Monday, January 07, 2013

မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်

Photo: မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်
Sunday, 06 January 2013

တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်
လာခဲ့ခြင်းမရှိကြောင်း တရုတ်လေတပ်က သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့်
ကေအုင်အေတို့၏ တိုက်ပွဲများတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့ မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းဖော်ပြချက်
များကို တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်း
ဖြစ်သည်။

ထုတ်ပြန်ချက်အရ ကချင်တွင် ပဋိပက္ခများ စတင်ကတည်းက တရုတ်
ကင်းလှည့်လေယာဉ်များ တရုတ်-မြန်မာနယ်စပ် တစ်လျှောက် ကင်းလှည့်
စောင့်ကြည့်လျက်ရှိပြီး မြန်မာဂျက်လေယာဉ်များသည် နယ်စပ်နှင့် အနီးဆုံး ၅ ကီလိုမီတာအကွာသို့သာချဉ်းကပ်ခဲ့ခြင်းသာရှိသည်ဟု သိရသည်။

ကချင်တိုက်ပွဲများကြောင့် တရုတ်ပိုင်နက်အတွင်းသို့ ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး
ပြောရေးဆိုခွင့်ရှိသူ Hwa Chunying က ဇန်န၀ါရီ ၄ ရက်နေ့က အတည်ပြုပေးခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက်
မြန်မာအစိုးရထံ အကြောင်းကြားသတိပေးထားသည်ဟု သိရသည်။

PN-055
Ref: Xinhua
Popular Myanmar News Journal

တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်းမရှိကြောင်း တရုတ်လေတပ်က သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့်ကေအုင်အေတို့ ၏ တိုက်ပွဲများတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့ မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းဖော်ပြချက်များကို တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
ကင်းလှည့်လေယာဉ်များ တရုတ်-မြန်မာနယ်စပ် တစ်လျှောက် ကင်းလှည့်စောင့်ကြည့်လျက် ရှိပြီး မြန်မာ ဂျက်လေယာဉ်များသည် နယ်စပ်နှင့် အနီးဆုံး ၅ ကီလိုမီတာအကွာသို့သာချဉ်းကပ်ခဲ့ခြင်းသာရှိသည်ဟု သိရသည်။

ကချင်တိုက်ပွဲများကြောင့် တရုတ်ပိုင်နက်အတွင်းသို့ ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးပြောရေးဆိုခွင့်ရှိသူ Hwa Chunying က ဇန်န၀ါရီ ၄ ရက်နေ့က အတည်ပြုပေးခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက်မြန်မာအစိုးရထံ အကြောင်းကြားသတိပေးထားသည်ဟု သိရသည်။


PN-055

Ref: Xinhua

Popular Myanmar News Journal

No comments:

Post a Comment

My Blog List