Tuesday, January 08, 2013

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည် Chevron အပါအ၀င် အမေရိကန်ကုမ္ပဏီ ခုနစ်ခုမှ လုပ်ငန်းရှင်များအပြင် ကမ္ဘာ့ဘဏ်မှ တက်ရောက်မည်ဟု သိရ

Photo: အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည် Chevron အပါအ၀င် အမေရိကန်ကုမ္ပဏီ ခုနစ်ခုမှ လုပ်ငန်းရှင်များအပြင် ကမ္ဘာ့ဘဏ်မှ တက်ရောက်မည်ဟု သိရ
Sunday, 06 January 2013

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့်ကို ရန်ကုန်မြို့၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) မှ ထုတ်ပြန်ထားသည်။

အဆိုပါ ကွန်ဖရင့်သို့ ၀ါရှင်တန်ဒီစီအခြေစိုက် အမေရိကန် ကုန်သည်များ
အသင်းမှ အသင်းသားများ၊ အမေရိကန် ကုမ္ပဏီများဖြစ်ကြသည့် Asia Global Xpress, Cargill, Chevron, eBay, EMC, Conocophilips, 
Gibson Dunn & Crutcherlip, Honeywell စသည့် ကုမ္ပဏီကြီး ခုနစ်ခုမှ လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်သည်။

၎င်းအပြင် ကမ္ဘာ့ဘဏ်မှလည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး အစီအစဉ်များ အကူအညီပေးရေးအတွက် ရှင်းလင်းဆွေးနွေးရန် လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ US-Myanmar Trade and Investment Relations: 
The Path Forward ကွန်ဖရင့်ကို ရန်ကုန်မြို့ရှိ UMFCCI ရုံးချုပ်တွင် ကျင်းပမည်ဖြစ်သည်။

အဓိကအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး အကူအညီပေးရေး၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာ တွန်းအားပေးရေး၊ မြန်မာနိုင်ငံ၏ အလားအလာရှိနေသည့် ဘဏ္ဍာရေးကဏ္ဍ၊ အာဆီယံစီးပွားရေး အသိုက်အ၀န်းသို့ အတူတကွ ပါဝင်ဆောင်ရွက်ရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းများ ပါဝင်မည်ဟု သိရသည်။

တက်ရောက်လာမည့် အမေရိကန် ကုမ္ပဏီများတွင် ရေနံနှင့် သဘာဝ
ဓာတ်ငွေ့ကုမ္ပဏီ၊ သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီ၊ စွမ်းအင်ကုမ္ပဏီ၊ စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီ၊ ၀န်ဆောင်မှု ကုမ္ပဏီနှင့် အင်တာနက် မှတစ်ဆင့် ကုန်ပစ္စည်းများ ရောင်းဝယ်မှုတွင် နာမည်ကျော်
သည့် eBay ကုမ္ပဏီကဲ့သို့ ကုမ္ပဏီများ ပါဝင်လာမည်ဖြစ်သည်။

အဆိုပါ ကွန်ဖရင့်သို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတရုံး
ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ဦးဆောင်တက်ရောက်မည် ဖြစ်သည်။

အမေရိကန် ကုန်သည်များအသင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာများ ရေးထိုးမည် ဖြစ်ပြီး အဆိုပါကွန်ဖရင့်သို့ တက်ရောက်
လိုသည့် မြန်မာလုပ်ငန်းရှင်များ ဖေဖော်ဝါရီ ၂၂ ရက်နောက်ဆုံးထား၍ 
UMFCCI သို့ စာရင်း ပေးသွင်းနိုင်သည်။

Eleven Media Groupအမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့်ကို ရန်ကုန်မြို့၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) မှ ထုတ်ပြန်ထားသည်။

အဆိုပါ ကွန်ဖရင့်သို့ ၀ါရှင်တန်ဒီစီအခြေစိုက် အမေရိကန် ကုန်သည်များအသင်းမှ အသင်းသားများ၊ အမေရိကန် ကုမ္ပဏီများဖြစ်ကြသည့် Asia Global Xpress, Cargill, Chevron, eBay, EMC, Conocophilips, Gibson Dunn & Crutcherlip, Honeywell စသည့် ကုမ္ပဏီကြီး ခုနစ်ခုမှ လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်သည်။၎င်းအပြင် ကမ္ဘာ့ဘဏ်မှလည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး အစီအစဉ်များ အကူအညီပေးရေးအတွက် ရှင်းလင်းဆွေးနွေးရန် လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ US-Myanmar Trade and Investment Relations: The Path Forward ကွန်ဖရင့်ကို ရန်ကုန်မြို့ရှိ UMFCCI ရုံးချုပ်တွင် ကျင်းပမည်ဖြစ်သည်။

အဓိကအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး အကူအညီပေးရေး၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာ တွန်းအားပေးရေး၊ မြန်မာနိုင်ငံ၏ အလားအလာရှိနေသည့် ဘဏ္ဍာရေး ကဏ္ဍ၊ အာဆီယံစီးပွားရေး အသိုက်အ၀န်းသို့ အတူတကွ ပါဝင်ဆောင်ရွက်ရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းများ ပါဝင်မည်ဟု သိရသည်။

တက်ရောက်လာမည့် အမေရိကန် ကုမ္ပဏီများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ၊ သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီ၊ စွမ်းအင်ကုမ္ပဏီ၊ စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီ၊ ၀န်ဆောင်မှု ကုမ္ပဏီနှင့် အင်တာနက် မှတစ်ဆင့် ကုန်ပစ္စည်းများ ရောင်းဝယ်မှုတွင် နာမည်ကျော်သည့် eBay ကုမ္ပဏီကဲ့သို့ ကုမ္ပဏီများ ပါဝင်လာမည်ဖြစ်သည်။

အဆိုပါ ကွန်ဖရင့်သို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ဦးဆောင်တက်ရောက်မည် ဖြစ်သည်။ အမေရိကန် ကုန်သည်များအသင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာများ ရေးထိုး မည် ဖြစ်ပြီး အဆိုပါကွန်ဖရင့်သို့ တက်ရောက်လိုသည့် မြန်မာလုပ်ငန်းရှင်များ ဖေဖော်ဝါရီ ၂၂ ရက်နောက်ဆုံး ထား၍ UMFCCI သို့ စာရင်း ပေးသွင်းနိုင်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List