေလွှတ်ခဲ့တာကြောင့် ဗဟို ကလူကြီးတွေလျှို့ဝှက်စွာပေးလိုက်တဲ့ ငြိမ်းချမ်းရေး အတွက် စာရွက်စာတမ်းတွေ စစ်ဆင်ရေးမြေပုံတွေနဲ့ကျွန်တော်တို့ခရီး ထွက်ခဲ့ပါတယ် ။ဖြစ်ချင်တော့ နိုဝင် ဘာလ ထဲမှာ မုန်တိုင်းက ထိုင်းနိုင်ငံကိုဝင်တိုက် တော့ တောင်ကျရေတွေက ဘီလင်းမြစ် ထဲကို အရှိန်အဟုန်နဲ့စီးဝင်ပါတယ်။ အဲဒီ လို ရေစီးသန်နေတဲ့မြစ်ကို ဗိုလ်ကြီးစော တင့်နိုင်က ကြိုးခွေကိုလွယ်ပြီး တစ်ဖက် ကမ်းရောက်အောင် လက်ပစ်ကူးပါတယ်။ ကမ်းကိုရောက်တော့ သစ်ပင်မှာကြိုးချည်ပြီး ကျွန်တော်တို့ဖြတ်ကူးကြပါတယ်။ စာရွက်စာတမ်းတွေနဲ့အတူနောက်ဆုံးက ဖြတ်ကူး ရမယ့် ဗိုလ်ကြီးခွန်သိန်းနိုင်အလှည့် ကျတော့ ကြိုးပြတ်သွားပြီး စာရွက်စာ တမ်းတွေပါတဲ့ ကျောပိုး အိတ်ကိုဖြုတ်ချ ပြီးအလွတ်ကူးလာခဲ့ရပါတယ်။

ကျွန်တော် တို့တပ်စုရဲ့တာဝန်မကျေပွန်မှုကြောင့် ဗိုလ်ချုပ်မြနဲ့ ဗဟိုလူကြီးတချို့လျှို့ဝှက် လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေလည်း ဘီးလင်းမြစ်အတွင်းမှာ မျှောပါသွားခဲ့ရတာ ၂၄နှစ်ရှိခဲ့ပါပြီ။အဲဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့လည်း သဘောထားကွဲလွဲခဲ့ကြပြီး အရာခံဗိုလ် စောမြတ်သိန်းတို့အဖွဲ့ ဗဟိုသို့ပြန်တက် ရန် လမ်းခွဲခဲ့ကြသည်။

ကျွန်တော်တို့က တော့ ဘီလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ က ဦးလေးချစ်သန်းရဲ့အကူအညီနဲ့ ခလရ (၉၆)စစ်ကြောင်း ၂ရှိရာ ဘီလင်း သကြားစက် တပ်စခန်းတာဝန်ခံ ဗိုလ်ကြီး အောင်သန်းထံမှာ (၂၉.၁၁.၈၈)ရက်က ၃၈ဘို့ ခြောက်လုံးပြူးတစ်လက်၊ M-21 တစ်လက်၊ M-16 နှစ်လက်၊ BA62 တစ်လက်၊ BA တစ်လက်၊73 တစ်ချက် ပစ်လောင်ချာ ခြောက်လုံးတို့နဲ့ဦးလေးအိမ် မှာ အလင်းဝင်ခဲ့ပါတယ်။

တောတွင်းပြန် သွားတဲ့ရဲဘော်တွေ အန္တရာယ်မရှိအောင် ခလရ(၉၆)တပ်ရင်းမှူးနဲ့အမှတ်(၆၆၃)ဗျူ ဟာမှူးတို့ကို ကျွန်တော်တို့ (၄)ရက်အတွင်း အစစ်မမှာ အစစ်ဆေးခံရပါတယ်။ ထောက်လှမ်းရေးတွေရဲ့ သွေးနထင်ရောက် နေတဲ့ လေသံတွေကို မကျေနပ်တာတစ်ကြောင်း၊ကျွန်တော်တို့ပြောတာ စိတ်မ၀င် စားတာတစ်ကြောင်းကြောင့် ကျွန်တော် တို့ဟာ မသိနားမလည်လို့ တောတွင်း ရောက်ခဲ့တဲ့ကျောင်းသား လူငယ်တွေပြန်လာခြင်း ခေါင်းစဉ်အောက်မှာပဲ ဦးကျော်ဆန်းခေါင်းဆောင်တဲ့ အမှတ်စဉ်(၂)သတင်း စာရှင်းလင်းပွဲကို ကုန်းမြင့် သာမှာပြုလုပ်ခဲ့ရပါတယ်။

အဲဒါကြောင့်ဗိုလ်ချုပ်မြလျှို့ဝှက်ကြိုးပမ်းခဲ့တဲ့ငြိမ်းချမ်းရေးလမ်းစပျောက်ခဲ့ရပါတယ်။အလင်းဝင်ပြီး နောက်မှာတော့ မှတ်ပုံတင်မထုတ်ပေးခြင်း၊သွားလေရာ သတင်းပို့ပြီးမှသွားရခြင်း အချိန်မရွေးခေါ် သည့်အခါရှိနေရခြင်း၊ မိုင်းတစ်လံးကွဲရင် တစ်ခါခေါ်စစ်ခံရခြင်းစတဲ့ သုံ့ပန်းဆန် ဆန်နေခဲ့ရပါတယ်။

ယခုအချိန်ထိ နိုင်ငံသားတစ်ဦးကဲ့သို့တန်းတူညီတူအခွင့်အရေးတွေ ဥပဒေရဲ့အကာအကွယ်တွေမရပါ ဘူး။ တစ်ချိန်တုန်းကတောထဲမှာကျွန်တော်တို့ပဲ ကျွေးမွေးပြီးလက်နက်ခဲယမ်း တောင် ထောက်ပံ့ပေးခဲ့ရတဲ့သူတွေဟာ ပြည်တော်ပြန်တော့ ကျေးဇူးတရားကင်းမဲ့စွာ ပုတ်ခတ်ပြောဆိုနေသလို တချို့ကလည်း ငြိမ်းချမ်းရေးစကားသံတွေကိုပြော ကြားနေကြပါတယ်။ ဒါ့အပြင် အခြေ အမြစ်မရှိဘဲ ရိုက်ကူးနေတဲ့ ဗီဒီယိုဇာတ် ကားတွေမှာ KNU မကောင်းကြောင်းတွေချည်း ကြည့်နေရတော့ သဘာဝကို အံတုပြီး ဘီးလင်းမြစ်ကိုဖြတ်ကူးခဲ့လို့ ငြိမ်းချမ်းရေး အတွက်လုပ်ဆောင်မယ့် စာရွက်စာတမ်း တွေမြစ်ရေနဲ့အတူမျောပါခဲ့တာကိုပဲ ရင်နာလို့မဆုံးဖြစ်နေမိပါတော့တယ်။
ဘုန်းစစ်
ွှThe Hot News

No comments:

Post a Comment

My Blog List