Monday, January 07, 2013

ဥပဒေအထက်မှ လိုင်စင်မဲ့ကား စီးနင်းနေသည့် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး၏ ပြောကြားချက်များ (ပေးစာ)

တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦးက အောင်သပြေ တိုးဂိတ် ကိစ္စနှင့် ပတ်သတ်ပြီး ဒေသခံများ၊ ကုမဏ္ဍီမှ တာဝန်ရှိသူများ၊ နေပြည်တော်မှ ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ အခွန်ထိန်း ဦးစောအောင်၊နှင့် အခြားတာဝန်ရှိသူများ တက်ရောက်သူ(၂၃) ဦးပါဝင်သည့် တောင်ကြီးမြို့ ၊ ပြည်သူ့ဆောက်လုပ်ရေး ၊ စုစည်းခန်းမတွင် ဇန်န၀ါရီ ( ၃ )ရက်နေ့ ကျင်းပခဲ့သည့် တိုးဂိတ်ညိနှီုင်း အစည်း အဝေးတွင် ပြောဆိုခဲ့သည့် စကားများနှင့် ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားနေသူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ကြားတွင် ဂယက်ရိုက်ခတ် လျက်ရှိကြောင်း သိရှိရသည်။

 တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှုးဦးကောင်းစံဦးကယင်းအစည်းအဝေးတွင်တိုးဂိတ်နှင့်ပတ်သက်ပြီး ပြောကြား ရာတွင်......... " သည်လမ်းဟာ နိုင်ငံတော်ကနေ တည်ဆောက်ထားကြောင်း ၊ သည်လမ်းပေါ်မှာ စည်ပင် က ဘီးခွန်ကောက်တယ်၊ စည်ပင်သာယာနယ်နိမိတ်မှာသွားလာနေသည့်ယာဉ်များအားလုံး ဘီးခွန်ဆောင် ရကြောင်း၊ ကျွန်တော်ဆိုရင်သည်နေ့ပဲ ကျွန်တော့်အမည် ရာဇာ ဆိုပြီး အဲသည်တိုးဂိတ်ရှိသည့် လမ်း ကိုဖြတ်ကြောင်း၊ အသွား ၂၅၀၊ အပြန် ၂၅၀ ပေးရကြောင်း၊ သို့သော်လည်း ကျွန်တော်သည် ..ဌာနဆိုင်ရာ အကြီးအကဲမှန်သော်လည်း နိုင်ငံတော်လမ်းကို ဖြတ်သန်းသည့်အတွက် ပေးရကြောင်း ၊ ကျွန်တော် လစာ ၁လကို တစ်သိန်း လေးသောင်း၊ နိုင်ငံတော် ထောက်ပံ့ကြေး သုံးသောင်း၊ စုစုပေါင်း ၁၇၀၀၀၀ ရရှိပြီး ရရှိသည့်ငွေပေါ်မှာ အခွန်ဆောင်ရကြောင်း ၊ သည်လမ်းပေါ် ဖြတ်သန်းသွားသည့် ကားများ အားလုံးအ ခွန်လွတ်ဆို နည်းနည်းများသွားမည် ထင်ကြောင်း" ပြောဆိုသည်။
 ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှုးက သည်ပြည်နယ်မှာမို့လို့ လိုင်စင်မဲ့ကားတွေ စီးချင်သလို စီးနေလို့ရကြောင်း၊ ကျွန်တော် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး စီးနေသည့် ကားကိုယ်တိုင်က လိုင်စင်မဲ့ ကားဖြစ်နေကြောင်း၊ ကျွန်တော့် တပည့်က တိုးဂိတ်ရောက်ရင် ကျွန်တော် မောင်းမယ် ပြောတော့ ...ကျွန်တော်က ....ဟေ့ကောင် မလုပ်နှင့်.....ငါ့ကားက ..လိုင်စင်မဲ့ကား ဖြစ်နေတော့ မင်းကို .... အမြင် ကတ်ပြီး ...တိုးဂိတ်ကနေ တဆင့် ပြည်သူ့ဆောက်လုပ်ရေးရုံးကို ခရိုင်အုပ်ချုပ်ရေးမှုးကားက လိုင်စင်မဲ့ ကားစီးပြီး..ပိုက်ဆံလည်း တစ်ပြားမှ မပေးသွားဘူးတင်ပြလိုက်ရင် ...ငါအချောင် ပြုတ်နေမှာဖြစ်ကြောင်း၊ .......မင်းပိုက်ဆံပေးလိုက်လို့ ကျွန်တော် ပြောဆိုခဲ့ရကြောင်း ခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ကပြောကြားခဲ့သည်။

 တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ၏ ရှမ်းပြည်နယ်မှာမိုလိုင်စင်မဲ့ကား တွေစီးနေရတာ ခင်ဗျားတို့ ကံကောင်းတယ် ပြောကြားချက်အား အစည်းအဝေးတွင် တက်ရောက်နေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့မှ ကိုမိုးက ပြန်လည်မေးခွန်းထုတ်ရာ...... ခရိုင်အုပ်ချုပ်ရေးမှုး ကိုယ်တိုင် လိုင်စင်မဲ့ ကားစီးနေသည်ဟုသိရကြောင်း ၊ နိုင်ငံတော် ကနေ လိုင်စင်မဲ့ ကားများအားစီးခွင့်ပေးထားသလား.......၊ ကျွန်တော်တို့ ပြည်သူတွေကော စီးပိုင်ခွင့်ရှိလား ဟုမေးခွန်း ထုတ်ခဲ့ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှုး အနေဖြင့် ပြည်သူထဲက ပြည်သူ တစ်ယောက်အနေဖြင့် လိုင်စင်မဲ့ကား အား ဘာကြောင့် စီးနင်းနေတာလည်း မေးမြန်းခဲ့ကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့ က ကိုမိုး ၏ ပြောပြချက်အရ သိရသည်။

 တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ကပြန်လည်ပြောကြားရာတွင် လိုင်စင်မဲ့ကားစီးခွင့် မရ ရှိနိုင်ကြောင်း .နိုင်ငံတော်ကနေ ပေးထားသည့် မာဇဒါ ဂျစ် ပြုပြင်ထားသည့်အတွက် လိုင်စင်မဲ့ကား ၀ယ်စီး ရကြောင်း၊ ပြန်လည်ပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူများနှင့် ရှမ်းပြည်မျိုးဆက်အင်အား စု အဖွဲ့ ၏ပြောပြချက်အရ သိရှိရသည်။ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ၏မှတ်ချက်ပြော စကား နှင့် ပတ်သတ်ပြီး.....တရားဥပဒေစိုးမိုးရေးအားမေးခွန်းထုတ်စရာရှိနေကြောင်း ၊ တရားမ၀င် လိုင်စင်မဲ့ကားကိစ္စ ကို နိုင်ငံတော်ကနေပြီး ထိထိရောက်ရောက် အရေးယူနေသည့်ကာလတွင် လိုင်စင်မဲ့ကားကို ခရိုင် အုပ်ချုပ်ရေးမှုးကိုယ်တိုင် စီးနှင်းနေသည့်အတွက် အံ့သြမိကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့ မှ ကိုညီညီမိုးက ပြောကြားခဲ့သည်။ တောင်ကြီးမြို့ပေါ်တွင် လိုင်စင်မဲ့ကားများ အသွင် အမျိုးမျိုး ၊ နံပတ်ပြား အမျိုးမျိုး ၊ တံဆိပ် အမျိုးမျိုး တပ်ဆင်ပြီး မောင်းနှင်နေမှုအား ထိထိရောက်ရောက် တရားဥပဒေစိုးမိုး စွာ ဖြင့် ကျောသားရင်သား မခွဲခြားပဲ အရေးယူသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ ကဆိုသည်။

 ဂျွန်ချစ်ငြိမ်း( တောင်ကြီး )

1 comment:

  1. တိုးဂိတ်တွေပိတ်သိမ်းသင့်ပါသည်လူပေါ်လူဇော်လုပ်စား
    သောလူလူချင်းလူညွန့်ခူးစားသောလုပ်များမှာဒီမိုကရေစီ
    ခေတ်နှင့်မလျှော်ညီသည့်အတွက်ဖယ်ရှားသင့်ပါသည်။ခရိုင်အုပ်ချုပ်ရေးမှုးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနက
    ညွန်ကြားရေးမှုးနဲလက်ထောက်ညွန်ကြားရေးမှုးတွေဟာ
    စစ်တပ်ကအသွင်ပြောင်းဗိုလ်မှုး၊ဗိုလ်ကြီးနေရာယူထား
    ပြီးငွေရဖို့ပဲအဓိကလုပ်ဆောင်နေတာသမ္မတကြီးကိုယ်
    တိုင်မီးမောင်းထိုးဖော်ထုတ်သွားခဲပါပြီ။ခရိုင်အုပ်ချုပ်ရေး
    မှုးဗိုလ်မှုးဟောင်းကြီးတိုဂိတ်ကိုပေးတာနဲ့နိုင်ငံတော်ကို
    အခွန်ဆောင်မတူတာလဲမသိဘူးအဲဒါကြောင်မို့ကိုယ့်
    လည်ပင်းကိုကြိုးကွင်းစွပ်ပြီးလိုင်စင်မဲ့ကားစီးတယ်လို့
    ဝန်ခံတာပေါ့။ကားတွေကစပြီးတင်သွင်းလာကတည်းက
    နိုင်ငံတော်ကိုအခွန်ပေါင်းမြောက်များစွာပေးဆောင်ရတယ်
    လမ်းပေါ်တက်လုပ်စားမယ်ဆိုရင်လုပ်ငန်းလိုင်စင်ကုန်
    တင်မယ်ဆိုရင်ကုန်တင်မည့်အခွန်ပေးဆောင်ရခရီးသည်
    တင်မယ်ဆိုရင်ခရီးသည်တင်ခွင့်အခွန်ပေးဆောင်ရတယ်။
    ဒီလိုမျိုးအခွန်ပေါ်အခွန်ဆင့်ကောက်ခံလိုအားမရသေး
    လမ်းပေါ်တက်တော့လမ်းအသုံးပြုခကောက်တယ်မြို့ဝင်
    တော့မြို့ဝင်ဘီးခွန်ကားရပ်တော့ရပ်နားခွန်ကုန်ချဖို့အချိန်မ
    မှီလို့ညအိပ်တော့ညအိပ်ခွန်ကုန်ချတော့ဈေးကောက်
    ကောက်တယ်မထသကြေးမော်တော်ပီကယ်ကြေးတဲ့
    အဲဒီလောက်ပေးနေရတာကုန်ဈေးနှုံးဘယ်လိုကျမလဲဗျာ
    ဆောက်လုပ်ရေးဝန်ကြီးဌာနမှာစစ်တပ်အသွင်ပြောင်းတွေ
    နေရာယူထာပြီးသူတို့နှင်ပါတ်သက်သူများကိုလုပ်ပိုင်ခွင့်
    တွေပေးထားတော့ကျောက်ပုံတွေပြမြောင်းလိုင်းတွေတူး
    ပြထားတာနဲ့ပဲပိုက်ဆံတိုးတိုးကောက်နိုင်အောင်ပါဝါပိုပေး
    တယ်ဟန်ပြလမ်းတွေခင်းပြီးတမိုးမခံဘူးပြန်ပျက်တယ်
    ပျက်တော့ကားတွေအပေါ်အပြစ်ပုံချတယ်လမ်းခင်းတဲ့အ
    ပေါ်ခံနိုင်ရည်ဘယ်လောက်ရှိတဲလမ်းကိုခင်းတယ်အရည်
    သွေးမမှီရင်မှီအောင်လုပ်နိုင်တဲ့လုပ်ငန်းရှင်ကိုပြောင်းချပေး
    မယ်ဆိုတာမရှိဘူး(၁၆))နှစ်ကျော်နေပြီလမ်းအရည်သွေး
    တိုးတက်တာမရှိခဲ့ပါဘူးပိုက်ဆံများများကောက်လို့ရမယ့်
    စည်ကမ်းတွေနည်းလမ်းတွေသုံတာပဲတွေ့မြင်ရပါတယ်
    နိုင်ငံတော်သမ္မတကြီးနှင့်တကွလွှတ်တော်ဥက္ကဌကြီးများ
    လွှတ်တော်ကိုယ်စားလှယ်ကြီးများဆောက်လုပ်ရေးဝန်ကြီး
    ဌာနမှလမ်းများပေါ်မှရရှိသောဝင်ငွေများ၊လုပ်ပိုင်ခွင့်ချထါး
    ပေးပုံများ၊လုပ်ငန်းရသောကုမ္ပဏီများစည်းကမ်းချက်နှင့်အ
    ညီလုပ်ငန်းလုပ်မလုပ်ကိုလွှတ်တော်အတွင်းကော်မတီဖွဲ့
    စည်းကာကွင်းဆင်းစစ်ဆေးအရေးယူဆောင်ရွက်သင့်ပါ
    သည်။တိုးဂိတ်များဖျက်သိမ်းမှသာကုန်ဈေးနှုန်းကျဆင်းပြီး
    ပြည်သူလူထုဆင်းရဲသားပပျောက်သွားမည်ဖြစ်ပါသည်

    ReplyDelete

My Blog List